ဒဏ်ရာသင်ခန်းစာ

ကျွန်မ.. လူတစ်ယောက်ကိုချစ်မိခဲ့တာ အသက်၂၀စွန်းစွန်းကနေ အခုဆိုအသက်သုံးဆယ်နားနီးလာခဲ့တယ်…နုလုံးသားရဲ့ စကားကိုဘယ်တော့မှမလွန်ဆန်ခဲ့ဘူး…

ဆယ်စုနှစ်တစ်ခုလုံး နုလုံးသားနဲ့ရင်းခဲ့တဲ့ ရလာဒ်ကတော့ နာကျင်မှုတွေပါပဲ…သူကကျွန်မအပေါ်သစ္စာဖောက်ခဲ့တယ်…

သူဖောက်ပြန်တဲ့အချိန်တုန်းကဆို တစ်ဖက်မိန်းကလေးအပေါ် အရှိန်ကောင်းနေတုန်း ကျွန်မအပေါ်တုံပြန်တဲ့စကားလုံးတွေဟာ နုလုံးသားမှာစူးနစ်စွာအနာဖြစ်ခဲ့ရတယ်..

နုလုံးသားနဲ့ ဦးနှောက်ကိုအချိုးကျစွာ မသုံးခဲ့မိလို့်
ဘဝမှာအကြီးမားဆုံးနောင်တတွေကိုရင်ဆိုင်နေခဲ့ရဘူးတယ်…

သာမာန်အဆင့်မှာကျွန်မကိုသူချစ်ခဲ့ပေမယ့်
အောင်မြင်တဲ့ဘဝမှာတော့ ကျွန်မကိုသူလက်တွဲဖြုတ်ခဲ့တယ်…

သံသယတွေနဲ့လည် ကျွန်မရှေ့မဆက်နိုင်တော့တာမို့ သူပြန်လာခဲ့ရင်တောင် လက်မခံနိုင်တော့ပါ…

ယနေ့မှစ၍ ဦးနှောက်ကိုများများသုံးပြီး နုလုံးသားကိုအနည်းအငယ်မျှသာအသုံးပြုပါတော့မယ်၊ ဒဏ်ရာသင်ခန်းစာရခဲ့တာပေါ့…

Writer by
May asterမေအက်စတာ