သူမနဲ့ ကျတော်စတွေ့ တုန်းက ကျတော်က ဘော်တနီမေဂျာ ပထမနှစ် သူမ က အီးမေဂျာ တတိယနှစ် တလမ်းထဲနေတာ

သူမ နာမည်ကို ကျတော် ပေးထားတာ အောက်စီဂျင် တဲ့
သူမ အသားအရေကဝင့်ဝါဖြူဖွေးပီး
အသံလေးက တအားချိုတာ

သူမ က ငယ်ငယ်ထဲက မိဘတွေမရှိတော့ဘူး
အမဝမ်းကွဲတွေနဲ့နေတာ
သူမနဲ့စဆုံတာက ချစ်သူရိပ် ဆိုတဲ့စာအုပ်အငှါးဆိုင်လေးမှာပါ
သူမ ကကျတော်လိုပဲ စာဖတ်ဝါသနာပါတယ်ဗျ

ညနေတိုင်းသူစာအုပ်လာလာငှါးတတ်တယ်
ပန်းကမ္ဘာစက်ဘီးအနီလေးနဲ့
” ချစ်ခြင်းအစမျက်လုံးက ” ဆိုတဲ့အတိုင်း
နေ့စဉ်တွေ့ပါမြင်ပါများတော့ မခံစားနိုင်တော့ဘူးလေ

နောက်တော့ သူ့ကိုကျတော်ဖွင့်ပြောလိုက်တယ်
အချစ်နဲ့ ချောင်းဆိုးတာက ကြာကြာထိန်းလိုကောင်းတဲ့အရာတွေမှမဟုတ်တာ

အောက်စီဂျင်

ခင်ဗျား ကို ကျတော် သိပ်ချစ်တယ်
ကျတော်ကို ပြန်ချစ်ပါလား

” မင်းကဘယ်လိုကောင်လေးလဲကွ ”

နေ့တိုင်းငါ့နောက်ကနေလိုက်တယ်

” အောက်စီဂျင် ”

လို တခွန်းထဲခေါ်ခေါ်ပြီးပျောက်သွားတယ်

ခုလည်း ” ချစ်တယ် ” တဲ့

” နေပါအုံး ” မင်းကငါ့ကိုဘာလို့ ချစ်တာတုန်း

” ဒီလိုပါဗျ ”

” ပထမတချက်က အောက်စီဂျင် ကိုသိပ်ချစ်တယ် ”

” ဒုတိယတချက်က သူငယ်ချင်းတွေကို ကြွားချင်တယ် ”

ဒါပါပဲ

” အဟေ့ ” ဘယ်လိုကြီးတုန်းကွ

ဘာဖြစ်လို့လည်း

မင်းရည်းစားစကားပြောတာအဆန်းကြီးပါလား

” မင်းက ဘယ်လိုကောင်လေးလဲ ”

” လူကောင်လေ အောက်စီဂျင် ရဲ့”

” လူမို့လို နှလုံးသားရှိလို.ချစ်တာပြောတာပေါ့ဗျ ”

” အရူးကောင်လေး ချစ်တယ်ပြောတာတောင် ချေပြီးပြောနေတယ် ”

အောက်စီဂျင် က ရယ်ပြီးပြောနေပုံလေးက သိပ်ချစ်ဖို့ရာကောင်းတယ်

” အရမ်း ချစ် လိုက်တာ အောက်စီဂျင် ရာ ”

နောက်နှစ်ပတ်နေတော့ အောက်စီဂျင် နဲ့ကျတော်ချစ်သူတွေဖြစ်ခဲ့ကြတယ်
သူမနက်ကျောင်းသွားရင် ကားဂိတ်လိုက်ပို့ပေးတယ်

မနက်တိုင်း နွားနို့တူတူသောက်ကြတယ်
ပိတ်ရက်တွေဆို လျှောက်လည်ကြတယ် ဘုရားတွေဖူးကြတယ်
သိပ်ပျော် ဖို့ကောင်းတယ်

အောက်စီဂျင် က ကျတော်ကိုခေါ်တာ ” ကောင်လေး ” တဲ့ဗျ
ကျတော် သဘောကျလိမ့်တာ သူ့ခေါ်သံကို

” ကောင်လေး စာမေးပွဲနီးနေပီနော် ” စာလည်းလုပ်ဦး
တို့ဆီပဲ လာမနေနဲ့

” ဟုတ်ကဲ့ပါဗျ ”

” စာမေးပွဲအောင်စေရမည် အောက်စီဂျင့် ကိုလည်း လက်ထပ်မယ် ”

အောက်စီဂျင်က ရယ်ပြီး ” အင်းပါ အင်းပါ အပြောကတော့ရွှေမန်းပဲ ကိုယ်တော်ချောလေးရယ် စာသာသေချာလုပ် တော်ကီတွေပဲ ပေးမနေနဲ့ ”

” ခင်ဗျား ကျတော် မာနကို အဲလို မလှောင်ပါနဲ့ဗျာ ”

ကျတော့်အသံ နဲနဲမာသွားတယ်
စိတ်တိုရင် အောက်စီဂျင် ကို ခင်ဗျားလို့ ကျတော်နာမ်စားသုံးတယ်

ကောင်လေး ရယ် အောက်စီဂျင် ကစတာပါ ကလေးကျနေတာပဲ စိတ်မတိုနဲ့ နော်

အဲ့နေ့ ကျတော် အကွက်ကြောင့် သူမ စိတ်မကောင်းဖြစ်သွားတယ်ထင်တယ်

” ကောင်လေး ”

တို့လက်ထပ်ပြီးရင် ဘာအလုပ်လုပ်ကြမလဲဟင်

” အောက်စီဂျင် ရာ”

ကောင်လေး က ပန်းတွေအများကြီးစိုက်မယ်
ကောင်လေး ရဲ့ပန်းခြံကြီးထဲမှာ အောက်စီဂျင်က ပန်းမင်းသမီးလေးလုပ်
ကောင်လေး ကဥယျာဉ်မှူးလေ

ဟာ ကောင်လေး စိတ်ကူးကကောင်းလိုက်တာ
အောက်စီဂျင် လည်း ပန်းတွေကို ချစ်တယ် ကောင်လေးရဲ့

ကောင်းပါပီ ပန်းမင်းသမီး ရယ်
ကျတော် ကြိုးစားပါ့မယ်

” အင်းပါ ” ဒါကြောင့် ကောင်လေး ကိုချစ်နေရတာ ဟားဟား

သူမ ပျော်သွားတယ်လေ ကျတော်အပြောတွေကြောင့်

ဒီလိုစာမေးပွဲ တွေနီးလာရော
သူမလည်း စာတွေ ကျက်နေသလို
ကျတော်လည်းအပတ်တကုတ်ကြိုးစားနေတယ်

စာမေးပွဲတွေပြီးကျောင်းပိတ်တော့
အောက်စီဂျင် က သူအမဝမ်းကွဲတွေနဲ့ နယ်ကအဒေါ်တွေဆီ
ခနပြန်သွားတယ်

ကျတော်ဆွေးတာပေါ့ဗျာ

ဒါပေမယ့် သူမ နဲ့ကျတော် ညတိုင်းဖုန်းဆက်အလွမ်းသည်ခဲ့ကြတယ်

” အောက်စီဂျင် “ဘယ်တော့ပြန်လာမှာလဲ

ကောင်လေး လွမ်းနေပီကွာ

ကျောင်းပိတ်လို့ ခင်ဗျား နဲ့ လျှောက်လည်ရမလားမှတ်တယ် ပစ်ထားရက်တယ်ဗျာ

” ကောင်လေး ရယ် မပစ်ထားပါဘူး အောက်စီဂျင်လည်း မင်း လွမ်းပါတယ် ”

ကျတော့်အောင်စာရင်းထွက်ခါနီးကျရင်
အရောက်ပြန်လာမယ်ဆိုပြီး သူမက ကျတော့်ကို နှစ်သိမ့်ပေးတယ်

အောင်စာရင်းထွက်နေ့ သူမ ရောက်မလာခဲ့ပါဘူး

” ကျတော် စာမေးပွဲအောင်တယ် ”

ကျတော် ကို အောက်စီဂျင် ပုံပြောခဲ့တယ်

” သူမ ” မာယာပြန်သုံးခဲ့တာလား ပြန်ချေတာလား မသိတော့ဘူး
ကျတော်ရူးတော့မယ်
ကျတော့်အချစ်တွေအိမ်မက်တွေကိုလှည့်စားခဲ့တယ်

ကျတော်အရမ်းဝမ်းနည်းရတယ်

တနေ့တော့ သူမ ဆီကဖုန်းလာတယ်
အသံ သိပ်မကောင်းဘူး
သူပြန်လာမယ်တဲ့

ဟိုမှာ မိသားစုပြဿနာဖြစ်နေလို့တဲ့
ကျောင်းလည်းထွက်လိုက်ပီတဲ့
အရမ်းလည်းစိတ်ညစ်နေတယ် တဲ့
ကျတော်လည်းဘာမှမမေးတော့ဘူး
သူမကို နှစ်သိမ့်ပေးခဲ့တယ်

ကျတော် သူမ ကိုစိတ်ဆိုးခဲ့တာတွေတောင်
ပျောက်သွားပီး
အောက်စီဂျင် ကို လွမ်းလာတယ်

မနက်ဖြန်ပြန်လာမယ်တဲ့ သူမ ပြောတော့
ကျတော် အရမ်းပျော်သွားတယ်

ညနေထိ သူမ ရောက်မလာခဲ့ပါဘူး
ဖုန်းဆက်တော့လည်း မကိုင်ဘူး
ကျတော် စိတ်တွေတအားပူနေတယ်

” ကံကြမ္မာ မှာပဲဆိုးဝါးခဲ့တာလား
ရက်စက်တာလား မသိဘူး ”

” အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်လို့တဲ့ နောက်ခန်းကအသက်၃၀အရွယ် မိန်းနှစ်ယောက်ကဒဏ်ရာပြင်းထန်လို့ အတွင်းလူနာအဖြစ် ဆေးရုံရောက်နေတယ် အရှေ့ခန်းက ယာဉ်မောင်းနဲ့အသက်၂၅ အရွယ် ကောင်မလေးကတော့ တိုက်တဲ့နေရာမှာတင် ပွဲချင်းပြီးတဲ့ ငါတို့လမ်းထဲကပဲတဲ့ ”

အိမ်ရှေ့မှာ အမေနဲ့အဒေါ်ကြီးတယောက် ပြောနေကြတာ

ကြားကြားခြင်းပဲ ကျတော်အရင်ဆုံးတွေးမိတာ

” သူမ ”

ကျတော် ကြောက်လာတယ်
မျက်ရည်တွေကလည်း သူ့အလိုလိုကျလာတယ်
ရင်ဘတ်ထဲမှာလဲ စူးအောင့်လာတယ်

ကျတော့်စိတ်ကို ကျတော် ပြန်တင်းတယ်
ကျတော့်လိုကောင်ကလည်း မမြင်ရပဲဘာမှကိုမယုံတာ

ကျတော် ကျောင်းပြီးခဲ့တယ်
ပန်းခြံကြီး တစ်ခြံကိုလည်းစိုက်ပျိုးနိုင်ခဲ့တယ်
နှင်းဆီ ပန်းတွေကလည်း ရောင်စုံ
အရမ်းလည် မွှေးကြိုင်နေတာပဲ
အသက်ကလည်း ၃၅ ရှိနေပြီ
ဥယျာဉ်မှူးလေးမဟုတ်တော့ဘူးဥယျာဉ်မှူးကြီးဖြစ်နေပီဗျ

” အောက်စီဂျင့် ” အတွက် မနက်တိုင်းနှင်းဆီပန်းတပွင့်အမြဲတမ်းခူးပြီး
ပန်းခြံထဲမှာ သူမ ကိုလက်ထက်ခွင့်တောင်းဖို့ အမြဲစောင့်နေခဲ့တယ်

ပန်းတွေသာနွမ်းနွမ်းသွားတယ် သူမ ရောက်မလာခဲ့ပါဘူး

ဒီနေ့လည်း

အောက်စီဂျင် ရေ အမြန်လာခဲ့ပါတော့ဗျာ

ကောင်လေး စောင့်နေတယ်

ဒီပန်းလေး မနွမ်းခင်ထိ

ကိုလူညို