အီးပါခြင်းအနုပညာ

အီးပါခြင်းအနုပညာ

လူတချို့က
မနက်စောစောရေအဝသောက်ပြီးမှ
အီးပါကြတယ်
သူတို့အဆိုအရဆို တညလုံးချေဖျက်ထားတဲ့အစာတွေ
မနက်ကျပါထုတ်လိုက်တာ
ပေါ့ပါးသွားတယ်တဲ့
ဟုတ်သလိုလိုတော့ရှိသား…

တချို့ကြ တနေ့၂ခါပုံမှန်သွားမှ
အပူအပုပ်စင်သတဲ့
အစာချေစနစ်ပုံမှန်အလုပ်လုပ်တာတဲ့
အွန်း..ဒါလဲ..မှန်သလိုလိုပဲ…

တချို့ကြ၃ရက်လောက်နေမှ
တစ်ခါလောက်အီးပါကြသတဲ့
နေ့တိုင်းသွားစရာမလိုဘူးတဲ့
ဖင်အလုပ်ရှုပ်သတဲ့
တဝတပြဲဘယ်လောက်စားစား
လုံးဝ ဝမ်းမသွားတဲ့
ကိုဝမ်းခိုင်တို့ မဝမ်းခိုင်တို့ကပြောတယ်
သူတို့ကြကျုပ်တို့ထက်
အလုပ်ရှုပ်ပိုသက်သာသလိုလိုတော့ရှိသား..

တချို့ကြလည်း
ဝမ်းတလုံးကောင်းခေါင်းမခဲတဲ့
ခေါင်းကိုက်ရင် ဝမ်းနှုတ်
ညှော်မိရင် ဝမ်းနှုတ်
သွားကိုက်ရင် ဝမ်းနှုတ်
ဝက်ခြံပေါက်ရင်ဝမ်းနှုတ်
မအီမသာဖြစ်ရင်ဝမ်းနှုတ်
အကြောတက်ရင် ဝမ်းနှုတ်
အားနေ ဝမ်းနှုတ်လိုက်ရမှ ကျေနပ်သွားကြတဲ့လူတွေ…

တချို့ကြ မြန်မာထိုင်အိမ်သာနဲ့မှ
အီးထွက်ပိုပြီးအားရတာတဲ့

တချို့ကြလည်း ဘိုထိုင်နဲ့ပါမှ
ဆေးပညာအရ အဆင်ပြေတာတဲ့

တချို့ကြ ရေပန်းနဲ့ဆေးမှ သန့်တယ်ထင်ကြတယ်

တချို့က ရေခွက်နဲ့ ဖြန်းဖြန်းဆို
ပက်ပြီးဆေးရမှ
သန့်ပြန့်သွားတယ်ယူဆတယ်

တချို့က တစ်ရှူးနဲ့ပဲ သုတ်လိုက်တာပဲ
နည်းနည်းမြင့်တဲ့သူတွေကြတော့
wet tissue လေးနဲ့ပေါ့ဗျာ

တောရွာတွေမှာတော့
ဒုတ်နဲ့ကုန်းကြတယ် ကြားဖူးတယ်
ဘယ်လိုကုန်းကြလဲတော့မသိဘူး..

တချို့ကြ အသံမြည်ရင်ရှက်တတ်ကြတယ်
ရေပန်းဖွင့်ချပြီး အီးပါရောပါချလိုက်တာမျိုး..

တချို့ကြဖုန်းနဲ့သီချင်းဖွင့်ပြီး ဖုန်းသံနဲ့အီးသံရောချပြီးအင်ထုကြတယ်..

တချို့ကြ ဘယ်သူကြားကြားမကြားကြား
ဂရုစိုက်မနေဘူး
ဘူ ဂွမ် ဝုန်း ဒိုင်း ကြဲချရမှ အားရကြသတဲ့..

တချို့ကြလည်း သူများအိမ်သာမှာမပါတတ်ကြဘူး
ကိုယ့်အိမ်ရောက်မှ ကိုယ်ပါတတ်ကြတယ်..

တချို့ကြလည်း အိမ်သာမရွေးပဲ
ဖင် လစ်ဘရယ်ဆန်ကြတယ်..

တချို့ကြ ခြုံပုတ်ထဲမှာဘဲ
ကြုံသလို ပါလိုက်ကြတယ်..

ဟော..ဘဘတွေခေတ်က
ဘဘလာရင်ပါလို့ရအောင် ရွှေ့လို့ရတဲ့ဘိုထိုင်အိမ်သာကြီးတစ်ခု
အမြန်ဆောက်ရသတဲ့
ဒါပေမယ့် ဘဘကအဲ့ခရီးမှာ အီးထွက်တော်မမူလို့
အဲ့အိမ်သာကြီးက
ခုထိဒီတိုင်းပဲတဲ့…😆

အာရပ်စော်ဘွားတွေကြ
အရမ်းချမ်းသာတော့
ဘိုထိုင်အိမ်သာကိုရွှေနဲ့လုပ်ကြသတဲ့..

မင်းတုန်းမင်း သီပေါမင်းတို့ကြတော့
အိမ်သာအောက်မှာ အီးတော်ကျဖို့ခွက်ကို
ရွှေနဲ့လုပ်ရသတတ် ဖတ်ဖူးတယ်
ပါတော်မူတော့ ရွှေအီးခွက်ပါသွားလား
မပါသွားဖူးလား သိချင်မိတယ်…

အမေရိကန် သမ္မတတွေကြတော့
သွားလေရာခရီးစဉ်မှာ အိမ်သာဝင်ရင်တောင်
လုံခြုံရေးအပြည့်အစုံချပြီး အီးပါကြသတဲ့
(ဘုန်းကံကြီးပုံများ)…

သန္တာဗိုကြတော့ အီးပါနေတုန်း ဓာတ်ပုံရိုက်ခံရတော့ အရမ်းတွေထိတ်လန့်ပြီး
ပြီးအောင်ပါခဲ့လား
ဒါမှမဟုတ် ရှူရှူးပဲပေါက်ခဲ့သလား
အင်တာဗျူးတွေမှာလည်းဖြေမသွားဘူး..

တချို့ကဝမ်းချုပ်နေလို့
မအီမသာဖြစ်နေကြတယ်
တချို့ကဝမ်းသွားနေလို့
မအီမသာဖြစ်နေကြတယ်
တချို့ကဝမ်းမှန်တာကိုဂုဏ်ယူနေကြတယ်
တချို့က ဝမ်းသွားတဲ့အကြောင်းပြာရမှာ
ရှက်ကြတယ်..
တချို့က ဖင်မနိုင်ဘဲ
ပဲကြီးဟင်းစားကြတယ်…

တချို့ကြအလုပ်အရမ်းများလို့
ထိပ်ဝထိရောက်နေတဲ့စီနီယာဝမ်းကိုဘဲ ကမန်းကတမ်းအမြန်ပါပြီး
နောက်ပိုင်းက ဂျူနီယာဝမ်းကို
အချိန်မရလို့ ပြန်ရှုံ့ပြီး အလုပ်ပြန်လုပ်ကြတဲ့သူတွေလည်းရှိတယ်..

တချို့ကြလည်း
အီးပါခါနီး ကော်ဖီလေးဖျော် သတင်းစာတစ်စောင်နဲ့ အိမ်သာထဲဝင်သွားကြတာ
၄၅မိနစ်လောက်ကြာတယ်…

တချို့အိမ်သာတွေကြလည်း
ပိုစတာဗီနိုင်းလေးတွေကာပြီး
ဝါးလေးတွေနဲ့ပဲဖြစ်သလိုဆောက်ထားကြတယ်

တချို့အိမ်သာတွေကြတော့လည်း
မွေးကြိုင်သန့်ပြန့်လွန်းပြီး
လှဲအိပ်လို့တောင်ရပါ့

ဘာပဲပြောပြောပေါ့ဗျာ…

အီးပါခြင်းအနုပညာဆိုတာ
လူတိုင်းနဲ့မကင်းနိုင်ကြဘူးလေ..

တချို့တွေ ဝမ်းသွားဖို့လမ်းကြောင်းကို
ဗိုက်ကဖောက်ထားရတဲ့လူနာတွေ

ဝမ်းသွားဖို့အပေါက်ပါမလာတဲ့ကလေးငယ်တွေ

သူတို့ထက်စာရင်

ခင်များတို့ ကျုပ်တို့က
ပုံမှန် အီးပါခွင့်ရနေသေးတာ
ကုသိုလ်ကံကောင်းသေးတယ်ပြောရမယ်

ဘဝမှာ
အီးအရမ်းပါချင်ပါလျက်
အိမ်သာမရှိလို့မပါရတာမျိုး
အစည်းအဝေးခန်းထဲကထွက်လို့မရသေးလို့
မပါရတာမျိုး
Bus ကားပေါ် ဖယ်ရီပေါ်မှာမို့
မပါရတာမျိုး
ထွက်မယ့်ကောင်တွေက အထဲကအချက်ပေးနေပြီး
ဂိတ်မှူးကခွင့်မပြုသေးလို့ အထဲမှာရုန်းရင်းဆန်ခတ်တွေဖြစ်
ချွေးတွေကျ မျက်နှာကြီးနီပြီး
ကမ္ဘာ့အကြီးဆုံးဒုက္ခပိုင်ရှင်
ဖြစ်ဖူးကြတယ်မလား?

အမုန်းကြဲ ဗုန်းခွဲပြီးမှ
ရေဆွဲချတာ ရေမရှိလို့
ဒုက္ခတွေရောက် ချွေးတွေပြန်
ကိုယ့်အီးပုံကြီးကိုယ်ပြန်ကြည့်ပြီး
ဘာလုပ်လို့လုပ်ရမှန်းမသိ
နောက်လူလာရင်လည်း မြင်တော့မယ်
ရေကမဆေးရသေး
ကမ္ဘာ့သနားစရာအကောင်းဆုံးသူလည်း
ဖြစ်ဖူးကြတယ်မလား?

ကိုယ့်သိက္ခာက
အီးအပေါ်မှာတည်ရှိတာမဟုတ်ပေမယ့်
အသံမြည်အောင်မပါရဲ
အသံမြည်အောင်မပေါက်ရဲပဲ
ဂိတ်ဝကိုဖြည်းဖြည်းချင်းထိန်းပြီးလွှတ်ပေးရင်း
ကမ္ဘာ့အထိန်းချုပ်နိုင်ဆုံးလူသားလည်း
ဖြစ်ခဲ့ဖူးတယ်မလား?

ဒါ့ကြောင့်
ကျန်းမာနေတုန်း
အီးပေါက်ရတာ..
စားနိုင်နေတုန်း
အီးပါရတာ…
ရေရှိတုန်း အီးပါခွင့်ရနေတာ..
လူအားတုန်း အီးပါခွင့်ရနေတာ..
နိုင်ငံတည်ငြိမ်နေတုန်း အီးပါခွင့်ရနေတာ..
(တချို့နေရာတွေမှာ အီးပါရင်း
လက်နက်ကြီးကျမှာကြောက်နေရတဲ့သူတွေ
ရှိတယ်ဆိုတာ ကိုယ်ချင်းစာကြပါ )
နူးကလီယားစစ်ပွဲဆိုတာမဖြစ်ခင်လေးမှာ
အီးပါခွင့်ရနေတာ….
မိတ်ဆွေတို့ သတိပြုမိကြရဲ့လား..

အီးပါတာရှက်စရာမဟုတ်ပါ…မိတ်ဆွေတို့
အီးပါတက်ဖို့သာလိုတာပါ
ဒါ့ကြောင့်
ပါသာပါကြပါ…

ဤတွင်အီးပါခြင်းအနုပညာပြီးဆုံး၏ ။

(စာဖတ်သူများ အားရစွာ ပါတော်မူကြပါ)

Credit> Org: