၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရာတွင် အခွင့်ထူးခံထားသည့် ကိစ္စမျိုးကို ပြင်ဆင်လိုခြင်းဟု ဦးမင်းကိုနိုင် ပြောကြား

၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရာတွင် အခွင့်ထူးခံထားသည့် ကိစ္စမျိုးကို ပြင်ဆင်လိုခြင်းဟု ဦးမင်းကိုနိုင် ပြောကြား

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မည်ဆိုလျှင်အခွင့် ထူးခံထားသည့် ကိစ္စမျိုးကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားလိုက်သည်။

ယန့ ( မတ် ၁၃ )နံနက်ပိုင်းကရန်ကုန်နည်းပညာတက္ကသိုလ် ၌ ပြုလုပ်ခဲ့သည့် ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း (၃၁)
နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ဦးမင်းကိုနိုင်က သ တင်းမီဒီယာများ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ချင်သည့် ဘက်မှအားကောင်းမောင်းသန်ဖြစ်အောင် အတော်ကြိုး
စားခဲ့ရသည်ဟု ဦးမင်းကိုနိုင်က ယခင်အခြေအနေကို ပြန် လည်ပြောကြားသည်။

“အားကောင်းလာတဲ့အခါကျတော့ ဘယ်လိုဖြစ်သွားလည်း ဆိုတော့ မပြင်ဘူးဆိုတဲ့စကားအစား ပြင်တော့ပြင်မယ်ဆို တာဖြစ်လာတယ်။ ပြင်တော့မယ်။ ဒါပေမယ့် သင့်တော်တဲ့ အချိန်တို့၊ သင့်တော်တဲ့ကိစ္စတို့ သင့်တော်တဲ့ ပုဒ်မတို့ ပြော တယ်။ဒါက သူ့အာဘော်လေဗျာ။သူ့စိတ်ကြိုက်ကိုသူပြော တာ။ သင့်တော်တဲ့အချိန်ဆိုတာ ဘယ်အချိန်ဆိုတာလည်း တိကျတဲ့အကြောင်းအရာမဟုတ်ဘူး။သူပြင်ချင်တယ်ဆို တာလည်း သူ့အတွက်အကျိုးမယုတ်ဘူးထင်ရင် သူပြင်မှာ ပေါ့။ ကျွန်တော်ပြောချင်တာတော့ တရားအတိုင်းပဲ။ဘယ် သူမှအခွင့်ထူးမခံနဲ့။ ဘယ်အင်စတီကျူးရှင်းမှ အခွင့်ထူး မခံနဲ့။ ဘယ်ပုဂ္ဂိုလ်မှ အခွင့်ထူးမခံနဲ့။ အဲလိုအချက်မျိုးကို ပြင်ချင်တာ” ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

ဦးမင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)သည် NLD နှင့် ပူးပေါင်းကာ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပုဒ်မ၄၃၆ပြင်ဆင်နိုင်
ရေးအတွက်၂၀၁၄ခုနှစ်အတွင်းက လူထုဆန္ဒလက်မှတ် ၅ သန်းကောက်ခံကာ လွှတ်တော်သို့ တင်သွင်းခဲ့ဖူးသည်။

အောင်ရဲနောင်
#The Ladies News