ငါတို့သည် ကိုအောင်အောင် များသာ

ဒီနေ့ တက္ကစီ စီးတော့
ကားဆရာက သာကေတ အနော်မာ တက္ကစီဂိတ်ကကိုအောင်အောင်တဲ့
သူပလပ်စတစ်ရေဘူးနဲ့ ရေမသောက်ပဲ
ဖန်ပုလင်းနဲ့ရေထဲ့သောက်တာတွေ့လို့ ဓာတ်ပုံရိုက်အင်တာဗျူးမိတယ်လေ…သူကပြောသေးတာ
အမရှေ့ကကားထိုင်ခုံနောက်အိတ်ထဲမှာ တွေ့လားတဲ့ ရေဆေးထားတဲ့ ဗူးအသန့်လေးတွေ..တဲ့..
အဲ့ဒါ ဘာလဲမေးတော့
ခရီးသည်ကွမ်းတံတွေးထွေးဖို့တဲ့…
ပြီးရင် ကျွန်တော် အမှိုက်သိမ်းတယ်..တဲ့
လမ်းပေါ်ထွေးချမှာစိုးလို့ပါတဲ့…တနေ့ကလေ..တဲ့
ဗိုလ်တထောင် အထက ၂ မှာ ၉တန်းတက်နေတဲ့ကျွန်တော့်သားက
စတီးချိုင့် ၃ ချိုင့်ဝယ်လာတယ်တဲ့..
လက်ဖက်ရည်ဝယ်
မုန့်ဟင်းခါးဝယ် ဆန်ပြုတ်ဝယ်..ဘာဝယ်ဝယ်..ယူသွားပြီး..ထဲ့ ဖို့တဲ့…

ပလပ်စတစ်အိတ်တွေနဲ့ထဲ့ပေးတာ မစားရ မသောက်ရဘူနော်တဲ့…
သားက အိမ်မှာ အဓိက လှုပ်ရှားနေတာ အမရေ..တဲ့..
….
ဘာတဲ့ သူ့အမေကို ပြောနေတယ်တဲ့
မေမေ..ဈေးထဲမှာ ကန်ဇွန်းရွက်ဝယ်လို့ ကြွတ်ကြွတ်အိတ်နဲ့ ထဲ့ပေးရင် မယူရဘူးနော် ဆွဲခြင်းထဲ ဒီတိုင်းထဲ့ခဲ့နော်..တဲ့…မောင်နှမတို့ရေ.. ဒီ ပို့စ်လေးနဲ့ ကိုအောင်အောင်တို့ မိသားစုကို ဂုဏ်ပြုလိုက်ကြပါစို့လား….

လူမှုကွန်ရက်အသုံးပြုသူ မစံပယ်အောင်ကရေးသားထားပါတယ်။

ဒီလိုလေးတွေမြင်ရင် မလေးစားပဲ မနေနိုင်😍လို့ todayZကပြန်လည်မျှဝေသင့်အကြောင်းရာမို့ပါ။ စာဖတ်သူတို့ရေ ဂုဏ်ပြုသင့်သူကိုဂုဏ်ပြုတာမင်္ဂလာပဲမို့လား။