လူတိုင်းသိပြီး လိုက်နာသင့်တဲ့အခြေခံကျင့်ဝတ်တွေ

လူတိုင်းသိပြီး လိုက်နာသင့်တဲ့အခြေခံကျင့်ဝတ်တွေ

၁။ တယောက်ယောက်ကိုဖုန်းခေါ်လို့ မကိုင်တဲ့အခါ ဆက်တိုက်မခေါ်ပါနဲ့။ ဘယ်သူမှအမြဲတမ်းမအားသလို လူတိုင်းမှာအရေးကြီးကိစ္စတွေရှိတယ်ဆိုတာ သတိရပါ။
၂။ စားသောက်ဆိုင် သို့ ပွဲတွေမှာ တယောက်ယောက်က အစားအစာတွေကိုမှောက်ကျသွားတာဖြစ်ဖြစ်
ဇွန်း၊ခက်ရင်းတွေလွတ်ကျတာဖြစ်ဖြစ် ဖြစ်ရင် စိုက်မကြည့်ရပါဘူး။
၃။ ပိုက်ဆံချေးထားလျှင် နဲနဲလေးကအစ မတောင်းခင် ပြန်ဆပ်တဲ့အကျင့်လုပ်ပါ။ အလားတူ တယောက်ယောက်ဆီက ထီး၊ ဘောပင် အစရှိသဖြင့် ငှားထားလျှင် ပြန်ပေးပါ။
၎။ သူငယ်ချင်း ၊ မိသားစုဝင်တွေက ဆိုင်မှာ ဖိတ်ကျွေးတဲ့အခါ ဈေးအကြီးဆုံးကို မှာစားတာမျိုးကိုရှောင်ပါ။
ဖြစ်နိုင်လျှင် ဖိတ်ကျွေးတဲ့သူကို ကိုယ့်အစားမှာခိုင်းပါ။
၅။ မတွေ့ရတာကြာတဲ့သူတွေနဲ့ တွေ့တဲ့အခါ “အိမ်ထောင်မကျသေးဘူးလား” “ကလေးမယူသေးဘူးလား” “ဘာလို့အိမ်မ၀ယ်သေးတာလဲ” စသဖြင့် personal မေးခွန်းတွေကို မမေးရပါဘူး။
၆။ အခန်းတံခါး၊ အများပြည်သူသုံးနဲ့ဆိုင်တဲ့နေရာတွေကို သွားတဲ့အခါ ကိုယ်သွားပြီးလဲ ကိုယ့်အနောက်က လူအတွက် တံခါးဖွင့်ပေးပါ။
၇။ သူငယ်ချင်း သို့ မိသားစုဝင်တွေနဲ့ တက်စီစီးလို့ သူတို့ပိုက်ဆံရှင်းတဲ့အခါ နောက်တခေါက် ကိုယ်ရှင်းဖို့
သတိရပါ။
၈။ ဘယ်လောက်ပဲရင်းနှီးတဲ့သူဖြစ်ပါစေ အရေးကြီး ကိစ္စမဟုတ်ရင် ညသန်းခေါင်ဖုန်းဆက်တာမျိုး မလုပ်ပါနဲ့
၉။ တယောက်ယောက်စကားပြောနေတဲ့အခါ ကြားဖြတ်ဝင်မပြောပါနဲ့
၁၀။ ကိုယ်က စနောက်လို့ မကြိုက်ရင် နောက်တခါ ထပ်ပြီး မစနောက်ပါနဲ့
၁၁။ ကိုယ့်ကို ကူညီတဲ့မည်သူ့ကိုမဆို ကျေးဇူးတင်စကားပြောပါ
၁၂။ အသိတယောက်ယောက်နဲ့တွေ့တဲ့အခါ ၀လာတယ် ပိန်သွားတယ် စသဖြင့် စပြီးနှုတ်ဆက်စကားမပြောရပါဘူး။
၁၃။ ခရီးရှည်သွားဖို့ လေယာဉ် ရထားစီးမယ့်အခါ ရေမိုးချိုး သန့်သန့်ရှင်းရှင်းသွားပါ။
ကိုယ့်ဘေးမှာထိုင်မယ့်သူအတွက် ယဉ်ကျေးရာရောက်ပါတယ်။
၁၄။ တယောက်ယောက်က သူတို့ဖုန်းထဲက ပုံကိုပြတဲ့အခါ ဘယ်ညာဆွဲကြည့်တာမျိုး မလုပ်ပါနဲ့။
၁၅။ အသိတယောက်က ဆေးခန်းသွားဖို့ရှိတယ် ဆရာဝန်နဲ့ချိန်းထားတယ်ဆိုတာမျိုး ပြောတဲ့အခါ ဘာဖြစ်တာလဲဆိုတာမျိုး မမေးပဲနဲ့ မြန်မြန်နေကောင်းပါစေ လောက်ပဲပြောပါ။
၁၆။ အလုပ်မှာ ကိုယ့်အထက်လူကြီးကိုဆက်ဆံသလိုပဲ လုပ်ဖော်ကိုင်ဖက်၊ လက်အောက်ငယ်သား၊ အောက်ခြေ၀န်ထမ်းတွေကို လေးလေးစားစားဆက်ဆံပါ။ ရိုင်းပျတဲ့သူကို ဘယ်သူမှသဘောမကျတတ်ပါဘူး။
၁၇။ တယောက်ယောက်က ကိုယ့်ကိုစကားပြောနေတဲ့အခါ ဖုန်းကိုပဲကြည့်နေတာမျိုးမလုပ်ပါနဲ့
၁၈။ ကိုယ့်ကိုတိုက်ရိုက်မမေးပဲ အကြံဥာဏ်သွားမပေးပါနဲ့
၁၉။ မတွေ့တာကြာတဲ့အသိမိတ်ဆွေတွေ တွေ့တဲ့အခါ အသက်နဲ့ လစာဘယ်လောက်ရတာလဲဆိုတဲ့မေးခွန်းတွေကိုမမေးပါနဲ့။
၂၀။ တယောက်ယောက်က မုန့်၊ အစားအစာတွေကို ကျွေးလို့ ကိုယ်မစားချင်တဲ့အခါ ယဉ်ယဉ်ကျေးကျေးငြင်းပယ်ပါ။ မြည်းစမ်းပြီးမှ မစားတော့ဘူးဆိုတာမျိုးမလုပ်ပါနဲ့။ ရိုင်းရာကျပါတယ်။
၂၁။ မတွေ့တာကြာတဲ့ အသိတယောက်ယောက်နဲ့တွေ့တဲ့အခါ ပိန်တာ ၀တာ မဲတာ ဖြူတာမျိုး သိသိသာသာသာ ပြောင်းသွားတာမျိုးကိုမြင်ရင်တောင် ကိုယ့်ဖက်ကစပြီး မပြောပါနဲ့။
၂၂။ သူများကလေးတွေကို ချစ်ရင်တောင် ပွေ့ဖက်နမ်းရှုံ့တာမျိုးမလုပ်ရပါဘူး
၂၃။ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်တဲ့ ကိစ္စတွေမှာ ၀င်ရောက်ပြောဆိုတာမျိုး မလုပ်ပါနဲ့။
၂၄။ စားသောက်ဆိုင် သို့တနေရာသွားတဲ့အခါ အိတ်တွေကို စားပွဲအောက်မှာပဲ အမြဲထားပါ။
၂၅။ တယောက်ယောက်ရဲ့ကားကို ငှားစီးပြီး ပြန်ပေးတဲ့အခါ ဆီအပြည့်ဖြည့်ပေးပြီး ကျေးဇူးတင်စကားပြောပါ။
၂၆။ စူပါမားကတ် ၊ food court တွေမှာငွေရှင်းတဲ့အခါ ကြားမဖြတ်ပဲ တန်းစီပါ။
၂၇။ အင်တာနက်ကဖြစ်စေ ဆိုရှယ်network ကဖြစ်စေ အပြင်ကဖြစ်စေ စာ၊ ပုံစသဖြင့် ကူးယူချင်တဲ့အခါ
ခရက်ဒစ်ပေးခြင်းဒါမှမဟုတ် ဒီစာသို့ ပုံကို ကူးယူမည်ဟုအသိပေးခြင်းကို လုပ်ပါ။ ဒါဟာမူရင်းပိုင်ရှင်ကို
လေးစားရာရောက်ပါတယ်။

Credits to the author/s of the original post, just added a few on the latter. 🙂
If it hits you, pass and do share. Please Repost👌🏻
လူတိုင်းသိပြီး လိုက်နာသင့်တဲ့အခြေခံကျင့်ဝတ်တွေမို့လို့ မြန်မာပြန်ထားခြင်းဖြစ်ပါတယ်။
#christine