ဒါတွေသင်သိပြီးပြီလား ? ဒါ မြန်မာအမျိုးသမီးပါ

ဒါတွေသင်သိပြီးပြီလား ? ဒါ မြန်မာအမျိုးသမီးပါ

မြန်မာအမျိုးသမီးတစ်ယောက် ဦးစီးလုပ်ဆောင်နေတဲ့အင်္ဂါဂြိုဟ်ပေါ်မှာပျံသန်းမယ့်ရဟတ်ယာဉ်
*******************************အမေရိကန်အာကာသအေဂျင်စီNASAဟာအင်္ဂါဂြိုဟ်ပေါ်ကိုရဟတ်ယာဉ်တစ်စီးစေလွှတ်ဖို့စီစဉ်နေပါတယ်။

အဆိုပါ ရဟတ်ယာဉ်ကိုတော့ ၂၀၂၀ ခုနှစ်မှာအင်္ဂါဂြိုဟ်ပေါ်ကိုစေလွှတ်မယ့်ဂြိုဟ်ဆင်းယာဉ်နဲ့အတူတူစေလွှတ်မှာဖြစ်ပြီးအင်္ဂါဂြိုဟ်ပေါ်မှာယာဉ်တွေပျံသန်းနိုင်ဖို့အတွက်လိုအပ်ချက်တွေပိုမိုသိရှိနိုင်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။

NASA ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Jim Bridenstine က NASA ဟာ ပထမဆုံး အနေနဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေများစွာရှိပြီးဒီရဟတ်ယာဉ်စီမံကိန်းဟာ လဲနောင်အနာဂတ်မှာအင်္ဂါဂြိုဟ် လေ့လာရေး စီမံကိန်းတွေ အတွက် များစွာအထောက် အကူပြုမယ် လို့ဆိုပါတယ်။

..
NASA ရဲ့ Jet Propulsion Laboratory မှာ ၂၀၁၃ ခုနှစ် က စတင်လုပ်ဆောင်ခဲ့တဲ့ အဆိုပါ ရဟတ်ယာဉ် စီမံကိန်း ဟာ ကိစ္စကြီးကြီးမားမားတွေ လုပ်ဆောင်ဖို့အတွက်အရာဝတ္ထုသေးသေးလေးတွေကလဲတတ်နိုင်တယ်ဆိုတာကိုသက်သေပြနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ ရဟတ်ယာဉ် ရဲ့ အရွယ်အစား ဟာ ၁ ပေ ခန့်သာ ရှိပြီး အလေးချိန် အနေနဲ့ ၄ ပေါင်ခန့်သာ ရှိပါတယ်။ သူ့ရဲ့ ရဟတ် ၂ ခု ဟာ ပါးလွှာတဲ့ အင်္ဂါဂြိုဟ်လေထု ထဲမှာ 3,000 RPM လည်ပတ်မှာ ဖြစ်ပြီး အဆိုပါ နှုန်းဟာ ကမ္ဘာပေါ်ရှိ ရဟတ်ယာဉ်တွေ ရဲ့ ၁၀ ဆ ခန့်ရှိပါတယ်။
..
အဆိုပါ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အလုပ်လုပ်နိုင်ဖို့အတွက် နေရောင်ခြည်သုံး ဆိုလာဆဲလ်တွေ၊ ညဖက် အလွန်အေးတဲ့ အင်္ဂါဂြိုဟ် အတွက်အထူးပြုလုပ်ထားတဲ့ အပူပေးစနစ်တွေ ပါဝင်ပါတယ်။
..
ကမ္ဘာပေါ်မှာ ရဟတ်ယာဉ် ပျံသန်းနိုင်တဲ့ အမြင့်ဆုံး စံချိန် က ပေ ၄၀၀၀၀ ခန့်ရှိပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ လေထု ရဲ့ ကမ္ဘာ့လေထု ရဲ့ ၁ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် အင်္ဂါဂြိုဟ်ပေါ်မှာ မြေပြင်မှာ ပျံသန်းနေတဲ့ ရဟတ်ယာဉ် ဟာ ကမ္ဘာ့ အမြင့်ပေ ၁၀၀,၀၀၀ ခန့်မှာ မှာ ပျံသန်းနေရတာ နဲ့ အတူတူဖြစ်နေမှာပါလို့ ဒီ အင်္ဂဂြိုဟ် ရဟတ်ယာဉ် စီမံကိန်း မန်နေဂျာ ဖြစ်တဲ့ ဒေါ်မီမီအောင် က ဆိုပါတယ်။ ဒီလို လေထုပါးလွှာတဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ ပျံသန်းနိုင်ဖို့အတွက် ရဟတ်ယာဉ်ဟာ ပေါ့ပါး ရမှာဖြစ်ပြီး စွမ်းအင် မြင့်မြင့်နဲ့ ခိုင်ခိုင်မာမာ ပျံသန်းနိုင်ဖို့အတွက် လည်း အထူးဂရုပြုရတယ်လို့ဆိုပါတယ်။
..
အင်္ဂါဂြိုဟ် ဟာ ကမ္ဘာနဲ့ အလွန်ဝေးကွာတာကြောင့် အင်္ဂါဂြိုဟ်ပေါ် က နေ ပို့တဲ့ ရေဒီယိုဆစ်ဂ်နယ် ဟာ ကမ္ဘာပေါ်ကို ရောက်ရှိဖို့ အတွက် ၄ မိနစ် ကနေ ၂၄ မိနစ် ခန့် ကြာမြင့်ပါတယ်။ ဒီအတွက်ကြောင့် ကမ္ဘာပေါ် က မောင်းသူမဲ့ လေယာဉ်တွေ အလုပ်လုပ်သလို စခန်းကနေ လေယာဉ်မှူးတစ်ယောက် က အဆိုပါ ရဟတ်ယာဉ်ကို မောင်းနှင်လို့ရမှာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ကနေ သတင်းအချက်အလက်ပို့ဆောင် လိုက်တာနဲ့ အဆိုပါ ရဟတ်ယာဉ် ဟာ အလိုလို အလုပ်လုပ်ဆောင်ကာ မောင်းနှင်မှု ပြုလုပ်မှာပါ လို့ ဒေါ်မီမီအောင် က ရှင်းပြပါတယ်။

ဒီ အင်္ဂါဂြိုဟ်ဆင်း ယာဉ်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်ရှိ Cape Canaveral စခန်းကနေ ၂၀၂၀ မှာ လွှတ်တင်မှာဖြစ်ပြီး အင်္ဂါဂြိုဟ်ကိုတော့ ၂၀၂၁ ဖေဖော်ဝါရီ လ မှာ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
..
ယခု ရဟတ်ယာဉ် စီမံကိန်း မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မီမီအောင် ဟာ ၂၀၁၅ ခုနှစ်ထဲ က ယခု စီမံကိန်းမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ၁၉၉၀ မှာ အီလီနွိုက် တက္ကသိုလ် က နေ Electrical Engineering ဘာသာရပ်နဲ့ မာစတာဘွဲ့ရရှိခဲ့ပြီး ဘွဲ့ရပြီးပြီးချင်းပဲ Jet Propulsion Laboratory မှာ အလုပ်စတင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


MZM
Credit – JPL, NASA