တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၂၁အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ရုပ်သံမှတိုက်ရိုက်ပြသမည်

၂၀၁၉ တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၂၁ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုဇန်နဝါရီ၂၃ရက်ညနေ၃နာရီမှစတင်ကာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းဖြစ်သည် MRTVရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၁၉ တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၂၁အမျိုးသားဘောလုံးပြိုင်ပွဲကိုဇန်နဝါရီ၉ရက်မှစတင်ကာအသင်းပေါင်း ၁၅သင်းဖြင့်နေပြည်တော်တွင်ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။နောက်ဆုံးဗိုလ်လုပွဲနှင့်တတိယနေရာလုပွဲကိုဇန်နဝါရီ၂၃ရက်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပမည်ဖြစ်ပြီး တတိယနေရာလုပွဲအဖြစ် နံနက်၇နာရီအချိန်တွင် နေပြည်တော်အသင်းနှင့်မွန်ပြည်နယ်အသင်း၊ဗိုလ်လုပွဲစဉ်အဖြစ်ညနေ ၃နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားမည့် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ပွဲစဉ်ကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းဖြစ်သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTVရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွှင့်ပြသွားမည်ဖြစ်သည်။

Myanmar Love FootBall
photo-လူထု/ပညာ