ဗုဒ္ဓကို ကျွန်တော် အရမ်းလေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့

ဗုဒ္ဓကို ကျွန်တော် အရမ်းလေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့

ဗုဒ္ဓကို ကျွန်တော် အရမ်းလေးစားပါတယ်။
ဘာကြောင့်လဲဆိုတော့

ဗုဒ္ဓဟာ ဒီကမ္ဘာကြီးကို
ငာ ဘုရား ပိုင်တယ်လို့ မကြွားခဲ့ပါဘူး။

ငါ ဘုရားကို ကိုးကွယ်ရင်
ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး။

ငာ ဘုရားကို မရှိခိုးရင်၊ မကိုးကွယ်ရင်
ငရဲကို ပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး။
ငာ ဘုရားကို ရှိခိုးခြင်းထက်
စရဏပိုင်း ကောင်းမွန်ခြင်းဟာ
ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား
ပြောကြားခဲ့သူပါ။

“ငာ ဘုရားပြောတဲ့ စကားတိုင်းကိုလည်း အလွယ်တကူ မျက်စိမှိတ် မယုံလိုက်ပါနဲ့” လို့ ရဲရဲတောက် ပြောကြားခဲ့သူပါ။
ငာဘုရား ဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ
ငာ ဘုရားပိုင်တာ မဟုတ်ဘူး။
သဘာဝ အမှန်တရားတွေသာဖြစ်တယ်လို့
ပေါ်ပေါ်တင်တင် ပြောကြားခဲ့သူပါ။

မြတ်ဘုရားဟာ ရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း
တစ်ဦးတစ်ယောက်တည်း မောင်ပိုင်စီးထားတာမျိုးမဟုတ်ဘဲ……..

“ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ်”
ဆိုတဲ့ လမ်းကြောင်းတစ်ခုကို စိတ်သဘောထား ကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ။
လွပ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲ့တဲ့ ပထမဆုံးသော
ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ။

“ကိုယ်ကောင်းတာလုပ်ရင် ကောင်းကျိုး ခံစားရမယ်။
မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရမယ်။”

မိမိရဲ့ ကောင်းခြင်း၊ ဆိုးခြင်း ရလဒ်တွေဟာ
မိမိရဲ့ အတိတ်၊ ပစ္စုပ္ပန်ကာလတွေရဲ့
လုပ်ရပ်ကြောင့်ဖြစ်တယ်။
မည်သူ တစ်ဦးတစ်ယောက်ကမှ
ဖန်တီး စီရင်နေတာ မဟုတ်ဘူးလို့
အကြောင်းတရားကြောင့်
အကျိုးတရားဖြစ်ရခြင်းကို
ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော
ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ။

မြတ်ဗုဒ္ဓရဲ့ တစ်သက်တာကာလပတ်လုံးမှာ
မြတ်ဗုဒ္ဓ တားမြစ်ခဲ့တဲ့ တရားတွေကို
မြတ်ဗုဒ္ဓကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်။
အဲဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓကို အရမ်းလေးစားပါတယ်။ အရမ်းကြည်ညိုပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့
ငြိမ်းချမ်းခြင်းတရားတော်တွေဟာ အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ။ လိုက်နာကျင့်သုံးနေတုန်းပါပဲ။

ဒီနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင် ဗုဒ္ဓတရားတော်တွေထဲမှာ နည်းလမ်းတွေ ရှိနေပါတယ်။ မြတ်ဗုဒ္ဓ ကျင့်ကြံခဲ့တဲ့ ဝိပဿနာတရားတွေဟာလည်း မြတ်ဗုဒ္ဓချမှတ်ပေးခဲ့တဲ့ နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ငြိမ်းချမ်းခြင်းကို အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်။
ဝိပဿနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့ ဘာသာခြားတွေ လာရောက်ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်။

ဗုဒ္ဓဟာ ကြွားဝါမှုတွ၊ စည်းရုံးမှုတွ၊ ခြိမ်းခြောက်မှုတွေ၊
ချုပ်ချယ်မှုတွ မလုပ်ခံပါဘဲနဲ့ မြတ်ဗုဒ္ဓရဲ့ စကားကို ယုံကြည်စွာ လိုက်နာနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ ယနေ့အထိ အများကြီးရှိနေဆဲဖြစ်တာကို
ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်။

အခု…ဗုဒ္ဓမရှိတော့တာ
နှစ်ပေါင်း(၂၅၀၀)ကျော်သွားပါပြီ။
အင်အားအကြီးဆုံး ဘာသာကြီး(၄)ခုထဲမှာ
အခုချိန်ထိ ပါဝင်နေတာကို အံ့သြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး။ ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွက စာအုပ်တွေ များများဖတ်ပြီး ဆင်ခြင်သုံးသပ်ကြည့်လေ ပိုပြီးမှန်တယ်ဆိုတာ သိလာပါတယ်။

ဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း အလွန်ကျေနပ်မိပါတော့တယ်။

(ကျွန်တော် ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး။ ဘာသာဝင်တစ်ဦးရဲ့ ရိုးရှင်းသော ရင်တွင်းခံစားချက် သက်သက်သာဖြစ်ပါတယ်)

Democracy စံနှုန်းတွေဟာ ဗုဒ္ဓရဲ့ဝါဒတွေနဲ့အတူတူ
ပါပဲ။ ဒါကို ဟိုးအရင်တည်းက ကျွန်တော်တွေးမိပါတယ် ။ ပရိတ်သတ်ကြီးလည်း သေချာစဉ်းစားကြည့်။ စေ့စေ့တွေး ရေးရေးပေါ်ပါတယ်။

#မိုးထက်ဝေ