အမြင်မှန်မှ အမှန်မြင်မှာပါ

အမြင်မှန်မှ အမှန်မြင်မှာပါ

♦ လူအများစု ဟာ …..
လောကဓံ အဆိုးနဲ့ ကြုံရတဲ့အခါ
ကြိတ်မှိတ်ခံစား တတ်ကြပေမယ့်
အကောင်း လောကဓံ နဲ့
ကြုံတဲ့အခါ အရာရာ မေ့တတ်ပြီး
မာန်ထောင် ဝင့်ကြွားလာတတ်ကြပါတယ် …။

♦ တကယ်တော့….
မိမိရဲ့စိတ်ကို အလိုလိုက်နေ သရွေ့
အမှန် မမြင်နိုင်ဘဲ ……
အမြင်မှန်လည်း မရနိုင်ပါဘူး ….။
👉 စိတ်ဟာ ….
အလိုလိုက် အမိုက်စော်ကား ဆိုသလို
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး
အခြားသူတွေကို အထင်သေး
မလေးမစား ဆက်ဆံချင်လာတတ်ပါတယ် …။

♦ လောကမှာ …..
ရာထူး ဂုဏ်သိမ် စည်းစိမ် ရတနာတွေဟာ
မရှိမဖြစ် ဆိုပေမယ့် ……
သုံးတတ်ရင်ဆေး ဖြစ်တတ်သလို
မသုံးတတ်ရင်လည်း ဘေးတွေ့တတ်ပါတယ် …။

♦ ပညာမဲ့သည်ဖြစ်စေ / ပညာတတ်သည်ဖြစ်စေ…။
👉 ရာထူး အာဏာ စည်းစိမ် ဥစ္စာ
အလွှမ်းမိုး ခံရတဲ့ အခါ ….
👉 အဝိဇ္ဇာ အမှောင်ဖုံးသွားပြီး …..
👉အမှားကို အမှန်ထင်
အမှန်ကို အမှား ထင်လာကာ
အသိ အမြင် မစင်ကြယ်တော့ဘဲ
ရန်သူကိုပင် မိတ်ဆွေထင်
မိတ်ဆွေကိုလည်း ရန်သူ ထင်လာတတ်ပါတယ်…။

♦ အမြင်မှန်ဖို့ အတွက် …..
အမှန်မြင်တတ်ဖို့က အဓိက ဖြစ်ပါတယ်။
ယောနိသောမန သိကာရ ဆိုတဲ့
နှလုံးသွင်း ကောင်းမှု အမြဲရှိနေပြီး
မြင်မြင် သမျှ အရာရာတိုင်းကို
မေတ္တာ မျက်လုံးနဲ့ ကြည့်တတ်ရမှာပါ။
လူကို လူ လို မြင်တတ်လာပြီး….။
👉 လူအချင်ချင်း ကိုလည်း …..
တန်းတူ စိတ်ထား 👉 ဂရုဏာ တရား
လက်ကိုင်ထားရမှာ ဖြစ်ပါတယ် ….။
👉 ကိုယ့်ထက်သာလို့ ……
ဝမ်းမြောက် ရွှင်မြူးနေရ သလို
👉 ကိုယ် အောင်မြင်သလို
သူများတွေကိုလည်း အောင်မြင်စေချင်တဲ့
ဆန္ဒ အပြည့် အဝ ရှိနေရမှာပါ …..။
👉 ဒါမှ….
အသိမှန် အမြင်မှန် နဲ့
ဘဝ ဆက်လက် ရှင်သန်နိုင်ပါလိမ့်မယ် ….။

Crd – မူရင်း ရေးသာသူ

လေးစာစွာဖြင့် – ThuRain