Kashima Reiko

Kashima Reiko

– ဒီသရဲမကတော့ မိန်းကလေးတွေ သို့ မဟုတ်လည်း ကျောင်းအိမ်သာတွေထဲမှာ ခြောက်လှန့် လေ့ရှိတဲ့ သရဲမတစ်ကောင်ပဲဖြစ်ပါတယ်ဗျ။

“သတိပေးနှိုးဆော်ချက်”

– ဒီသရဲမအကြောင်းကို ဖတ်တဲ့သူတွေရဲ့ 75 ရာခိုင်နှုန်းဟာ ကျောင်းအိမ်သာထဲမှာ အမြဲတမ်းလိုလို ဒီသရဲမရဲ့ ခြောက်လှန့် ခြင်းကိုခံရပါတယ်။

– အဲ့တော့.. ဒီသရဲမကိုကြောက်တယ်ဆိုရင် ဒီစာကို ဆက်မဖတ်ဖို့ တိုက်တွန်းပါတယ်ဗျ။ အကြောက်အလန့် မရှိဆက်ဖတ်မယ်ဆိုရင်တော့ လအနည်းငယ်အတွင်းမှာ တကယ်ကြုံတွေ့ ရတတ်ပါတယ်။

– ဒီသရဲမဟာ အရင်တုန်းက သာမာန်အမျိုးသမီးကျောင်းသူတစ်ဦးဖြစ်ပြီးတော့ တစ်ညမှာ ကျောင်းကအပြန် .. လူတစ်အုပ်ရဲ့ နှိပ်စက်တာကိုခံခဲ့ရပါတယ်။

– နောက်ဆုံး ပိုးစိုးပက်စက်ထိုးနှက်ပြီးတော့ လမ်းပေါ်မှာပြစ်ထားခဲ့ပါတယ်။ သူမဟာ တစ်ကိုယ်လုံးစုတ်ပြတ်ပြီးတော့ အသံလည်းမထွက်နိုင်တော့ပါဘူး။

– နောက်တော့ သူတရွတ်တိုက်ဆွဲပြီးတော့ သူ့ အိမ်သူရောက်အောင်ပြန်ပါတယ်။ ဒါပေမယ့်ကံဆိုးချင်တော့ သူမ အိမ်ကိုမရောက်ခင် ရထားလမ်းတစ်ခုပေါ်မှာ ခါးလည်ရထားဖြတ်ကျိတ်ခံခဲ့ရပါတယ်။

– သူမဟာ လက်စားချေချင်စိတ်ပြင်းထန်ပြီးတော့ ခင်များရဲ့ ကျောင်းအိမ်သာမှမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ရေချိုးခန်းသို့ မဟုတ် အိမ်သာမှာလည်း ခြောက်လှန့် ခံရနိုင်ပါတယ်။

– အကယ်လို့ သူမခြောက်လှန့် တာခံရရင် သူမက မေးခွန်းမေးတတ်ပါတယ်။ မေးခွန်းကိုစောက်တလွဲဖြေရင် နှစ်ပိုင်းပိုင်းပြီးတော့ ခင်များကိုသတ်ပါတယ်။

– အကယ်လို့ နှစ်ပိုင်းမပိုင်းရင်လည်း ခင်များဟာလေဖြတ်ပြီးတော့ အောက်ပိုင်းလှုပ်လို့ မရတော့ပါဘူး။ ဆိုတော့ကာ မေးတဲ့မေးခွန်းတွေကို သတိထားစေချင်ပါတယ်။

– သူမက ငါ့ခြေထောက်နဲ့ အောက်ပိုင်းဘယ်မှာလဲမေးရင် .. ရထားလမ်းပေါ်မှာကျန်ခဲ့တယ်လို့ ဖြေရပါတယ်။ ဘယ်သူကပြောတာလဲဆိုရင် Kashima ကပြောတာပါလို့ ပြန်ဖြေရပါတယ်။

– ငါ့နာမည်ဘယ်သူလဲလို့ မေးရင် Kashima လို့ ဖြေပါ။ အာ့ဆိုရင်တော့ ခင်များသေပြီ။ တကယ့်အဖြေမှန်က Mask Death Demon လို့ ဖြေရတာပါဗျ။

– ဒီပုံပြင်ကို အဆုံးထိဖတ်လိုက်ပြီဆိုတော့ ခင်များသိပ်မကြာခင်မှာ သူမနဲ့ ကြုံတွေ့ ရတော့မယ်ဆိုတာ သတိရပေးပါ။ သတိသာ ထားပေတော့..

808 woody Creation