ကမ္ဘာ့ကြက်တောင်ပြိုင်ပွဲများတွင် ရွှေတံဆိပ်နှစ်ခုရ သက်ထားသူဇာ

ကမ္ဘာ့ကြက်တောင်ပြိုင်ပွဲများတွင် ရွှေတံဆိပ်နှစ်ခုရ သက်ထားသူဇာ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲများဖြစ်သည့် Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့်Kenya International 2019 ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိသော အောင်ပွဲရ မြန်မာ့ လက်ရွေးစင် မြန်မာကြက်တောင်မယ် သက်ထားသူဇာ သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံ့ဂုဏ်ဆောင် မြန်မာကြက်တောင်မယ် သက်ထား သူဇာအား အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကစားသမားများ၊ မြန်မာနိုင်ငံကြက်တောင်ရိုက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ကြက်တောင်အားကစားချစ်ပရိသတ် များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောင်ပန်းစည်းများပေးကာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

”သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ တိုင်းကိုကြိုးစားပြီး ရိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း နိုင်ငံ့ဂုဏ် ဆောင်ပေးနိုင်ဖို့၊ ဆုတွေအများကြီး ယူလာပေးဖို့လည်း ရှိပါတယ်။ ပြိုင်ပွဲ မှာ ကစားသမားတွေက အိမ်ရှင်နိုင်ငံ က ပိုများပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီးကစားခဲ့ရပါတယ်။ အခု သွားရောက်ယှဉ်ပြိုင်ရတာ အာဖရိက နိုင်ငံတွေအထိ သွားရောက်ရတဲ့ အတွက် ခရီးသွားတာဝေးတာရယ် အစားအသောက်နဲ့ ရာသီဥတု ကွာခြားချက်လေးတွေမှာ အခက်အခဲ အနည်းငယ်တော့ရှိပါတယ်။ အတတ် နိုင်ဆုံးတော့ ကြိုးစားခဲ့တယ်။မြန်မာနိုင်ငံက ကြက်တောင်ကစား သမားတွေအနေနဲ့လည်း လေ့ကျင့် ခန်းတွေမှာ အကောင်းဆုံးကြိုးစား ကြပါ။ ဒါမှပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မှာပါ။ ပြိုင်ပွဲသွားလို့ရှိရင် လည်း ဆုတွေရအောင် ကြိုးစားကြပါ လို့ပြောချင်ပါတယ်”ဟု အောင်ပွဲရ မြန်မာ့လက်ရွေးစင် သက်ထားသူဇာ ကပြောသည်။

မြန်မာကြက်တောင်မယ် သက်ထား သူဇာသည် လာမည့်ဧပြီလတွင် ဗီယက်နမ်၌ သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ထိုပြိုင်ပွဲတွင် အာရှ နိုင်ငံအသီးသီးမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အသက်(၁၉)နှစ်အရွယ် မြန်မာ ကြက်တောင်မယ် သက်ထားသူဇာ သည် ယခုအခါတွင် ကမ္ဘာ့ကြက် တောင်အဖွဲ့ကြီးမှ ကြီးမှူးကျင်းပ သော Grade – 3 အဆင့်ရှိပြိုင်ပွဲများ ဖြစ်သည့် Future Seriesမှ Kenya International 2019 ပြိုင်ပွဲတွင် အကောင်းဆုံး ရွှေတံဆိပ်၊ Uganda International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အကောင်းဆုံး ရွှေတံဆိပ်ဆုများ ရရှိကာ ကမ္ဘာ့ထိပ်သီးနိုင်ငံများမှ ကြက်တောင်အားကစားမယ်များ အကြားတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုပြိုင်ပွဲနှစ်ခုအား ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ကမ္ဘာ့ ကြက်တောင်ရိုက် ကစားသမားများ၏ တစ်ဦးချင်း အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၅ဝ အတွင်း ဝင်ရောက်နိုင် ခဲ့ကြောင်း သိရသည်။ ၄င်းအနေဖြင့် အဆင့် ၁ဝဝ အတွင်းရှိမှသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသော အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိရေးအတွက် အာရှနှင့် ဥရောပနိုင်ငံများတွင် ကျင်းပသော ပြိုင်ပွဲများသို့လည်း မြန်မာနိုင်ငံ ကြက်တောင်ရိုက်အဖွဲ့ချုပ်၏ ပြိုင်ပွဲ ပြက္ခဒိန် အစီအစဉ်များအတိုင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။

ကိုကြေးမုံ