အမျိုးသမီးတို့ ဖတ်ဖို့ အတွက် (သံမဏိအမျိုးသမီး Kalpana Saroj)

အမျိုးသမီးတို့ ဖတ်ဖို့ အတွက် (သံမဏိအမျိုးသမီး Kalpana Saroj)

👉 “ငါဟာ မသေခင်၊ တစ်ခုခု ကြီးကြီးမားမား အောင်မြင်အောင် လုပ်ပြီးမှ သေမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်”

အမွဲဆုံး၊ အနှိပ်စက်ခံဘဝမှ အချမ်းသာဆုံးဘဝပြောင်းပစ်ခဲ့တဲ့ သေရွာပြန် Kaplana Saroj ဆိုတဲ့ အိန္ဒိယ India က သံမဏိသူဌေးမကြီး ပြောခဲ့တဲ့စကားပါ။

Kaplana Saroj ဟာ India 🇮🇳 က Roperkheda ရွာလေးမှာမွေးလာပြီး အသက် ၁၂ နှစ်မှာ ယောက်ျားပေးစားခံရပါတယ်။

ဘာမှမသိနားမလည်သေးတဲ့ ကလေးမဟာ ယောက်ျားဘက်က တဆွေတမျိုးလုံးရဲ့ ကိုယ်ထိလက်ရောက် နှိပ်စက်တာခံရ ပါတယ်။

မခံနိုင်လွန်းလို့ မိဘရွာကို ပြန်လာတော့ ဝိုင်းပယ် စွန့်ပစ်တာခံရပါတယ်။

နောက်ဆုံး ဘဝဟာ ဆိုးလွန်းလို့ မခံနိုင်တော့ပဲ ပိုးသတ်ဆေး ၃ ပုလင်းသောက်ပြီး သေကြောင်း ကြံခဲ့ပေမယ့် အဒေါ်ဖြစ်သူက ကယ်တင်ခဲ့တာကြောင့် အသက်ချမ်းသာရာ ရခဲ့ပါတယ်။

အဲ့ဒီအချိန်က စပြီး သေရွာပြန် Kaplana Saroj ဟာ ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုခုရပြီးမှ သေမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။

“One day, I determined to end my life and I drank three bottles of insecticide, poison.”

She was saved by her aunt. Her suicide attempt brought a considerably significant change in her life.

“I made up my mind to live my life, and achieve something big, and then die.”

သူမဟာ ဒီနေ့မှာ India 🇮🇳 ရဲ့ စတီးပိုက်လုပ်ငန်း၊ သတ္တုလုပ်ငန်းကြီးရဲ့ Chairperson ဖြစ်လာခဲ့ပါတယ်။

Kaplana Saroj ဟာ အသက် ၁၆ နှစ်မှာ Mumbai မြို့ကို သွားပြီး အထည်ချုပ်စက်ရုံတစ်ခုမှာ ဝင်လုပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အိမ်ထောင်ပရိဘောဂဆိုင် တစ်ဆိုင်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပါတယ်။ ပြီးတော့ အိမ်မြေအကျိုးဆောင်လုပ်ငန်းမှာလည်း အောင်မြင်လာခဲ့ပါတယ်။

သူမဟာ တဖြေးဖြေးနဲ့ အောင်မြင်လာကာ ဂုဏ်သတင်းကျော်ဇောလာခဲ့ပါတယ်။ စွန့်ဦးတီထွင်ဆုပေါင်းများစွာ ရခဲ့ပါတယ်။

၁၉၈၈ ကတည်းက အရှုံးပေါ်လို့ပိတ်ထားခဲ့ရတဲ့ Kamani သံမဏိလုပ်ငန်းက သူ့ကို company ကို ကယ်တင်ဖို့ အကူအညီတောင်းခဲ့ပါတယ်။

သူမဟာ Kamani Tubes Limited ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ငံပြီး ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေကို အလုပ်ပေးနိုင်ခဲ့ပါတယ်။

👉 သူမဟာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီး ဇာတ်နိမ့် ဇာတ်မြင့်ခွဲခြားမှုကို ဆန့်ကျင်သူဖြစ်ပါတယ်။

လုပ်ငန်းပေါင်းမြောက်များစွာကို ထူထောင်ပေးခဲ့တဲ့အပြင် ဆင်းရဲသားတွေ၊ အသက်ကြီးသူတွေကို ကူညီမှု လုပ်နေသူ အာဂအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။

မြန်မာပြည်မှာ အထက်တန်းပညာမပြီးဆုံးပဲ အသက်မွေးမှုအတွက် အထည်ချုပ်လုပ်ငန်းဝင်လုပ်နေတဲ့ မိန်းခလေး တွေ အကြောင်း မကြာခဏ ကြားမိပါတယ်။

တော်တော်များများဟာ ၁ သိန်းကျော် လစာ ရတာနဲ့မလောက်ငှလို့ ဘဝလွတ်မြောက်ရေး အတွက် ပညာတခုခု ရှာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မြောက်အောင် မလုပ်နိုင်ကြတာတွေရပါတယ်။

👉 ထို့အပြင် စင်ကာပူမှာ ရုန်းကန်ကြိုးစားနေတဲ့ ညီမငယ်တွေ …… သူတို့အကြောင်း ကျနော် အသိဆုံးပါ။ သူတို့တွေ အားလုံးအတွက် ဒီစာကိုရေးပါတယ်။

👉 အားလုံးသိထားဖို့က ကိုယ့်အခြေအနေနဲ့ Kaplana Saroj ရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်ပါ။

Kaplana Saroj လို ပညာမတတ်၊ ၁၂ နှစ်နဲ့အိမ်ထောင်ကျ၊ စွန့်ပယ်ခံရ၊ India လို ဇာတ်နိမ့် ဇာတ်မြင့်ခွဲခြားခံရတဲ့ ဘဝမျိုးကနေ သံမဏိသတ္တုစက်ရုံလုပ်ငန်းကြီးကို ဦးဆောင်နိုင်ခဲ့ရင် …

ညီမတို့ဟာ သူ့လောက် ဘဝမဆိုးပါဘူး၊ ကြိုးစားရင် ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခုတော့ ထူထောင်နိုင်မှာပါ။

👉 အားလုံးဟာ ကိုယ့်အနာဂါတ်ကိုယ်ပိုင်တဲ့ လုပ်ငန်းလေးတစ်ခု လိုချင်ကြတာမလား။

👉 Kaplana Saroj ရဲ့ အောင်မြင်မှု အားလုံးဟာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုက စခဲ့တာပါ။ လုပ်ရင်းကိုင်ရင်း လမ်းဟာသူ့ဘာသာ ပေါ်လာပါလိမ့်မယ်။ အားမလျော့ဖို့နဲ့ အမှားကို ပြန်လည်သုံးသပ်ဖို့ပဲ လိုပါတယ်။

All the best to those who dare to break through!

Richard Myo Thant
7-March-2019