စိတ် ကစဥ့်ကလျား ရောဂါ

စိတ် ကစဥ့်ကလျား ရောဂါ

“အသံတွေ ကြားနေရတယ်၊ ဝတ်ဖြူစင်ကြယ်နဲ့  အဖိုးကြီးကို မြင်မြင်နေရတယ်၊

အပြင်ထွက်ရင် တယောက်ယောက်က နောက်ကလိုက်နေတယ်ပဲထင်တာ၊ လောကကြီးမှာ လူဖြစ်လာရတာ မှားပါတယ်၊ ငှက်ကလေးဖြစ်ခဲ့ရင် ကောင်းမှာ…”

ဒီ စိတ်ကစဉ်ကလျားရောဂါဟာ နာတာရှည် ပြင်းထန်စိတ်ရောဂါပါ။
ကမ္ဘာတလွှား ၂၂ သန်း ဖြစ်နေတယ်။

#ဘာတွေထင်ရှား

စဉ်းစားတွေးခေါ်တာတွေ၊အာရုံခံစားသိတာတွေ၊စိတ်ခံစားတာတွေ၊ဘာသာစကားစဉ်းစားပြောဆိုတာတွေနဲ့  အပြုအမူတွေဟာ ပျက်ယွင်းလာတယ်။

တကယ်မရှိတာတွေကို ထင်ယောင်ထင်မှာ မြင်ရ ကြားရလာတယ်။မရှိတာတွေမြင် မရှိတဲ့အသံတွေ ကြားလာတယ်။
အာရုံမှားမှုတွေဖြစ်လာတယ်။
မှားယွင်းတဲ့ယုံကြည်မှုတွေ ဖြစ်လာတယ်။

စခီဇိုလူတွေဟာ သာမန်လူတွေထက် ပိုပြီးမြန်မြန်သေနိုင်ချေ ၂ဆကနေ ၃ဆထိများပါတယ်။
ဒါဟာ ကြိုပီးကာကွယ်ကုသလို့ ရတဲ့ နှလုံးဆက်စပ်ရောဂါတွေ၊ ဇီဝကမ္မဆိုင်ရာရောဂါတွေနဲ့  ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလာလို့ ပါ။

စကီဇိုရောဂါသည်တွေကို အမြင်မကြည်တဲ့ ဓလေ့တွေ၊ ခွဲခြားတတ်ကြတာတွေနဲ့  လူ့ အခွင့်အရေး ချိုးဖေါက်တာတွေဟာ အတွေ့ ရများပါတယ်။

#ကုလို့ 

စခီဇိုရောဂါဟာ ကုလို့ ရပါတယ်။ ဆေးနဲ့ လဲ ကုနိုင်သလို စိတ်ပိုင်း လူမှုရေးအပိုင်းထောက်ပံ့ပေးခြင်းနဲ့ လဲ ထိရောက်စွာ ကုသနိုင်ပါတယ်။

#လက္ခဏာတွေက

ـမရှိတာတွေမြင်ရတာ၊ မရှိတဲ့အသံတွေ ကြားရတာ အာရုံမှားတာတွေ
ထင်ယောင်ထင်မှားဖြစ်တာ ၊ ယုံမှားလွန်တာ၊သံသယလွန်တာ၊ ယုံကြည်တာတွေ မှားတာ

ပုံမှန်မဟုတ်တဲ့အပြုအမူတွေ~စုစည်းမရတဲ့ အပြုအမူတွေ~ဘာမှ မဟုတ်ပဲ အံ့သြနေတာ~စကားမပီ ဗလုံးဗထွေးဖြစ်လာတာ~တယောက်ထဲ ရယ်နေတာ~ထူးဆန်းတဲ့အမူအယာတွေ ပြလာတာ~ကိုယ့်ကိုကိုယ် မပြုမပြင် လျစ်လျူရှုလာတာ~ဖရိုဖရဲ ကပိုကရို ဖြစ်လာတာ…
~စကားတွေ ရှေ.့ နောက်မညီ စုစည်းမှု မရှိတော့တာ~ကျိုးကြောင်းမညီတော့တာ…

~စိတ်ခံစားမှုမှာ အနှောင့်အယှက်တွေ များလာတာ~ခံစားမှု ကင်းလာတာ~လျစ်လျူရှုလာတာ~ အရေးမထားဖြစ်လာတာ~သူပြောတဲ့စိတ်ခံစားမှုနဲ့  သူပြတဲ့အပြုအမူ မျက်နှာထားတွေဟာ ဆက်စပ်မှု မရှိတော့တာ…

#ဖြစ်နေတာက

ကမ္ဘာတလွှားမှာ ကျား ၁၂သန်းကျော်
မ ၉သန်းကျော်
ကျားတွေဟာ ပိုပြီး စောစောဖြစ်တတ်ပါတယ်။

#ဘာ့ကြောင့်ဖြစ်

တခုထဲကြောင့်ဖြစ်တယ်လို့  မပြောနိုင်သေးပါဘူး။
တွေးဆယူရတာက ဗီဇနဲ့  ပတ်ဝန်းကျင်းဆိုင်ရာအချက်တွေ အပြန်အလှန်တုံ့ လှည်မှုကနေ စ,ဖြစ်တယ်လို့  ယူဆရပါတယ်။မျိုးရိုးကိုလဲ ဂရုစိုက်ပါ။ ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်ပါ။

#ကုသလို့ 

ကုသလို့  ရနိုင်ပါတယ်။
စခီဇို ၅၀%ဟာ သင့်တော်တဲ့ ကုသမှု မရကြပါဘူး။အလယ်အလတ်လူတန်းစား စခီဇို ၉၀%ဟာ ကုသမှု မရကြပါဘူး။စခီဇို စိတ်ရောဂါသည်တွေကို ဂရုစိုက်ပြီး ကုသစောင့်ရှောက်သင့်ပါတယ်။

စခီဇိုလက္ခဏာ တွေ တွေ့ လာရင် စောစော ကုသမှု ခံယူသင့်ပါတယ်။

ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ…

#Psychology for All
#WHO
#Mental disorders
#Clinical Psychology