ရန်ကုန် လူပျိုပေါက်

ရန်ကုန် လူပျိုပေါက်

ဂုဏ် နဲ့ ပပဝင်း နဲ့
၁၀၀ ဖိုး ၃ ထည် ဖေါရိမ်းရှပ်နဲ့
သင်္ဘောသားပစ္စည်းတိုလီမိုလီ နဲ့
ရွှေလမင်း နဲ့ လက်ရွေးစဉ် နဲ့
ပြည်သူ့မုန့်တိုက် အောက်
ဖိုဘီကိတ် ပိုစတာများ
မီမီလေး စတိုး က
အထူးအဆန်းပစ္စည်း များ
သုံးဘီးကား နဲ့ ၂စီးတွဲယာဉ်နဲ့
ပန်းစံပယ် ကော်ပြန့်စိမ်း နဲ့
ပုလဲ ဖါလူဒါ
ကရဝိတ် ရေခဲမုန့်
ရေခဲရေ တစ်ခွက် ၁၅ ပြား နဲ့
စမူဆာ သုတ်
၎ ရုံတန်း ဗမာကား များ
ပန်းဆိုးတန်း ထိပ် မိတ်ကပ်ထူထူများ
၃၂ လမ်းထိပ်မှာ
ကြည့်မလား ကြည့်မလား
လူစုနေတဲ့ လူတစ်စုနဲ့
ဆူးလေကျောက်ကျော နဲ့
ကျော်ဟိန်း အင်္ကျီ ချုပ်တဲ့်မြူးနစ်အပ်ချုပ်ဆိုင်နဲ့
မိန်းခလေးစားပွဲထိုးလက်ဖက်ရည်ဆိုင်
စူပါကွင်း နဲ့ ရွှေလိမ္မော်
နေအုပ် စိန်ပေါလ် သင်္ချာသန်းနိုင်
ယုံဝေး မြန်မာစာဂုဏ်ထူးဦးသိန်းနိုင်
၃၈ လမ်းဈေး
အဝစား၂ ကျပ်ခွဲထမင်းဆိုင် နဲ့
စိုးပိုင် စိုင်းထီးဆိုင်
သန်းနိုင် ခင်ဝမ်း နဲ့
ကွန်မက်သာဇင် နဲ့
W နဲ့
ဒူးယား တစ်ကျပ်ဖိုး ၃ လိပ်နဲ့
ခရုတံဆိပ်ပလေကပ် အကွက်ကျဲ နဲ့
အုန်း၂ပင်တံဆိပ် တက်ထရွက်ပုဆိုးနဲ့
တိတ်မီအဝေး နဲ့
လွမ်း နေမယ် မမ နဲ့
ဒိုး ရ တော့ မယ် အချစ် ရေ ။
သစ်ငြိမ်း