ဇာဏ်ခီ အောင်မြင်လို့

ဇာဏ်ခီ အောင်မြင်လို့
ကောင်မလေးတွေ
သဲသဲလှုပ်နေချိန်မှာ
ခရစ်တီးနားခီ
သဝန်မတိုတာကို
ချီးကျူးနေကြတာတွေ့မိတယ်

ကိုယ်ကတော့
ဇာဏ်ခီကို ချီးကျူးရမှာလို့မြင်တယ်

သူ့မိန်းမကလွဲရင်
ဘယ်မိန်းကလေးကိုမှ
ချစ်မှာမဟုတ်ဘူးဆိုတာကို
ခရစ်တီးနားခီ
စိတ်ချလက်ချယုံရလောက်အောင်
တည်ကြည်နိုင်ခဲ့တဲ့အတွက်

တကယ်က
သဝန်မတိုတတ်တဲ့
မိန်းကလေးဆိုတာ မရှိဘူး

ခရစ်စတီးနားခီ
သဝန်မတိုတတ်တာ မဟုတ်ဘူး

သဝန်တိုဖို့ မလိုခဲ့တာ

တစ်နည်းအားဖြင့် ပြောရရင်
အချစ်ရေး အိမ်ထောင်ရေးကံကောင်းခဲ့တာ
Credit