“ဝေဖန်ခြင်းဖြင့် နူတ်မဆက်ပါနဲ့”

လူတစ်ယောက်က ရုပ်အပေါ်မှာ စွဲလမ်းခြင်းဆိုတာပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့လည်း သက်ဆိုင်ပါတယ်။” လှတယ်၊ မလှဘူး၊ပုတယ်၊ ရှည်တယ်၊ ဖြူတယ်၊ မဲတယ်၊ ပိန်တယ်၊ ဝတယ်ဆိုပြီး ဝေဖန်ခြင်းနဲ့ စတင် နူတ်ဆက်စကား ပြောနေကြတဲ့ အသိုင်းအဝိုင်းဖြစ်တဲ့အတွက် ဒီစကားလုံးတွေက လူတွေရဲ့စိတ်ကို Phycho ဖြစ်စေပါတယ်။လှလာတယ်အပြောခံနေကျသူက မလှဘူးပြောခံရမှာပိန်သွားတယ် အပြောခံနေကျသူက ဝလာတယ်အပြောခံရမှာ၊ဖြူလာတယ်လို့အပြောခံရရင် မဲလာတယ်လို့အပြောခံရမှာ စိုးရိမ်လာကြတယ်။ငါကိုတော့ ဝလာတယ် အသားမဲသွားတယ် အပြောခံရတော့မှာပဲဆိုပြီး စိုးရိမ်ပူပန်တဲ့ စိတ်တွေဖြစ်စေပြီး ရုပ်အစွဲကြီးလာစေပါတယ်။လူ့စိတ်ဆိုတာ နတ်အလိုမလိုက်နိုင်သလိုပိန်တဲ့ သူက ဝချင်၊ ဝတဲ့သူက ပိန်ချင်ဖြူတဲ့ သူက ညိုချင်၊ ညိုတဲ့သူက ဖြူချင်နဲ့ကိုယ့်ဒေသအလိုက် စိတ်ခံယူချက်က ပြောင်းလဲတတ်ကြပါတယ်။မြန်မာလူမျိုးအများစုက အသားညိုလို့ အသားဖြူချင်ကြတယ်။ဘိုတွေက ညိုချင်လို့ ကမ်းခြေမှာ နေပူဆာ လုံကြတယ်။အနေတော် ခန္ဓာကိုယ်ရှိတဲ့ သူတစ်ယောက်က ဝရင် ခန့်တယ်ဆိုပြီး ဝချင်တယ်။ဝနေတဲ့ သူကလည်း ပိန်ချင်လို့ အစားလျှော့စားပြီး အငတ်ခံနေရတယ်။လူတွေက သူတို့ကိုယ်သူတို့ ပြည့်စုံတယ်လို့ မယူဆကြဘူး။ တစ်ခုခုတော့ လိုနေတယ်လို့ ခံစားနေကြရတယ်။ ဒါဟာ ဝေဖန်ခံရခြင်းကြောင့်ဆိုလည်း မမှားပါဘူး။ဒါကြောင့် နူတ်ဆက်တဲ့အခါပဲဖြစ်ဖြစ် စကားပြောဆိုတဲ့ အခါဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝေဖန်ပြီး ပြောဆိုနူတ်ဆက်ခြင်းဟာ ကောင်းတဲ့ အလေ့အထမဟုတ်လို့ရှောင်ကြဉ်သင့်ပါတယ်။ မုသာဝါဒထဲမှာ သမ္ဖပ္ပလာပ ဆိုတဲ့ အရေမရအဖတ်မရ ပြောဆိုခြင်းကို ရှောင်ကြဉ်ဖို့လည်း လိုပါတယ်။နောက်တစ်ခုက စိတ်အားနည်းတတ် အားငယ်တတ်တဲ့ သူတွေဆိုရင်အရေးမကြီးတဲ့ ဝေဖန်မှုတွေကြောင့် စိတ်ဒဏ်ရာ ရလာစေပါတယ်။ဘာကြောင့်လဲဆိုတော့ မဲတဲ့သူကလည်း သူမဲတယ်ဆိုတာကို ကိုယ်တိုင်လည်းသိပြီး စိတ်ပျက်နေတဲ့ ကြားကအသားမဲလာတယ် ညိုသွားတယ်ဆိုပြီး ဝိုင်းဝန်း ပြောဆိုကြရင်….၊ တစ်ယောက်လာလည်း ဒါပဲ လာပြော၊ နောက်တစ်ယောက်လာလည်း ဒါပဲ လာပြောကြတယ်ဆိုရင် ကြာတော့ လူတွေနဲ့ ရှောင်ချင်လာတတ်ပါတယ်။လူတွေနဲ့ စကားပြောရမှာ ယုံကြည်မှု မရှိတော့ဘူး ဖြစ်တတ်ပါတယ်။လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဟာသလုပ်ပြီး ဟားတိုက်တတ်၊ နောက်ပြောင်တတ်ရင် ဒီလူဟာ ကိုယ်ချင်းစာစိတ် ကင်းမဲ့တယ်လို့ ပြောလို့ရပါတယ်။ခြုံငုံပြောရရင် လူတွေရဲ့ စိတ်တွေ ကျန်းမာပြီး ယုံကြည်မှုရှိစေဖို့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မလုပ်ကြဖို့ မိမိက သတိထားပြီး ကိုယ်ရဲ့ မိသားစု၊ မောင်နှမ၊ သူငယ်ချင်းနဲ့ မိတ်ဆွေတွေကို ကူညီတတ်ဖို့ လိုပါတယ်။ဒီလိုလုပ်ခြင်းဟာ ကိုယ်တိုင်လည်း ရုပ်အစွဲ လျော့စေပါတယ်။ အရိယာတွေက သူများရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နှိမ်ချ ပြောဆိုတာတွေ မရှိပါဘူး။သူတို့ကိုယ်တိုင် ရုပ်အပေါ်မှာ အစွဲမရှိတော့ မလိုအပ်ဘဲ သူများရဲ့ ရုပ်ကို မဝေဖန်ကြတော့ပါဘူး။ဝေမဖန်ခင် သတိထားကြပါလို့ သတိပေးချင်ပါတယ်။ဝေဖန်ခြင်းဖြင့် နူတ်မဆက်ကြပါနဲ့။ 😊လမင်းသုခ