သားသမီးများကို ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါသလား

သားသမီးများကို ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါသလား

(သင်မဖတ်ပဲကျော်သွားလျှင် ဘာတစ်ခုမှ သိမယ်မဟုတ်ပါ)

သားသမီးများကို
ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါတယ်

(၁) `အပြစ်တင်လွန်းတဲ့မိဘ´

ဘာလုပ်လုပ် အပြစ်တင်နေတတ်တာ
တနည်းဆိုရရင် လောဘကြီးမိကြတာပါ

အသုံးမကျဘူးဆိုတဲ့
ဘောင်ထဲသွတ်သွင်းတာ သားသမီးက တကယ်အသုံးမကျတာဖြစ်ချင်ဖြစ်မယ်

ဒါပေမဲ့
အသုံးမကျတာကိုပဲ ဖောက်မြင်နေတတ်တာ

ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့
စတင်လာတယ်
________________________________________

(၂) `ဘက်လိုက်တာ´

သားသမီးချင်းတူတူ
ငါ့သမီး/သားလေး
ဘက်လိုက်ဆက်ဆံတတ်တာ

ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်

မိဘကသွေးခွဲထားလို့ပါ
`နင်ကညံ့တယ် နင်ကတော်တယ်´
ဆိုပြီးကွာလတီခွဲလိုက်တဲ့
ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှဈေးနှုန်းညှိမရကြတော့ဘူး

ဘက်လိုက်မှုက
မလေးစားမှုကို အစပျိုးပါတယ်
အချင်းချင်းမနာလိုစိတ်ကနေ
အမုန်းတရားပွားများလာတယ်

ကလေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး

မိဘတွေသာမရှိကြတော့ရင်
ဒီမောင်နှမတွေဟာ
ပက်သက်စရာ လုံးဝကိုမရှိတော့တဲ့
လူတွေဖြစ်နေကြပါလိမ့်မယ်
__________________________________________

(၃) ဆဲဆိုလွန်းတာ

နေ့စဉ် အဆဲခံရတဲ့လူဟာ
မခံချင်စိတ်ကြောင့် ဒေါသများမယ်

ပြန်ပြောမိရင်တော့
မိဘကိုခံပြောသလိုဖြစ်တယ်

ငရဲကြီးမယ် ဒုက္ခရောက်မှ အေးမယ်
ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်
စကားတွေဟာအရမ်းဆိုးပါတယ်

ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့
ရနိုင်ပေမယ့် ဆဲရေးပြီးမှလုပ်မယ်

ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ
ဆိုးဝါးလွန်းပါတယ်
_________________________________________

(၄) `သားသမီး
အိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ´

`နင့် ယောက်ကျားကဘယ်လို´
`နင်ယူထားတဲ့ မိန်းမကဘယ်လို´
ဆိုတာမျိုးမပြောသင့်ပါဘူး

သားသမီးရဲ့
ရွေးချယ်မှုကိုလဲလေးစားရပါမယ်

သူတောင် သူ့ဘဝကိုသူ
နေတတ်လို့နေနေတာပါ

သားသမီးက
သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့
မပြောမချင်း ဝင်ပါစရာမလိုတာပါ

ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်ဆိုတဲ့ အယူအဆဟာမှားပါတယ်

ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာ
ကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်

ကလေးဘဝမှာသာ
မိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့
အကျင့်လေးတွေသိနေကြရတာ

သူတို့်အရွယ်ရောက်တဲ့အခါ
မိဘနဲ့နေချိန်နည်းလေ မိဘက
သားသမီးစိတ်ကို မသိရလေဆိုတာ
ကိုသတိထားသင့်ပါတယ်

သားသမီးဆိုတာ မိဘကို
အစစအရာရာပြောပြချင်တဲ့
အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ်
အရွယ်မှာပဲရှိတယ်

ဒါကိုကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင် ကြတော့တာများပါတယ်

`ငါပြောသားပဲ´ဆိုတဲ့
စကားနောက်က အပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ
သားသမီးတွေကရိပ်စားမိကြပါတယ်

သားသမီးအကြောင်း
တကယ်သာသိရင် ဒါမျိုးမလုပ်သင့်တာကို
သိကိုသိထားရမယ်
__________________________________________

(၅) `သားသမီးကို
ပြောဆိုဆက်ဆံပုံ မှားတာ´

အချို့ မိဘတွေရှိပါတယ်
ပြင်ပမှာတော့ လူငယ်လူကြီးမရွေးကို
အရမ်းအလေးထားဆက်ဆံတတ်ပါတယ်

ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး

သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျ တိုင်းသားသမီးကို
နှိမ်နေတတ်တာမျိုးပါ

စေတနာစကားပေမယ့်..
အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ

အပြင်ပန်းကမှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့
မိဘကငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး
ဒေါသကြီးနေတတ်တဲ့
သားသမီးတွေရှိလာရတာပါ

စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး

အမြဲနားပူအောင်
နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့

သူနေ့စဉ်လုပ်တာတွေ
မှတ်ထားပြီး တစ်ပတ်တစ်ခါ
တစ်လတစ်ခါလောက်သာ
စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ
ဆုံးမစကား တစ်ခွန်းချင်းပြောသင့်ပါတယ်

တစ်ပတ်တစ်ခါမို့
ဆုံးမရတာ စိတ်လဲရှည်တယ်

သားသမီးအနေနဲ့လည်း
မိဘက ချက်ကျလက်ကျပြောတော့
ငြင်းရခက်တယ်

သူ့အမှားကိုဆင်ခြင်နိုင်တယ်
`ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်အကျိုးသက်ရောက်ပါတယ်

ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ

အဆင်မပြေမှုတွေကို
သူတို့လဲမလိုလားကြပါဘူး

ဒါပေမဲ့ ငြင်းဆန်မရရင်တော့
မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်
အဝေးကို ပြေးသွားလိုက်တာ
အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့
ထင်မြင်ယူဆလာကြပါတယ်

မိဘနဲ့ အဆင်မပြေတဲ့
သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘို့ဆိုတာမလွယ်ကူပါဘူး

အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲပြောလိုက်ပါ

တွေးပူနေတတ်တဲ့မိဘကိုလည်း
စိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်း
စေပါတယ်

တတ်နိုင်ရင်အဝေးကနေ
ထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်

အနီးမှာပဲ နေမယ်ဆိုလဲမိဘနဲ့
အဆင်ပြေအောင်နည်းလမ်းရှာပြီး
စိတ်လျော့ကြပါ

မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမယ့်…
သားသမီးဆိုတာလဲ လူသားမို့
သူလဲသူ့တန်ဖိုးနဲ့ သူရှိတယ်ဆိုတာ

မိဘများအထူးသတိထားကြည့်ကြပြီး
မိဘနဲ့သားသမီးများ
ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ
_____________________________

Credit : Original Uploader
ဗဟုသုတမျှဝေသူ – စိုးဝင်းကျော်
(စာဖတ်သူမိတ်ဆွေများ စိတ်ကောရုပ်ကော ချမ်းသာပါစေဗျာ)