နိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ သက်ထားသူဇာ

နိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ သက်ထားသူဇာ

ယူဂန္ဓာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာစီးရီးကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲစဉ်မှာ မြန်မာကစားသမား သက်ထားသူဇာက ဂျော်ဒန်ကစားသမား ဒိုမိုအန်ရရိုကို (၂၁-၁၄) (၂၁-၁၂)နဲ့ (၂)ပွဲပတ်အနိုင်ရရှိကာ ဗိုလ်စွဲခဲ့တာပါ။

သက်ထားသူဇာဟာ လက်ရှိကမ္ဘာ့အဆင့် (၁၈၁)နေရာမှာ ရပ်တည်နေသူဖြစ်ပြီး ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်(၁၈၅)နေရာမှာ ရပ်တည်နေတဲ့ ဂျော်ဒန်ကစားသမားနဲ့တွေ့ဆုံခဲ့တာပါ။

ခုလိုတွေ့ဆုံရာမှာ ပြိုင်ဖက်ကို အမှားအယွင်းမရှိပဲ (၂)ပွဲပြတ်ရလဒ်နဲ့ အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။