တကယ်ကောင်းလို့ ရှယ်လိုက်တယ်ဗျာ ကျူ ပ်အသိတရားနဲ့ နှိုင်းသော်

တကယ်ကောင်းလို့ ရှယ်လိုက်တယ်ဗျာ ကျူ ပ်အသိတရားနဲ့ နှိုင်းသော်

ကျူ ပ်လေ….

သူမကိုမြင်တိုင်း ရှက်နေမိတယ်။

ဘာကြောင့်လဲမေးကြမှာပေါ့။

ဟုတ်ကဲ့.ကျူ ပ်မှာအဖြေရှိပြီးသားပါ။

ကျုပ်ဟာ ယောက်ျားရင့်မာကြီးဖြစ်နေပါလျှက်
(ကျုပ်တို့ဘာသာအရ ဘုရားဆု့
ပန်ထိုက်သူလို့ ပြောကြတာပဲ)
အဲ့ဒီ ထမီဝတ်တဲ့မိန်းမကြီး
ခြေမှုန် တွေလောက်တောင်
ဆံချည်တစ်မျှင်လောက်တောင်
ကျုပ်မှာ ကိုယ်ခံအား စိတ်ခံအား
မကောင်းရှာဘူး။

ကျုပ်အဖြစ်ကိုကြည့်လေ
အဖေအမေစုံစွာ အသက်နှစ်ဆယ်ကျော်
သုံးဆယ်နီးပါးဖြတ်သန်းခဲ့ပါလျှက်
အဖေအမေက ပညာအမွေ တွေ
ဆုံးမသြဝါသတွေ ထုံးမွန်းခဲ့ပါလျှက်
ကျုပ်ဟာ ကျုပ်အတ္တတာ ရှေးရှု
ရမ္မက်တွေပဲ ဖြာဝေနေခဲ့တယ်။
ပေးဆပ်မှု့တစ်ခု့လုပ်တိုင်းကြွားဝါနေတတ်ပြီး
ရလိုမှု့ အခါတစ်ထောင်မကကျတော့
ကျုပ်ဟစ်ကြွေးတာက
ငါကရိုးသားစွာပါတဲ့။
ဘယ်လောက်ရှက်ဖို့ကောင်းလဲဗျာ။

အဲ့ဒီမိန်းမကြီးက ငယ်စဉ်ကတည်းက
မုဆိုးမအမေကြီးပြု့စုဆုံးမမှု့နဲ့တင်
အတ္တတွေ နောက်မလိုက်
ပညာနောက် လိုက်ခဲ့တယ်။
ရမ္မက်တွေနေရာမှာ
သိက္ခာတွေ မာခဲ့တယ်။
ရယူလိုမှု့တစ်ခုရှိတိုင်း ညီးတွားတတ်ပြီး
ပေးဆပ်မှု့ကြတော့ သူ့တစ်ဘဝလုံး
ရင်းဖြစ်တယ်။

သူမဟာ မဟာလူသားဆိုတော့
ကျုပ်တို့နိုင်ငံသားတွေကပဲ
ထမီခြုံတဲ့။
ဟုတ်ကဲ့ ကျုပ်လေ သူမထမီမကဘူး
သူမဗိုက်ထဲကထွက်လာတဲ့
သူမ သွေးသားဖြစ်ချင်မိပါ၏။

သူမရဲ့ခန္တီပါရမီ
ပညာ သမာဓိ သတိတရား
လက်ကိုင်ထားမှု့ဟာ
ကျုပ်တို့ ယောက်ျားဆိုတဲ့
အရင့်အမာ ၁၀၀၀မှာ တစ်ယောက်တောင်
မရှိသေးတဲ့အတွက်
မရှိနိုင်တဲ့အတွက်
ကျုပ် သူမကိုချစ်ပါလျှက်
ကျုပ်ကိုယ်တိုင် ယောက်ျားလို့ခံယူ တတ်လို့
ရှက်တတ်နေပါသည်။

သူမကိုဘက်ပေါင်းစုံတိုက်ခိုက်နေသူ
တွေဟာ မရှက်တတ်ရင် လူလို့
ကျူ ပ် မသတ်မှတ်ပါကြောင်း…..
ထပ်လောင်း ပြောချလိုက်ပါသည်…..

လေးစားလျှက်
သံပါးစပ်