ရတနာပုံနှင့်ပွဲမှာ ခက်ခဲမည်ဟု မောင်မောင်လွင်ဆို

ရန်ကုန်အသင်းမှကွင်းလယ်ကစားသမားမောင်မောင်လွင်က2019 MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)အဖြစ်ယှဉ်ပြိုင်ကစားရမည် ရတနာပုံနှင့်အဝေးကွင်းပွဲစဉ်က ခက်ခဲမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ရန်ကုန်အသင်းသည် 2019 MPT မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)အဖြစ်ဇန်နဝါရီ၂၇ရက်ညနေ၃နာရီ၃၀အချိန်တွင်ဗထူးကွင်း၌အိမ်ရှင်ရတနာပုံအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ မောင်မောင်လွင်က”ပြည်တွင်းကစားသမားတွေနဲ့ပဲ ရတနာပုံကပြိုင်ပွဲယှဉ်ပြိုင်နေပေမယ့် သူတို့ရဲ့ခြေစွမ်းကအကောင်းဆုံးပုံစံမှာရှိနေပါတယ်။နည်းပြညွှန်ကြားထားတဲ့အတိုင်းရတနာပုံနဲ့ပွဲမှာသေချာကစားနိုင်အောင်ကြိုးစားသွားမှာပါ။ရတနာပုံအသင်းက ပြည်ပကစားသမားတွေပါဝင်တဲ့အသင်းတွေကိုတောင် အကောင်းဆုံးတုံ့ပြန်ကစားနေပါတယ်။ဒီပွဲကနှစ်သင်းစလုံးအတွက်ခက်ခဲမှာဖြစ်ပေမယ်အဝေးကွင်းမှာနိုင်ပွဲရဖို့ ကြိုးစားသွားမှာပါ”ဟုပြောကြားခဲ့သည်။
ရန်ကုန်အသင်းမှာပွဲစဉ်(၂)ပွဲကစားပြီးချိန်တွင်၂ပွဲစလုံးအနိုင်ရကာရမှတ်၆မှတ်ဖြင့်ထိပ်ဆုံးတွင်ရပ်တည်နေပြီးရတနာပုံအသင်းမှ၂ပွဲကစား၂ပွဲသရေ ရမှတ်၂မှတ်ရရှိထားသည်။
Photo-yangon united fb

Myanmar Love Football