ထီထိုးတယ်ဆိုတာ သကြားလုံးငုံသလို

ထီထိုးတယ်ဆိုတာ သကြားလုံးငုံသလို

ထီထိုးတယ်ဆိုတာ သကြားလုံးငုံသလိုပဲဗျ..

သကြားလုံးက.. မဟုတ်လဲ မြိုချရမယ့် တံတွေးကို ချိုအောင်လုပ်ပေးတယ်..

ထီလက်မှတ်တစ်စောင်ရဲ့တန်ဖိုးဟာ ပေါက်တဲ့ဆုကြေးမဟုတ်ဘူး..
မဟုတ်လဲ ဖြတ်သန်းရမယ့် နေ့ရက်တွေကို ချိုမြိန်စေမယ့် မျှော်လင့်ချက်ပါးပါးလေး ခင်ဗျားအပေါ်ခြုံလွှမ်းပေးနိုင်ခြင်းပဲ..

ထီပေါက်ရင်တော့လားကွာ.. လို့စိတ်ထဲက တိုးတိုးကြိမ်းဝါးလိုက်ပြီးတာနဲ့ အနည်းနဲ့အများတော့ ခင်ဗျားနေလို့ကောင်းသွားတာပဲမဟုတ်လား..

မပေါက်တဲ့ထီလက်မှတ်လေးတွေကြောင့်ပဲ ကုသိုလ်တွေလဲ အထပ်ထပ်ရခဲ့ဖူးပြီ.. အနည်းဆုံးတော့စိတ်ကူးထဲမှာ ခင်ဗျား မိဘတွေဗုဒ္ဓဂါယာတစ်လတစ်ခေါက်ရောက်နေပြီ.. မိဘမဲ့ကလေးတွေ ဝတ်ကောင်းစားလှလေးတွေနဲ့တစ်လတစ်ခါ ပျော်နေရပြီ..

ဖြည်းဖြည်းပေါ့ဗျာ..

ထီမပေါက်ဖူးလဲ ဘာဖြစ်လဲ..

ဟေ့ကောင်.. ငါရှာထားသမျှပိုက်ဆံထဲမှာ ထီပေါက်ထားတာ တပြားမှမပါဘူးကွ လို့ ဘီယာဝိုင်းမှာခပ်မာမာ ထဖြဲလို့ရတာ နည်းတဲ့ကုသိုလ်လား.. 😬

credit yarzar wizaya