နာကျင်မှုဝေဒနာကို လျော့သွားအောင် ကူညီပေးနိုင်တဲ့ Mindfulness Training

★ ဒီစာအုပ်လေးကတော့ အနီလေး Siddhartha’s Brain တဲ့ သိဒ္ဓတ္ထမင်းသားရဲ့ ဦးဏှောက်တဲ့။ အင်္ဂလန်က အင်္ဂလန်နိုင်ငံသား သိပ္ပံပညာရှင် New Scientist ဆိုတဲ့ မဂ္ဂဇင်းရယ် နောက်ပြီးတော့ Nature ဆိုတဲ့ နာမည်ကြီး သိပ္ပံပညာမဂ္ဂဇင်းရယ် နောက် The Guardian ဆိုတဲ့ နာမည်ကြီး သတင်းစာရယ် အဲသုံးခုမှာ ၂၅-နှစ် လုံးလုံး သိပ္ပံပညာအကြောင်း သိပ္ပံပညာ အခန်းကဏ္ဍ အယ်ဒီတာ လုပ်ခဲ့တဲ့ သိပ္ပံပညာရှင် ဖြစ်ပါတယ်။

★ သူကနေပြီးတော့ တရားထိုင်ပြီးတော့ သိပ္ပံပညာနဲ့ သိပ္ပံပညာရှင် သူများသုတေသနလုပ်ထားတဲ့ စာတမ်းတွေ အများကြီး ကိုးကားပြီးတော့ ပြောထားတာ။ ၂၀၁၇-ခုနှစ် တစ်နှစ်အတွင်းမှာ သိပ္ပံပညာရှင်တွေက သတိပဋ္ဌာန်ကို သတိပဋ္ဌာန်ကိုရော ဗြဟ္မစိုရ်တရားကိုရော ထေရ၀ါဒထဲမှာရော မဟာရဏထဲမှာရော အဲဒါကို လေ့လာပြီးတော့ ဥရောပမှာ အမေရိကားမှာ အထူးသဖြင့် တက္ကသိုလ်တွေမှာ သုတေသနလုပ်ပြီးတော့ ပုံနှိပ်ထားတဲ့ စာတမ်းတွေ ဆောင်းပါးတွေ ၆၉၀-ကျော်။

★ အဲဒါ Google ထဲမှာ Mindfulness ဆိုတဲ့ စာလုံးလေး ရိုက်ကြည့်ရင် အများကြီးပေါ်လာလိမ့်မယ်။ Mindfulness ဆိုတာ သတိပဋ္ဌာန်။ Mindfulness ဆိုတာ သတိ ကိုပြောတာပေါ့ ပဋ္ဌာန် ဆိုတာ အခြေခံ – Mindfulness Based သတိပဋ္ဌာန် အခြေခံတဲ့ ကရုဏာဆိုတာ Mindfulness Based Compassion – သတိပဋ္ဌာန် အခြေခံတဲ့ ကရုဏာ။

★ အဲတော့ စာမျက်နှာ-၈၃ ကနေ ဘုန်းဘုန်း ဖတ်ပြချင်တယ်။ ကြိုတင်ပြီးတော့ ဘုန်းဘုန်း မစီစဉ်ထားရလို့ ဒါလေး ပရိုဂျက်တာ တပ်ရရင် အရမ်းကောင်းမှာ။ သူက ဦးဏှောက်ပုံစံပါတာ။ အဲဒီ ဦးဏှောက်ပုံ မေတ္တာ ဖြစ်တဲ့အခါမှာ ကရုဏာဖြစ်တဲ့အခါမှာ ဦးဏှောက်ရဲ့ ဘယ်အပိုင်းမှာ active ဖြစ်တယ်။ ဒေါသဖြစ်တဲ့ အချိန်မှာ ဦးဏှောက်ရဲ့ ဘယ်အပိုင်းမှာ active ဖြစ်တယ် အလုပ်လုပ်တယ်။ အဲဒါတွေကို ဖော်ပြထားတာ။

★ ဒီအောက် မှတ်ချက်လေးတစ်ခုပဲ ဘုန်းဘုန်း ဖတ်ပြမယ်။ စာကြောင်း ၇-ကြောင်း ဘုန်ဘုန်းဖတ်ပြမယ်နော်။

A Short course of mindfulness training can help people cope better with chronic pain.

★ Mindfulness Traning ဆိုတာက သတိပဋ္ဌာန် လေးကျင့်မှု၊ သတိပဋ္ဌာန်တရားစခန် အတိုတစ်ခုကတဲ့ လူတွေ နာတာရှည်ခံစားရတဲ့ ဝေဒနာ၊ နာကျင်မှုဝေဒနာ chronic pain အဲ့ နာကျင်မှုဝေဒနာကို လျော့သွားအောင် ကူညီပေးနိုင်တယ်တဲ့။

★ Google ထဲမှာ ဘာလေး ရှာနိုင်တုန်းဆိုတော့ ဒီ အကြောင်းတွေ ရေးထားတဲ့ဟာ Mindfulness Based Stress Reduction (M B S R) သတိပဋ္ဌာန် အခြေခံတဲ့ စိတ်ဖိစီးမှုလျော့ချရေး။ ဒီ program က Massachusetts Institute of Technology (MIT) အမေရိကန်နိုင်ငံမှာ ၁၉၇၆ခုနှစ်လောက်တည်းက စပြီးတော့ အမြဲတမ်း ဝေဒနာရှိနေတဲ့လူ ခါးနာလိုက် တချို့က ခေါင်းကိုက်လိုက် တချို့က ခြေထောက်နာလိုက် အဲဒီလို နာတာရှည် ရောဂါရှိတဲ့ ပုဂ္ဂိုလ်တွေ ဆေးသောက်မယ် ဆိုရင်လည်းပဲ ရေရှည် ဆေးသောက်ရင် Kidney မခံနိုင်ပါဘူး။

★ Side effect တွေ အဲဒီလို ရှိတဲ့အတွက်ကြောင့်မို့လို့ alternative တခြားနည်းလမ်းတွေ ရှာတဲ့အခါမှာ အဲ့ထဲက နည်းလမ်းတစ်ခုကတော့ ဒီ တရားထိုင်တဲ့ နည်းလမ်း ရှာတယ်။ အဲဒါနဲ့ စမ်းကြည့်တဲ့ အခါကျတော့ လူတွေ တော်တော်များများ သူတို့ရဲ့ ဝေဒနာ သူတို့ ခံနိုင်စွမ်း ရှိတယ်။ M B S R – Mindfulness Based Stress Reduction အဲဒီဟာလေးကို ရည်ညွှန်းထားတာ။

Studies have found that increased activity in the orbitofrontal cortex of meditators is associated with decreased unpleasantness of pain, while increased insula and anterior cingulate cortex (ACC) activity is associated with decreased pain intensity.

★ ဦးဏှောက်ရဲ့ နေရာတစ်နေရာအကြောင်း သူတို့ သုတေသန လုပ်ထားတယ်။ တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကို သူတို့ရဲ့ ဦးဏှောက်ထဲမှာ fMRI တို့ EEG တို့ အဲဒီ စက်တွေ တပ်ထားတယ်ထားပြီးတော့ တရားထိုင်တယ်။ တရားထိုင်တဲ့ အခါမှာ ဦးဏှောက်ရဲ့ images တွေ ရုပ်ပုံတွေ အများကြီး ရိုက်ထားတယ်။

★ အဲဒီရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာ ဒီစာအုပ်ရဲ့ (Siddhartha’s Brain: The Science of Meditation, Mindfulness and Enlightenment – James Kingsland) မျက်နှာဖုံးမှာရှိတဲ့ ပုံလေး အဲဒါကို ဆရာဝန်တွေဆိုရင်တော့ ချက်ချင်းသိတယ်။

★ ဒါ ဦးဏှောက်ရဲ့ Alpha ပေါ့ သူရဲ့ အတက်အကျ။ ဥပမာ သောကများတယ် Anxiety များတဲ့သူဆိုရင် စိုးရိမ်တဲ့လူဆိုရင် သူရဲ့ Alpha က ဘယ်လိုသွားတယ်။ စိတ်တည်ငြိမ်တဲ့ပုဂ္ဂိုလ် ပြဿနာ နဲ့ တွေ့တဲ့အခါမှာလည်း ပြသနာကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နိုင်တဲ့ ပုဂ္ဂိုလ် စိတ် မတုန်လှုပ်တဲ့ ပုဂ္ဂိုလ်က သူရဲ့ Alpha က ဘယ်လိုဖြစ်တယ်။

★ တရား အနှစ်-၂၀ လောက် ထိုင်ဖူးတဲ့ပုဂ္ဂိုလ်က သူရဲ့ Alpha က ဘယ်လို တီထွင်တယ်။ နှစ်ပတ်လောက်ပဲ ရှိတဲ့ ပုဂ္ဂိုလ်က ဘယ်လိုအနေအထားမှာ ရှိတယ်။ အဲဒီဟာတွေ အားလုံး studies လုပ်ထားတာ သိပ္ပံပညာရှင်တွေ studies လုပ်ထားတာ။

★ ဒါကြောင့် အားရစရာ ကောင်းတာက မြတ်စွာဘုရား နှစ်ပေါင်း-၂၆၀၀ က ဟောထားတဲ့ တရားကို သိပ္ပံပညာရှင်တွေက စိတ်ဝင်တစား လေ့လာပြီးတော့ အသုံးပြုနိုင်တဲ့နေရာ သူတို့ သက်သေရှာ ရရှိသလောက် သူတို့က အသုံးပြုနေတယ်။ လူတွေဒုက္ခနည်းအောင် လူတွေပြဿနာ နည်းသွားအောင် ကူညီတဲ့အနေနဲ့ အသုံးပြုနေတယ်။ ဒါ အားရစရာကောင်းတယ်။

★ အဲတော့ ဒီထဲမှာ ဘာပြောတုန်းဆိုတော့ orbitofrontal cortex – cortex ဆိုတာ ဒီရှေ့မှာ ဦးဏှောက်အပိုင်းပဲ။ prefrontal cortex ရှေ့မှာရှိတဲ့ ဦးဏှောက် new brain လို့လည်း ခေါ်တယ်။ နောက်မှာ ရှိတဲ့ ဦးဏှောက်ကိုကျ old brain လို့လည်း ခေါ်တယ် Amygdala လို့လည်း ခေါ်တယ်။

★ အဲတော့ တရားထိုင်တဲ့ ပုဂ္ဂိုလ်က ဒီရှေ့မှာရှိတဲ့ cortex သူက activity ပိုများတယ်။ ပြီးခဲ့တဲ့ ၃၅-နှစ်ရဲ့ ဟိုးဖက်တုန်းကဆိုရင် ဦးဏှောက် တစ်ခုခု ဒဏ်ရာရသွားရင် အဲဦးဏှောက် ကုမရတော့ဘူးဆိုပြီး ယူဆထားတယ်။

★ အခုကျတော့ အဲဒီလို မဟုတ်ဘူး ဦးဏှောက်ထဲမှာ ရှိတဲ့ Neurone တွေ Circuit တွေ တချို့ဟာတွေ ပျက်စီးသွားရင် မပျက်တဲ့ဟာတွေက မပျက်တဲ့ တခြား neurone တွေနဲ့ ပေါင်းပြီးတော့ ကလပ်စီးတွေ ယူနစ်တွေ အသစ်ဖွဲ့စည်းပြီးတော့ နောက်ထပ် function ပြန်လုပ်တယ်တဲ့။ Function လုပ်ရုံတင်မကဘူ ကြီးထွားနိုင်တယ် အသက်ကြီးသည်အထိ ကြီးထွားနိုင်တယ်။

★ တရားနာ ပရိတ်သတ် အားမငယ်နဲ့ အဲဒါကို သိပ္ပံပညာ Neurology မှာရော Biology မှာရော Neuroplasticity နည်းလို့ခေါ်တယ်။ အရင်တုန်းက သူတို့ခေါ်ထားတာ ဒီ ဦးဏှောက်ထဲမှာ ရှိတဲ့ circuit တွေ Hard-wiring ဒီ သွယ်ထားတဲ့ ၀ါယာတွေ အသေ ချီထားတယ် ပြောင်းလို့မရဘူး အဲလို ယူဆထားတယ် Hard-wiring, အခုကျတော့ Soft-wiring ပြန်ပြင်လို့ရတယ်။ ဒီ ၀ါယာတွေကို ဒီဘက်သွားထားတာ သိပ်မကြိုက်ဘူး ဒီဘက် သွယ်မယ် အဲလို လုပ်လို့ရတယ်တဲ့။

★ ဒါဖြင့် ဦးဏှောက်ကို ၀ါယာပြန်ပြီးတော့ သွယ်တာ ဦးဏှောက်ထဲမှာ ရှိတဲ့ ၀ါယာတွေ neurone တွေ ပြန်ပြီးတော့ သွယ်တာ ဘယ်လိုလုပ်ရမှာတုန်း ဘယ်သူသွယ်မှာတုန်း။ ခွဲစိပ်ကုသပြီးတော့ အဲဒါကို တစ်ခုစီလုပ်မှာလား အဲဒီလို Surgery နည်းနဲ့ မဟုတ်ပါဘူး တဲ့။ စိတ်ကို ပြုပြင်မယ် အထူးသဖြင့် Positive Thinking ရှိရမယ်။

❝ကရုဏာရှိတဲ့လူက Positive Thinking ရှိတဲ့လူ၊ မုဒိတာရှိတဲ့လူက Positive Thinking ရှိတဲ့လူ၊ မေတ္တာရှိတဲ့လူက Positive Thinking ရှိတဲ့လူ။ ရှိတဲ့ပြဿနာ ဖြေရှင်းနိုင်တယ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကို အဲဒါကို Positive Thinking လို့ခေါ်တာ။❞

★ အဲတော့ အဲဒီရှေ့က Orbitofrontal cortex တရားထိုင်တဲ့ပုဂ္ဂိုလ်ရဲ့ orbitofrontal cortex ကတဲ့ ဝေဒနာကို တုန့်ပြန်တဲ့နေရာလေ အဲဒီ ဝေဒနာ တုန့်ပြန်တဲ့နေရာမှာ သူ activity ကျသွားတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဝေဒနာကို ဒီလောက်ထိ react မလုပ်တော့ဘူး မတုန့်ပြန်တော့ဘူး။

★ ဝေဒနာကို များများတုန့်ပြန်ချင်းအားဖြင့် ဘုန်းဘုန်းတို့က ဘာလုပ်တာတုန်း သူ့ကို top-up လုပ်တာတဲ့ ဝေဒနာကို top-up လုပ်တာ ထပ်ထပ်ပြီးတော့ ဖြည့်ပေးနေတာ။

while increased insula and anterior cingulate cortex (ACC) activity is associated with decreased pain intensity.

★ နောက် insula ဘက်မှာ ဦးဏှောက်ရဲ့ insula ပိုင်း အဲဒီအပိုင်းမှာ သူရဲ့ acitivity က ဘာတုန်းဆိုတော့ ဝေဒနာရဲ့ intensity ဝေဒနာရဲ့ ပြင်းထန်မှု လျော့ကျသွားတယ်။ အဲဒီဟာကို ပြောတာ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဦးဏှောက်ထဲမှာ ရှိတဲ့နေရာကို လေ့လာခြင်းအားဖြင့် အဲဒီ နှစ်နေရာစလုံးမှာ ဝေဒနာလေျာ့နည်းသွားတယ်ဆိုတာကို သိလာတယ်။

★ အဲဒါ ဘယ်သူ့ဆီမှာ ဖြစ်တုန်းဆိုတော့ နာကျင်တဲ့အခါမှာ နာတာကို သမာဓိနဲ့ ကြည့်နေတယ် သတိလေးနဲ့ ကြည့်နေတယ်။ အဲဒါကြောင့် တရားထိုင်တဲ့အခါမှာ နာတယ်ဆိုရင် နာတယ်လို့ မှတ်ပါ၊ နာတယ်ဆိုရင် နာတယ်လို့ သိလိုက်ပါ။

★ နာတာကို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ စိတ် ဖြစ်လာရင်လည်းပဲ ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ စိတ်ကို ထပ်ပြီးတော့ မှတ်လိုက်ပါ။ ဒီတိုင်းမထားနဲ့ ignore မလုပ် နဲ့ လျစ်လျူမရှုနဲ့ပေါ့။ ထွက်မပြေးနဲ့။ နောက်တစ်ခုကျတော့ အဲဒီ ဝေဒနာ ရန်မဖြစ်နဲ့။

★ ဝေဒနာကို ကိုင်တွယ်ပုံ ကိုင်တွယ်နည်း ဝေဒနာနုပဿနာ နောက်ပြီးတော့ ဝေဒနာကို တုန့်ပြန်တဲ့ Emotional reaction အဲဒီ reaction စိတ်တုန့်ပြန်မှုအပေါ်မှာ ကြည့်တဲ့ စိတ္တာနုပဿနာ။ အဲဒီ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ နှစ်ခုကို အသုံးပြုပြီး ကြည့်တဲ့ပုဂ္ဂိုလ်သည် အသုံးပြုပြီးတော့ ဝေဒနာကို ကိုင်တွယ်တဲ့ ပုဂ္ဂိုလ်သည် သူတို့ရဲ့ ဝေဒနာ ကျသွားတယ်။ ဝေဒနာ react လုပ်နိုင်တယ် နည်းသွားတယ်။

Top: the right cerebral cortex showing the ‘midline’ between the two halves of the brain. Below: the outer surface of the left cerebral cortex with part cut away to reveal the insula.

★ အဲဒါတော့ ဒီထဲမှာ ရှိတဲ့ ပုံတွေကို ပြောပြတာ။ ဆိုလိုတာက ဘုန်းဘုန်းတို့ ဒီမှာ နှစ်ပေါင်း ထောင်နဲ့ချီပြီးတော့ သိလာတဲ့ အသိ ကိုယ့်စိတ်က တည်ငြိမ်ရင် ဒီဝေဒနာ ကိုယ်ပိုပြီးတော့ ခံနိုင်တယ်။ ရှိရင်းစွဲ ဝေဒနာကိုလည်းပဲ ကိုယ့်ထပ်ပြီး မဖြည့်တော့ဘူး top-up မလုပ်ဘူး ဆိုတဲ့ အသိ။ ဒီအသိကို အခု Neurology ဦးဏှောက်ပိုင်းဆိုင်ရာ သိပ္ပံပညာက သက်သေပြနိုင်တယ်။ မှန်တယ်ဆိုတာ သက်သေပြနိုင်တယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

“နေ့စဉ်အသုံးချကရုဏာ (၁၇.၁.၂၀၁၉ မြစ်ကြီးနား)” တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။
Transcribed #ThazinHtike