သွေးချင်းတို့ရဲ့ပွဲတော်ဆီ ဒုတိယမြောက်နေ့

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းထဲမှာ ပြုလုပ်နေတဲ့ သွေးချင်းတို့ရဲ့ပွဲတော်ဆီလို့ အမည်ပေးထားတဲ့
ပွဲတော်ဆီကို ဓာတ်သွားဖမ်းခဲ့ပါတယ်။

ကိုယ့်လို ဓာတ်ပုံပဲသွားရိုက်ရိုက် အလည်ပဲသွားသွား အဓိက တစ်ခုမှာချင်တာကတော့ mask တပ်သွားပါ ဖုန်အရမ်းထူပါတယ်။
လာရောက်လည်ပတ်တဲ့သူတွေ အရမ်းများပေမဲ့ ကွင်းက ကျယ်တော့ ကြပ်ညပ်မနေပါဘူး။

ကွင်းအပြင်ပြန်ထွက်သွားရင်တော့ fresh air ဆိုတာဘာလည်း နားလည်သွားပါလိမ့်မယ် 😛

အထဲမှာ ဘာတွေရှိမလည်း?

မြန်မာ့ရိုးရာ မုန့်ဈေးတန်းတွေရှိမယ်
ဖျော်ဖြေရေးတွေရှိမယ်
Lucky draw အစီအစဉ်တွေ
ကုန်စည်ပြပွဲတွေရှိမယ် ကုန်စည်ပြပွဲထဲမှာ air con နဲ့မို့ အေးအေးဆေးဆေး လေ့လာဝယ်ယူလို့ရပါတယ်
ရိုးရာအစားအစာဆိုင်တွေ
ရိုးရာအထည်ဆိုင်တွေ
တစ်ချို့ဆိုင်တွေက ဒီပွဲမှာ 10% 20% အစရှိသဖြင့် လျှော့ဈေးတွေပေးနေပါတယ် 😁
ကြုံတုန်းဝယ်သွားကြပါ။
ရိုးရာလက်ဝှေ့ပွဲလည်းရှိပါတယ်
လက်ဝှေ့ပွဲကတော့ အကြိုက်ဆုံးပဲ 😁

တိုင်းရင်းသားပြခန်းတွေကိုတော့ သေချာလေ့လာစေချင်ပါတယ်
သူတို့ရဲ့ အသုံးအဆောင် အဝတ်အစား ယဉ်ကျေးမှုတွေက အကုန်ချစ်စရာကောင်းတယ်။

ဓာတ်ပုံတွေကတော့ နေရာစုံမရိုက်ဖြစ်ခဲ့ပါဘူး
လက်ဝှေ့ပွဲခင်းထဲမှာ sport photography ရိုက်ရင်းအချိန်ကုန်သွားတာနဲ့
ဖုန်ရှုလို့လည်း ဝသွားတာနဲ့ လှည့်ပြန်လာပါတော့တယ်။ 😛

ကိုယ်ရောက်ခဲ့သလောက် သိခဲ့သလောက်လေးကို ပြန် share ပေးခြင်းဖြစ်ပါတယ်။ နောက်ရက်တွေကျန်ပါသေးတယ် ကိုယ်တိုင်သွားရောက်လည်ပတ်ဖို့တိုက်တွန်းလိုက်ပါတယ်။

#သွေးချင်းတို့ရဲ့ပွဲတော်ဆီ #MyanmarEthnicsCultureFest

Zeyar Htun ရိုက်ကူး၊ ရေးသားထားတာကိုပြန်လည်မျှဝေတာပါ။