ဒီနေ့ ကတ္တရာပုံးထဲဝင်ပြီး မထွက်နိုင်တဲ့ခွေးလေး

သူပျောက်တာ ၃
ရက်လောက်ရှိပြီဆိုတော့ အဲ့ထဲကပ်နေတာ ၃ ရက်ပေါ့။ ကျမလဲ ချက်ချင်းသွားပြီး ကြည့်တော့ ကတ္တရာပေပါတွေထပ်ထားတဲ့ နေ
ရာမှာ၊ အောက်ဆုံးပေပါထဲမှာ ကပ်နေရော။ အဲ့တာနဲ့ ကျမကို အ
ပြင်ထုတ်ပေးပါဆိုပြီး အပြင်ထုတ်။ စားဆီ ၁ ပိသာနဲ့ နူးပြီး ခွာပေး
နေတာ။ လက်ပြင်နဲ့ ဗိုက်ထိကတော့ ကွာသွားတယ်။ ပေါင်နဲ့ ခါးနေ
ရာရောက်တော့ တအားကပ်နေတာ လက်နဲ့ထိုးတော့ ကျမကို ဟပ်
တယ်။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး မေ့ဆေးလှမ်းမှာ၊ မေ့ဆေးထိုးပြီး၊
ဆက်ခွာရတယ်။ အစက အဲ့ ပေပါကိုဖြတ်စက်နဲု့ဖြတ်ကြည့်သေး
တာ။ အသံအရမ်းကျယ်တော့ ခွေးမလေးက လန့်နေတာနဲ့၊ ရတယ်၊
ကျမပဲ အပင်ပန်းခံပါ့မယ်ဆိုပြီး ဆက်လုပ်တယ်။ လူတစ်ကိုယ်လုံး
ဖင်ကြီးထောင်ဝင်ရတာ၊ အဲ့ပေပါကျဉ်းကျဉ်းလေးထဲကု

နောက်က
နေလက်ထည့်ပြီးခွာ၊ လက်က သူ့ကိုယ်လုံးအောက်ဝင်ရတာဆို
တော့ သူ့ကိုယ်လုံးကို အဲ့ထည့်တဲ့လက်ကမထားရသေးတာ။ လက်
တွေလဲ စုတ်ပြတ်နေပြီ။ ပေပါဘေးက အစတွေကလဲ လက်ကိုခန
ခန ရှတာ။ သူ့ကိုလုပ်ပေးရတာ ၃ နာရီလောက်ကြာတယ်။ ရေချိုး
၊ အခြောက်သုတ်၊ ဆေးထည့်၊ ဆေးထိုး၊ စလိုင်းချိတ်တာရောဆို
၎ နာရီလောက်ကြာတယ်။ တစ်ကိုယ်လုံးလဲ ကတ္တရာပေပွ၊ တစ်
သက်လုံးမထွက်တဲ့ချွေး ခြေမထိကျတယ်။ အသက်ရှုကကြပ်သေး။
အဲ့ထဲမှာ။ ဒါမယ့် အခုကလေးမလေး သက်သာရာရသွားပြီ။ ဘယ်
ဘက်တစ်ခြမ်းလုံးတော့ စုတ်ပြတ်နေတာပဲ။ ရေချိုးတော့လဲ စပ်
ရှာလို့ရယ်၊ မေ့ဆေးပျယ်တော့ရင် ဇွတ်ရုန်းတာ၊ လက်တစ်ဖက်က
သု့ဂုတ်ချုပ်ထားရသေး၊ ကူညီတဲ့ဦးလေးကလဲ လက်နှစ်ဖက်ကို ကိုင်ထားရသေး၊ ဆပ်ပြာကလဲ ပွတ်ရသေးနဲ့ တော်တော်ကို အလုပ်
ရှုပ်ရတာ။

လက်တွေဆို ချုပ်ထားရတဲ့ဒဏ်နဲ့ ထိုးထားရတဲ့ဒဏ်
ကြောင့် ခုထိ တုန်ပြီး နာနေတုန်း။ လက်မဆို လက်သည်းလန်ပြီး
နာနေတယ်။ မေ့ဆေးထိုးလို့ အန်ချတဲ့ အန်ဖတ်တွေရော၊ သူပေါက်
ချတဲ့ရှူးတွေရောနဲ့ အဲ့ထဲမှာ နပမ်းလုံးခဲ့ရတာ😁 ။ ဒီနေ့သူ့အတွက် အစဆုံးလိုက်ပါကူညီ
ပေးတဲ့ ဦးလေးရော၊ ထမင်းဆိုင်က အစ်ကိုအမတို့ရော၊ တခြားကူ
ညီပေးကြသူများ အားလုံးကို ကျေးဇူးပါလို့။

အစကသူတို့က အဲ့ပေပါကို အပူပေးမလို့တဲ့။ ဒီဇယ်နဲ့ချွတ်ကြမလို့
တဲ့။ ဘယမှမလုပ်ကြပါနဲ့၊ ကျမလာခဲ့မယ်ဆိုပြီး ဒုန်းပြေးတာ။ ဒီလို
ကလေးကို စားဆီ၊ ပဲဆီနဲ့သာချွတ်ပေးပါ။ ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ဆို
ခွေးအသားလောင်မှာမို့ပါရှင်။ ပြီးရင်ရေချိုးပေးပါ။

ဒီလို လမ်းဘေး မှာ ဒုက္ခ ရောက်နေ တဲ့ သနား စရာခွေး၊ ကြောင်လေးတွေကို အခက် အခဲမရှိ ကယ်တင် ကုသပေးနိုင်စေရန်နှင့် ကယ်တင် ပြီးသားခွေးအကောင် ၆၀၀ ၊ ကြောင်အကောင် ၁၅၀ ကျော်အတွက် နေ့စဉ် ကျွေးမွေးစရိတ်တွေအတွက် လှူဒါန်း လိုပါက

#မစောသဲဦး
KBZ ATM -999-307-02801175101
‌AYA Acc – 0104 2010 1000 8923
‌CB Acc – 0031 6001 0005 3015
AGD 201-151-0822451
AGD Card No – 9503 0900 0083 3974
Yoma – 005410175002022
09772301864
09976855339 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်။

#Wave Money ကနေလှူဒါန်းလိုပါက 09772301864 သို့
လွှဲပို့လှူဒါန်းနိုင်ပါတယ်ရှင်။ Password ကို 301864 လို့ပေး
ပေးကြပါရှင်။

#မန်းလေးကဆို အိမ်တိုင်ရာရောက်ကောက်ခံပေးလို့ရပါ
တယ်ရှင်။

#လိပ်စာတွေတော့…

စစ်ကိုင်းခြံ၊မင်းကွန်းသွားတဲ့လမ်း၊ဝါးချက်ဆေးရုံအကျော်၊အာလောင်ရွာ၊ရှစ်မျက်နှာချောင်သို့ဆိုတဲ့ဆိုင်းဘုတ်ရောက်ရင်ဘယ်ဘက်ကွန်ကရစ်လမ်းလေးကနေနှစ်ပြလောက်တက်လာခဲ့ရင်ရောက်ပါပြီ။

09772301864
09976855339