စစ်ရှောင်စခန်း ၈ ခုတွင် အင်္ဂလိပ်စာသင်တန်းပို့ချရန် စေတနာ့ဝန်ထမ်းဆရာ/ဆရာမများ ခေါ်ယူ

စစ်ရှောင်စခန်း ၈ ခုတွင် အင်္ဂလိပ်စာသင်တန်းပို့ချရန် စေတနာ့ဝန်ထမ်းဆရာ/ဆရာမများ ခေါ်ယူ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၈ ခုရှိ စစ်ဘေးရှောင်လူငယ်များကို နွေရာသီအင်္ဂလိပ်စာသင်တန်း တလပို့ချရန်အတွက် ပရဟိတစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ အယောက် ၂၀ ဦးခေါ်ယူမည်ဖြစ်ကြောင်း ဖယောင်းတိုင်စာကြည့်တိုက်ဖောင်ဒေးရှင်း (Candle Library Foundation) ပရိုဂရမ် မန်နေဂျာ ဘီအက်စတာဇေနောက News Watch သို့ ပြောသည်။

“လာရောက်လျှောက်ထားတဲ့သူတွေအနေနဲ့ တတိယနှစ်ရှိရမယ်။ အင်္ဂလိပ်စာအသိအမှတ်ပြု လက်မှတ်ရှိရမယ်။ အသိအမှတ်ပြုလက်မှတ် မရှိဘူးဆိုရင် အင်္ဂလိပ်စာအရည်အချင်းအတွက် အင်တာဗျူးဖြေရမယ်။ အီးမေးလ်ကနေလည်း လျှောက်လို့ရတယ်။ လူကိုယ်တိုင် လာရောက်လျှောက်ထားလို့လည်း ရပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမအဖြစ် ရွေးချယ်ခံရသူများအနေဖြင့် Candle Library ဖောင်ဒေးရှင်းမှ ဆောင်ရွက်မည့် သင်ကြားရေးဆိုင်ရာပြင်ဆင်မှုသင်တန်းကို မပျက်မကွက်တက်ရောက်ရမည်ဖြစ်ကာ စစ်ရှောင်စခန်းတွင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများအတွက် နေထိုင်စရိတ်နှင့် ခရီးစရိတ်များကို ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအစီအစဉ်ကို ၂၀၁၄ ခုနှစ်မှစတင်၍ ၂၀၁၈ ခုနှစ်အထိ Candle Library ဖောင်ဒေးရှင်းမှ စစ်ရှောင်စခန်းတခုစီတွင် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် စစ်ရှောင်စခန်း ၈ ခုတွင် တပြိုင်တည်းပြုလုပ် မည်ဖြစ်သည်။ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ရန် စိတ်ပါဝင်စားသူများအနေဖြင့် အီးမေးလ် Candle Libraty [email protected] နှင့် ဖုန်း 09 952211145 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း နှင့် လျှောက်လွှာများကို မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပို့ပေးရမည်ဖြစ်ကြောင်း သိရသည်။

TCMvvv