လေ့ကျင့်ရေးကွင်းအခက်ခဲကြောင့်ဆောက်သမ်းမြန်မာအသင်း မော်လမြိုင်ကွင်းတွင် လေ့ကျင့်နေ

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဆောက်သမ်းမြန်မာအသင်းသည် လေ့ကျင့်ရေးကွင်းအခက်ခဲကြောင့် အသင်းအိမ်ကွင်းတည်ရှိရာမော်လမြိုင်ကွင်း၌လေ့ကျင့်မှုများသွားရောက်ပြုလုပ်နေကြောင်း ဆောက်သမ်းမြန်မာအသင်းနည်းပြ ဦးကျော်မင်းက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်၎အပြီးတွင်ရမှတ်၃မှတ်သာရရှိသေးသည် ဆောက်သမ်းမြန်မာအသင်းသည် ရန်ကုန်မြို့တွင်လေ့ကျင့်ရန်စီစဉ်ခဲ့သော်လည်းလေ့ကျင့်ရေးကွင်းအခက်ခဲ့ရှိသောကြောင့် အသင်း၏အိမ်ကွင်းဖြစ်သည့် မော်လမြိုင်ကွင်းတွင်လေ့ကျင့်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဦးကျော်မင်းက”ရန်ကုန်မှာလေ့ကျင့်ရေးကွင်းက အခက်ခဲရှိလို့မော်လမြိုင်ကွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်ဖို့စီဉ်ခဲ့တာပါ။ဖေဖော်ဝါရီ၉ရက်ကနေစပြီး မော်လမြိုင်ကွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နေပါပြီ။လိဂ်ကိုခေတ္တရပ်နားထားချိန်မှာ အသင်းကိုအကောင်းဆုံးပုံစံရအောင် ပြန်ပြင်ဆင်နေပါတယ်။ မော်လမြိုင်ကနေပုသိမ်ကိုတိုက်ရိုက်သွားပြီး ဧရာဝတီနဲ့ပွဲစဉ်၅ယှဉ်ပြိုင်မှာပါ”ဟုပြောကြားခဲ့သည်။
ဆောက်သမ်းမြန်မာအသင်းသည် မတ်လ၂ရက်တွင်ကျောက်တိုင်ကွင်း၌ ဧရာဝတီအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
photo-southern myanmar

Myanmar Love Football