ငါဟာကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှတူစရာမလိုပါ

ငါဟာကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှတူစရာမလိုပါ

သင့်ကိုလူတစ်ချို့၊ပတ်ဝန်ကျင်တစ်ချို့ကအနိုင်ကျင့်ခံရသောအခါ အဆုံးစွန်ထိသည်းခံပါ, သည်းခံမှုတွေထားလို့မရတဲ့အတိုင်းအတာအထိရောက်သောအခါ ထိုလူတွေကိုအဆိပ်ပြင်းပြင်းဖြင့်တုံပြန်ပါ…

**သင့််ဟာအမှန်တရားကိုမြတ်နိုး၊တွယ်တာသူဖြစ်နေလို့ တလောကလုံးနဲ့တစ်ယောက်ဖြစ်ခဲ့ရင်တောင် သင့်စိတ်မပျက်ပါနဲ့, အမှန်တရားတွေပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ကမ္ဘာကြီးမှာ လောကနိယာမ အမှန်တရားက သင့်ကိုစောက်ရှောက်ပေးပါလိမ့်မယ်…

**အင်းအားကြီးသူနဲ့ အင်းအားနည်းတဲ့သူတွေတိုက်ခိုက်ကြတဲ့အခါ အင်းအားနည်းသူကရှုံးနှိမ့်ကြတာဟာ သဘာဝလိုဖြစ်နေပေမယ့်, အင်းအားနည်းတဲ့သူက အမှန်ဘက်ကဖြစ်နေလျှင် ရှံးနှိမ့်ခဲ့ရင်တောင် အမှန်တရားကိုလူအများသိအောင် ထုတ်ဖေါ်နိုင်ပါစေ…

**ကိုယ့်အိမ်တွင်းရေး အဆင်ပြေခြင်း၊အဆင်မပြေခြင်းကို ကိုယ့်အိမ်ထဲမှာပဲထားပါ, အိမ်တွင်းရေးကို အပြင်မှာထုတ်ဖေါ်ပြခြင်းက သင့်ကိုမနာလိုသူတစ်ချို့အတွက် လက်နက်တစ်ခုဖြစ်သွားပါလိမ့်မယ်…

**သင့်ပတ်ဝန်းကျင်မှာ အယောင်ဆောင်မိတ်ဆွေအတုတွေ အချိန်၊နာရီအမျှရှိနေတာကိုလည်း သတိပြုပါ , စစ်မှန်တဲ့မိတ်ဆွေမျိုးဆိုတာ အများကြီးမလိုပါဘူး,တစ်ယောက်၊နှစ်ယောက်ရှိနေရင်တောင် သင့်အတွက်လုံလောက်နေပါပြီ…

**ယခုခေတ်လူအများစုက သူများဖောက်ပြီးသားလမ်းကိုသာလျှောက်ချင်ကြတယ်, စီးပွားရေးမှာလည် ဒီသဘောတရားပဲ,သင့်စီးပွားရေးလုပ်ငန်းတွေအောင်မြင်နေရင် သင့်လိုစီးပွားရေးလုပ်ငန်းတူတွေ အများအပြားပေါ်ပေါက်လာပါလိမ့်မယ်..

**ပတ်ဝန်းကျင်ရဲ့စကားတွေကိုလိုတာထက်ပိုပြီးနားမထောင်ပါနဲ့,နားထောင်မိရင်တောင်ရင်ဘက်ထဲမထည့်ပါနဲ့၊ ပတ်ဝန်းကျင်ရဲ့အကြိုက်အတိုင်းလိုက်နေရရင် သင့်ရဲ့အကြိုက်ဆုံးအရာတွေပျောက်ဆုံးနေပါလိမ့်မယ်…

**သင့်ဟာကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှတူစရာမလိုပါဘူး၊တူဖို့လည်းမကြိုးစားပါနဲ့, မွေးရာပါကိုယ်ပိုင်အရည်အချင်း, ကောင်းမွန်သောတွေးအခေါ်အယူအဆ,အမှားတွေရှိခဲ့တဲ့ ပစ္စုပ္ပန်,တည်ငြိမ်ရင့်ကျက်တဲ့အနာဂတ်အတွက် သင့်ဟာသင့်ပဲဖြစ်နေပါစေ…
Writer by
Mayaster မေအက်စတာ