သစ်ပင်တစ်ပင်ကို ချစ်တတ်ရင်

သစ်ပင်တစ်ပင်ကို ချစ်တတ်ရင် လူတစ်ယောက်ကို ချစ်တတ်ဖို့ မခဲယဉ်းပါဘူး။အခု အရွယ်ကြီး ကျမှ အချစ်ဆိုတာ ဘာလဲလို့ မင်းကို ရှင်းပြရင် မင်းက ငါ စိတ်ဖောက်ပြန်သွားပြီ ထင်ဦးမယ်။ တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ် သက်သက် မဟုတ်ဘူ။ အကဲခတ်တတ်မှု ပါတယ်။ နားလည်မှု ပါတယ်။ ပြုစု ပျိုးထောင်မှု ပါတယ်။ ကိုယ် ဒီသစ်ပင်တွေကို အများကြီး စိုက်လာခဲ့တာနဲ့ အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု ဖြစ်ပေါ်မှု အခြေအနေ အားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ်ဘာလုပ်ပေးရမယ် ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒ ဆိုတာ ကိုယ်မေ့ထားနိုင်ပြီး သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်း ပေးတတ်တဲ့လူ ဖြစ်လာတယ်။ ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လို အနေအထား ပြောင်းတတ်တယ် ၊ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်။ဘယ်သစ်ပင် အမြစ်က မိုးပေါက်ဒဏ်ကိုကြောက်တယ်၊ ဒါတွေကို ကိုယ် နားလည်လာတယ်။ သူတို့လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို ကိုယ် အကဲခတ်ပြီး ပြုပြင် လိုက်လျောပေးတယ်။(ဂျူး-ချစ်ခြင်း၏အနုပညာ)