ကိုယ့်ကိုကို အမြဲတမ်း သူများနဲ့ ပြိုင်နေဖို့ လိုလား?

ကိုယ့်ကိုကို အမြဲတမ်း သူများနဲ့ ပြိုင်နေဖို့ လိုလား?

( ဒီ 3 မိနစ်စာဆောင်းပါးတစ်ပုဒ်က သင့်ရဲ့ mindset ကိုပြောင်းလဲစေနိုင်မှာပါ )

ကျွန်တော်တို့ အများစုလုပ်နေမိတဲ့ သတိမထားမိတဲ့ အမှားတစ်ခုရှိပာတယ်။

အဲ့အမှားကိုမပြောပြခင် ကျွန်တော် ဥပမာတစ်ခုပြောပြချင်ပါတယ်။

သင့်အနေနဲ့ ဆိုင်ကယ် (ဒါမှမဟုတ်) ကား မောင်းနေတယ်ဆိုပါတော့။ သင်သွားနေတဲ့လမ်းမှာ သွားလာနေတဲ့ ကား၊ဆိုင်ကယ်တွေကို သင့်လမ်းနဲ့လွတ်မလွတ် တချက်ကြည့်ပြီး ကိုယ့်လမ်းကိုဆက်သွားလား ?

ဒါမှမဟုတ်

ကိုယ့်လမ်းကရှင်းနေရဲ့သားနဲ့ အခြား ကား၊ဆိုင်ကယ်တွေကိုပဲ ကြည့်ပြီး အာရုံများနေပြီး သင် ဆက်မသွားပဲနေမလား ?

မေးခွန်းကြီးက ကြောင်လိုက်တာ၊ တချက်လွတ်မလွတ်ကြည့်ပြီး ကိုယ့်လမ်းကိုပဲဆက်သွားမှာပေါ့ လို့ သင်ပြောချင်နေတယ်မလား 🙂

တကယ့်နေ့စဉ်ဘဝမှာ သင် အဲ့လိုမလုပ်မိပဲ အမှားတစ်ခုကို လုပ်မိနေပါတယ်!!

သင့်မှာ ကိုယ့်ကိုယ်ပိုင် သွားရမယ့် ရည်မှန်းချက်ပန်းတိုင်ရှိပါရက်နဲ့ တခြားသူတွေရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကိုပဲ အာရုံစိုက်ဝေဖန်နေပြီး ကိုယ်သွားရမယ့်လမ်းကို နှောင့်နှေးနေတာ သတိထားမိရဲ့လား ?

သူငယ်ချင်းတစ်ယောက် နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်သွားတာကိုကြည့်ပြီးတော့ အားကျ ၊ မနာလို၊ သိမ်ငယ်စိတ်တွေဝင်ပြီး ကိုယ့်ရဲ့ပန်းတိုင်ကို သွားဖို့ အားမရှိတဲ့အချိန်တွေ ကြုံဖူးပါလိမ့်မယ်။

“ငါတော့ သွားပြီ။ သူများတွေ အောင်ကုန်ပြီ။ ငါ့မှာတော့ အခုထိ ဘာလုပ်ရမလဲ စဉ်းစားတွေဝေနေတုန်း” ဆိုပြီးတော့ပေါ့။

တကယ်တမ်းမှာ တခြားသူတစ်ယောက်ရဲ့ ဘဝရည်မှန်းချက် နဲ့ သင်ရဲ့ ရည်မှန်းချက်ခြင်းဟာ လုံးဝမတူညီနိုင်ပါဘူး။ တခြားသူက တစ်စုံတစ်ခုမှာ အောင်မြင်နေချိန်မှာ သင်လည်း သင့်နည်းသင့်ဟန်နဲ့ ကြိုးစားခဲ့ပြီးပါပြီ။

ကိုယ့်ရဲ့ လမ်းကြောင်းအတိုင်း သွားပါ။ တခြားသူတွေ ဘယ်လိုမတူညီတဲ့ လမ်းကြောင်းတွေသွားနေလဲ တချက်ကြည့်ပါ။ ပြီးရင် နှိုင်းယှဉ်မယ့်အစား ကိုယ်လုပ်နေတာတွေမှန်လား ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပါ။ မှန်ရင် ဆက်သွားပါ။

သင်ရော? ကိုယ့်ကိုကို သူများတွေနဲ့ အမြဲတမ်း ပြိုင်မိနေလား?

Dr. Pyae Sone Ko Ko
Your Mindset Adviser