မြန်မာယူ-၂၂အသင်းနှင့်ကမ္ဘောဒီးယားအသင်းတို့ပွဲစဉ်ကို ရုပ်သံမှတိုက်ရိုက်ပြသမည်

အာဆီယံယူ-၂၂ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲဝင် မြန်မာယူ-၂၂အသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဖေဖော်ဝါရီ၂၀ရက် ညနေ၆နာရီတွင် အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို မြန်မာ့ဘောလုံးချစ်ပရိသက်များ အဆင်ပြေစွာကြည့်ရှုနိုင်ရန်အတွက်အဆိုပါပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်းတစ်လိုင်းဖြစ်သည် MNTVရုပ်သံလိုင်းမှတိုက်ရိုက်ထုတ်လွှင့်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲဝင်မြန်မာယူ-၂၂အသင်းသည် အဖွင့်ပွဲစဉ်အဖြစ်ဖေဖော်ဝါရီ၁၈ရက်က အင်ဒိုနီးရှားအသင်းနှင့်ယှဉ်ပြိုင်ကစားခဲရာတွင်၁ဂိုးစီသရေကျခဲ့သည်။မြန်မာယူ-၂၂အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဖေဖော်ဝါရီ၂၂ရက်ညနေ၃နာရီအချိန်တွင် မလေးရှားအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

photo-mff

Myanmar Love Football