မီတာခနှုန်းထားများပြင်ဆင်သတ်မှတ်ရန် ၈၀ရာခိုင်နှုန်း ပြီးမြောက်နေပြီဟုဆို

မီတာခနှုန်းထားများပြင်ဆင်သတ်မှတ်ရန် ၈၀ရာခိုင်နှုန်း ပြီးမြောက်နေပြီဟုဆို

နေပြည်တော် မတ် ၁၅

နိုင်ငံတော်မှ စိုက်ထုတ်ကျခံသုံးစွဲနေရသည့် လျှပ်စစ်မီတာခနှုန်းထားများကို ပြင်ဆင်သတ်မှတ်ရန်ဆောင်ရွက်နေမှုအခြေအနေမှာ ၈၀ရာခိုင်နှုန်းခန့်ပြီးမြောက်နေပြီဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးစိုးမြင့်ကဆိုသည်။

“ဒီကိစ္စက အားလုံးကိုကြိုတင်အသိပေးမှာဖြစ်ပါတယ်။ အဓိကက အခြေခံလူတန်းစားတွေမထိခိုက်အောင်စဉ်းစားဆောင်ရွက်နေတာဖြစ်ပြီး ဒီဖက်ကလျှပ်စစ်ဓါတ်အားကိုလည်းအပြည့်အဝပေးနိုင်အောင်စီစဉ်နေပါတယ်။ ၂ခုစလုံးက ၈၀ရာခိုင်နှုန်းလောက်ပြီးမြောက်နေပြီဖြစ်ပါတယ်”ဟု ယမန်နေ့က နေပြည်တော်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရုံးတွင်ကျင်းပပြုလုပ်သော သတင်းထုတ်ပြန်ပွဲ၌ ဒုတိယအမြဲတမ်းအတွင်းဝန်က ပြောဆိုခဲ့သည်။

မီတာခများပြင်ဆင်သတ်မှတ်ရာတွင် လျှပ်စစ်မီးသုံးစွဲမှုပမာဏကိုလိုက်၍ ပြောင်းလဲကောက်ခံသွားရန်စီစဉ်နေသည်ဟုလည်း အကြမ်းဖျဉ်း ပြောဆိုခဲ့သည်။

“မီးတစ်ပွင့်ထဲသုံးတဲ့လူကိုတိုးကောက်ရင်အဲဒီလူတန်းစားအတွက်ခက်ခဲလာနိုင်ပါတယ်။မရှိလို့မှမီးတောင်တစ်ပွင့်ထဲသုံးနေချိန်မီတခကတက်လာတယ်ဆိုတာမျိုး။မီးတွေအများကြီးသုံးတဲ့သူဌေးတွေအတွက် တိုးလာတာက သိပ်မသိသာပေမယ့်အခြေခံလူတန်းစားအတွက်တော့နစ်နာနိုင်တာကိုထည့်သွင်းစီစဉ်နေပါတယ်”ဟုလည်း ပြောင်းလဲကောက်ခံမည့်အခြေအနေကို ရှင်းပြခဲ့သည်။

လျှပ်စစ်မီတာခများပြင်ဆင်သတ်မှတ်ရေးအတွက် (၂၀၁၈)ခုနှစ်ဆန်းမှစတင်ဆောင်ရွက်နေခြင်းဖြစ်ကာ နှစ်စဉ်မီးသုံးစွဲမှုပိုမိုမြင့်တက်လာသည့်အခြေအနေကိုလုံလောက်စွာဖြည့်စည်းပေးနိုင်ရန်ယခုလိုစီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

popular news