မောင်… မောင် လို့လူ

မောင်… မောင် လို့လူ

မောင်….မောင်နဲ့ဝေးနေတဲ့အချိန်မှာ ကျွန်မလေ မောင်ရဲ့တန်းဖိုးတွေ,အချစ်တွေ,လွမ်းစွတ်တောင့်တမှုတွေနဲ့အတူရှိနေခဲ့ရတယ်။မောင်နဲ့ ကျွန်မအသက်အရွယ်ကွာဟမှုကြောင့် လူတစ်ချို့က,,, လူအများစုလို့ပြောရင်ပိုမှန်ပါလိမ့်မယ်, လူအများစုက လှောင်ချင်၊ပြောင်ချင်ကြပြီး မိန်းကလေးကအသက်ကြီးနေရင်အပြစ်တစ်ခုလို ပြောချင်ဆိုချင်ကြတယ်။ တစ်ချို့ဆိုရင် မကြားဝံ,မနားသာစကားတွေနဲ့နောက်ကွယ်မှာ ပါးစပ်အရသာခံပြီးပြောနေကြလေရဲ့…ကျွန်မက ပတ်ဝန်းကျင်ကိုလိုတာထက်ပိုပြီးဂရုမစိုက်တက်တဲ့သူမို့ သူတို့ရဲ့စကားတွေကို အမှိုက်တွေလို့ပဲသတ်မှတ်ထားတယ်။အခုအချိန်မှာ မောင်ကိုလွမ်းတဲ့အကြောင်းတွေကို အခင်ဆုံးဆိုတဲ့ သူငယ်ချင်းတွေကိုတောင် ရင်မဖွင့်ဖြစ်ဘူး, ဘာကြောင့်လည်ဆိုတော့ သူတို့က သူတို့ထက်ငယ်တဲ့ သူတွေနဲ့ချစ်သူမဖြစ်ဘူးလို့ပဲ,,ကိုယ်ရင်ဖွင့်တဲ့အခါ နားထောင်ပေးကြမယ်ဆိုတာ သိပေမဲ့လည် အချစ်၊အလွမ်း၊ဝေဒနာတွေက သူတို့မခံစားဘူးတဲ့ ပုံစံမျိုးဖြစ်နေတော့ သူတို့နားလည်နိုင်မယ်မထင်ဘူး…မောင်…
မောင်….ရေ..ကျွန်မသတ်မှတ်ထားတဲ့အချစ်ရဲ့စံနှုန်းကရှင်းရှင်းလေးပါပဲ, ကိုယ့်ကချစ်မိတဲ့အခါ ကိုယ့်ချစ်သူစီကမေတ္တာစစ်ကလွဲပြီးဘာတွေကိုမှ မရယူချင်ပါဘူး…ကိုယ့်ကသာ ဘဝကိုဖြစ်စေ၊အချိန်တွေကိုဖြစ်စေ၊သစ္စာတရားကိုဖြစ်စေ ပေးဆပ်ချင်ခဲ့တာပါ။အချစ်ဆိုတာ ရယူဖို့မဟုတ်ပါဘူး၊ပေးဆပ်ဖို့သာဖြစ်တယ်လို့ ကျွန်မခံယူပါတယ်..ကိုယ်ချစ်ရသူကောင်းစားဖို့အတွက် စွန့်လွှတ်အနစ်နာခံ,ပေးဆပ်ရတာဟာ လွန်စွာအထက်တန်းကျတဲ့လုပ်ရပ်လို့ မြင်မိပါတယ်။ မောင်..စီမှာ ကျွန်မ မကြိုက်တဲ့အချက်တွေရှိရင် *ပထမ…သတိပေးတားမြစ်မယ်,*ဒုတိယ…သည်းခံနိုင်သမျှသည်းခံမယ်,*တတိယ…နှုတ်ဆက်ပြီး, ဥပေက္ခာပြုလိုက်ပါမယ်…ပေးဆပ်အနစ်နာခံမှုအတွက် တန်းဖိုးမထားခဲ့ရင်လည် စွန့်လွှတ်ကျောခိုင်းနိုင်တဲ့ သတ္တိမျိုးမွေးထားပါတယ်..
မောင်…ဟာနိုင်ငံ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ တာဝန်နဲ့ကျွန်မကိုယှဉ်ပြီးရွှေးချယ်ရမယ်ဆိုရင် နိုင်ငံတာဝနိကိုပဲ မောင်ရွှေးရမယ်, အများကောင်းဖို့အတွက် အချစ်ရဆုံးသူတစ်ယောက်ကိုလည် စွန့်လွှတ်သင့်ရင် စွန့်လွှတ်နိုင်ရမယ်။မောင်..မိခင်နဲ့ကျွန်မကိုယှဉ်ပြီးရွှေးချယ်ရမယ့်အချိန်တစ်ခုကိုရောက်ခဲ့မယ်ဆိုရင် မောင်..ရဲ့မိခင်ကိုပဲရွှေးချယ်ရမယ်နော်…ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့အချစ်ဆုံးဆိုတာက မောင်…အမေ အိပ်နေသလောက်ပဲရှိနေလို့လေ….
မောင်..ကိုအရမ်းချစ်သလို..
အရမ်းလည် လွမ်းရပါတယ်……မောင်.ရယ်..

Writer by
Mayaster မေအက်စတာ