ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၈၆ နှစ်ပြည့် မွေးနေ့မှာ

တချို့က ဆုတောင်းပြီး တချို့က ဆဲကြတယ်။
ဒါပေမယ့် အဲ့ လုပ်ရပ်တွေအကုန်လုံးက Emotion(စိတ်ခံစားမှု)၊passion(စိတ်အစွဲ) အပေါ်မှာသာအခြေခံတယ်။

တကယ်တော့ နိုင်ငံရေး ဆိုတာ passion ထက် Reason(အကြောင်းအကျိုး) ကို ဆင်ခြင်နိုင်မှုအပေါ်အခြေခံရတယ် လို့နားလည်တယ်။

ပြောရရင် ဦးသန်းရွှေ က တိုင်းပြည်ရဲ့ အခြေအနေ အရ
ခေါင်းဆောင်မှုနေရာ First Man နေရာကိုရယူခဲ့ရတယ်။
သို့်သော် စီးပွားရေးပိတ်ဆို့်မှု တွေကြားက လမ်းဖောက်၊
တံတားဆောက်၊ဆည်ဆောက် စသည့် infrastructure
အခြေခံအဆောက်အအုံ များကိုတည်ဆောက်ခဲ့တယ်။
(သယံဇာတ တွေထုတ်ယူရတာကတော့ Opportunity Cost အနေနဲ့ စတေးခဲ့ရတာတွေရှိမယ်)

ယုတ်စွအဆုံး နေပြည်တော် အပါအဝင် ပြည်နယ် နဲ့ တိုင်းဒေသကြီး ၁၄ ခု ရဲ့ အစိုးရများ နဲ့ လွှတ်တော် အဆောက်အအုံများကိုတည်ဆောက်ခဲ့ပြီး Democratization
ဒီမိုကရေစီ အသွင်ပြောင်းဖို့အစပြုခဲ့တယ်။

ခရိုနီ လို့ အများဆဲတဲ့ သဋ္ဌေးအချို့ကို မွေးခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုတွေကြားက
မြန်မာ့စီးပွားရေး ကို မောင်းနှင်ခဲ့တယ်။
(ဒေါ်စု လည်း အခု အဲ့ ခရိုနီ Crony တွေကိုပဲ Tycoons
ပြောင်းခေါ်ပြီး ဆက်ဆံနေတာပဲလေ)

နိုင်ငံတကာဆက်ဆံရေးမှာ လည်းတရုတ်ကို ထိန်းညှိဖို့
ပြည်ပရောက် နိုင်ငံရေးသမားတွေ ဖျက်တဲ့ကြားက အာဆီယံ ထဲရအောင်ဝင်ခဲ့တယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် ၁၆ ဖွဲ့
ကို ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး နိုင်ငံရေးကိုတော့
နိုင်ငံရေး အစိုးရတက်မှ ဆွေးနွေးဖို့ ချန်ရစ်ခဲ့တယ်။
(သမ္မတ ဦးသိန်းစိန် အစိုးရ မှသာ နိုင်ငံရေး စဆွေးနွေးခဲ့တယ်။)

စသည့် နိုင်ငံရေး ဆောင်ရွက်ချက်တွေကို စစ်အစိုးရ တရပ်နေနဲ့ ဆောင်ရွက်ခဲ့တယ်။

ဦးသန်းရွှေ ကို ထောက်ခံသည်ဖြစ်စေ ဆန့်ကျင်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေး ကို နားလည်ဖို့ဆိုရင် ဦးသန်းရွှေ ကိုတော့ ကျော်သွားလို့မရတာသေချာတယ်
လို့ထင်တယ်။

လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်။ဒါဟာ Democratic Right ဒီမိုကရေစီအခွင့်ရေးပါပဲ။

Kyaw Thu Aung