ယနေ့ အကြိုက်ဆုံး Post

ယနေ့ အကြိုက်ဆုံး Post

မြန်မာနိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်နေသည့် အစိုးရဖြစ်နေသောကြောင့်
အင်အားကြီးနိုင်ငံတွေက အကြိမ်ကြိမ်သတိပေးယုံကလွဲလျှင်
အရေးယူဆောင်ရွက် တိုက်ခိုက်တာမျိုး မလုပ်ကြသေးတာကို
အဟုတ်ကြီးထင်ပြီး ပုဆိုးခြုံထဲက လက်သီးပြလိုက် နေရာတကာ ထွက်ပြီးအာချောင်လိုက်လုပ်နေတာတွေ
ရပ်တန့်ပြီးအမေစုဦးဆောင်နေသည့် လမ်းကြောင်းအတိုင်း ညီညွတ်စွာ လိုက်ပါကြမည်ဆိုလျှင် မြန်မာ့တပ်မတော်ကို
နိုင်ငံတကာက ဝမ်းသာအားရ ထောက်ခံနေကြမှာပါဗျ။

နှစ်ပေါင်း ၅၀ ကျော် မြန်မာနိုင်ငံရဲ့ သယံဇာတမှန်သမျှ
စိတ်ကြိုက် သိမ်းပိုက်ခဲ့ကြလို့လည်း
ဆယ်သက်စားမကုန်အောင် ခေါင်းဆောင် အသီးသီး ကြွယ်ဝချမ်းသာနေကြတာကိုမှ အားမရသေးပဲ
ပြည်သူတင်မြှောက်ထားသည့် အစိုးရအောက်ကနေ သီးခြားခွဲထွက်ကာ
အစိုးရဖြုပ်ချရေးကိုသာ ကလိမ်ကကျစ်နည်းမျိုးစုံသုံးပြီး
ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေလို့
အင်အားကြီးနိုင်ငံတွေက
စောက်မြင်ကပ်နေကြတယ်ဆိုတာ
အပြင်ထွက်ကြည့်မှ သိမှာပါ။

စစ်သားတွေကို ပြည်သူတွေက ဘယ်တော့မှမမုန်းဘူး။
စည်းစိမ်ချမ်းသာမှု အပေါ်ကထိုင်ပြီး သောက်တစ်လွဲ ညွှန်ကြားအမိန့်ပေး
အောက်လက်ငယ်သာတွေနဲ့ ပြည်သူတွေကိုရန်တိုက်ပေးနေသည့်
အာဏာရှင် လက်တစ်ဆုပ်စာကို ကြိမ်ဖန်များစွာ
အသဲနာနေလို့ စေတနာ မေတ္တာတွေ ဝေးကွာနေကြရတာပါဗျာ။

စည်းလုံးညီညွတ်စွာနဲ့ ပြည်သူလူထုနှင့်အတူ
တရားဥပဒေ စိုးမိုးရေးအောက်မှာ အမြင်မှန်ရပြီး
နေကြတော့မည်ဆိုလျှင် ဘယ်လောက်တောင်
ဝမ်းသာစရာ ကောင်းလိုက်မလည်းနော်။

(ဗိုလ်မှူးချုပ်ကျော်လွင်)၏သား
ကျနော် Drတင်မောင်လွင်ပါ။

Crd Dr. Tin Mg Lwin