မြန်မာ့လက်ရွေးစင်အမျိုးသမီအသင်းခြေစမ်းပွဲတွင်ဂိုးပြတ်အနိုင်ရ

အိုလံပစ်ဒုတိယအဆင့် ခြေစစ်ပွဲအတွက်ပြင်ဆင်မှုများပြုလုပ်နေသည် ပဏာမမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၂၃ရက်ကသုဝဏ္ဏလေ့ကျင့်ရေးကွင်း၌မြနမာယူ-၁၆အမျိုးသီးအသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၇-ဝဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်းသိရသည်။
ယခုခြေစမ်းပွဲမှာ ပဏာမမြန်မာလက်ရွေးစင်အသင်အတွက်စတုတ္ထမြောက်ခြေစမ်းပွဲဖြစ်ပြီး ယခုပွဲမတိုင်မီကစားခဲ့သည့်ခြေစမ်းပွဲ၃ပွဲတွင်၂ပွဲအနိုင်ရခဲ့ပြီး၁ပွဲသရေကျထားသည်။မြန်မာယူ-၁၆အမျိုးသမီးအသင်းနှင့်ကစားခဲ့သည် ခြေစမ်းပွဲတွင်ပဏာမမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက်ဂိုးများကို ခင်မာလာထွန်းက၃ဂိုး၊ဇူလိုင်ကျော်က၂ဂိုး၊လှယဉ်ဝင်းနှင့်ခင်မိုးဝေတို့က ၁ဂိုးစီသွင်းယူပေးခဲ့ခြင်းဖြစ်သည်။နည်းပြဦးဝင်းသူမိုး

ကိုင်တွယ်နေသည့် ပဏာမမြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည်ဇန်နဝါရီ၂၆ရက်တွင် အာရှယူ-၁၉အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက်ပြင်ဆင်မှုများပြုလုပ်နေသည့်မြန်မာယူ-၁၉အမျိုးသမီးအသင်းနှင့်ခြေစမ်းပွဲထပ်မံယှဉ်ပြိုင်ကစာမည်ဖြစ်သည်။

Myanmar Love Football
photo-mff