မြန်မာဖူဆယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များပြန်လည်ကျင်းပ

မြန်မာဖူဆယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၂ ဒုတိယအကျော့ပွဲစဉ်များကိုဇန်နဝါရီ ၂၂ရက်ကသုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ-၁၌ပြန်လညိကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပွဲစဉ် ၁၂ အဖြစ်ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် VUCအသင်းက AMMအသင်းအား၂၂-ဝဂိုး၊MICအသင်းကCOMRADEအသင်းအား ၉-ဝဂိုး၊Myoma YTD အသင်းကWhite Colour အသင်းအား ၈-၁ဂိုး၊GV ATHLETIC အသင်းက TITAN XII အသင်းအား ၁၀-၄ဂိုး၊UPTအသင်းကမြန်ာယူ-၁၉အသင်းကို ၄-၃ဂိုး၊ရွှေမြဝတီအသင်းက Pyay Unitedအသင်းအား ၁-ဝဂိုးတို့ဖြင့်အသီးသီးအနိုင်ရခဲ့သည်။
ပွဲစဉ် ၁၂ အပြီးတွင် MICအသင်းက ၁၂ ပွဲကစား၁၂ပွဲနိုင်ရမှတ် ၃၆မှတ်ဖြင့်ထိပ်ဆုံးတွင်ဦးဆောင်နေပြီး ဒုတိယနေရာတွင် VUCအသင်းက ရမှတ် ၃၃မှတ်ဖြင့်ရပတည်နေသည်။

ပွဲစဉ် ၁၃ကိုလာမည် ဇန်နဝါရီ ၂၉ရက်တွင်သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ-၁၌ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ပြီးထိပ်ဆုံးမှ MICအသင်းမှာAMMအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
PHOTO-MFF FUTSAL
Myanmar Love Football