သားသမီးတိုင်းသိထားသင့်သည်။ #မိဘများသူငယ်ပြန်သောအခါ။

သားသမီးတိုင်းသိထားသင့်သည်။  #မိဘများသူငယ်ပြန်သောအခါ။

■ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ထဲက သွေးဟာ
နည်းပါးလာတက်တယ်၊ အဲဒီအခါ မှာ ရိုးတွင်းချဉ်ဆီ
ထဲကသွေးနဲ့  အစားထိုးပြီး လည်ပတ်ကြရတယ်၊
အဲဒီလိုဖြစ်ပြီဆိုရင် စိတ်တွေဟာ ငယ်မူပြန်သွားပြီး
အဲဒါကိုသူငယ်ပြန်တယ်လို့ ခေါ်တယ်။

⏩ အဲဒါအသက်ကြီးတဲ့သူတိုင်း
ဖြစ်တက်တဲ့သဘာဝပါ။

■ ကိုယ့်မိဘတွေလည်း အဲဒီလိုဖြစ်လာပြီဆိုရင်
စိတ်ဆိုးလွယ်တာ စိတ်ကောက်တာ မျိုးတွေဖြစ်တတ်တယ်၊
နေရာတကာဝင်ပါတာမျိုးတွေ ဖြစ်တတ်ပါတယ်၊
အဲဒီလိုအခါမှာ တစ်ချို့သော အိမ်ထောင်ရှိတဲ့ ယောင်္ကျားတွေဆိုရင်
မိန်းမတွေရဲ့ သာသာထိုးထိုးပြောဆိုမှုကြောင့်
မိဘတွေအပေါ်မှာ အမြင်စောင်းတတ်ပါတယ်။

■ သားသမီးကလည်း မိဘကမိဘပဲ မှားရင်တော့
ပြောရမှာပဲဆိုတာမျိုးတွေကို လုပ်တတ်ကြတယ်၊
တကယ်တော့ သဘာဝတရားကြောင့်ဖြစ်တတ်တဲ့
အတွက် လင်မယားနှစ်ရောက်လုံးဟာ နှစ်ဘက်
မိဘတွေအပေါ်မှာ အပြည့်အဝနားလည်
ပေးသင့်ပါတယ်။

■ မိဘတွေအဲလိုဖြစ်လာရင် နားလည်မပေးနိုင်တဲ့
သားသမီးမျိုးက များပါတယ်။ လူကြီး လူကြီးလို
မနေဘူး … နေရာတကာပါတယ်… အစရှိသဖြင့်
ပြန်ပြီးတုန့် ပြန်တက်ကြပါတယ်။

■ မလုပ်ကြစေချင်ပါဘူး။

⃣ ကိုယ်ငယ်ငယ်က မှားလို့ ပြင်ပေးခဲ့တာတွေကို
သတိရပြီး ကိုယ်ပြင်ပေးရမဲ့အလှည့်ကျမှ
တာဝန်မပျက်သင့်ပါဘူး။

⃣ အသက်ကြီးလို့  အရာရာမျှော်လင့်ချက်မဲ့နေတဲ့
မိဘတွေအတွက် အတက်နိုင်ဆုံးသူတို့ ဆန္ဒတွေကို
ဖြည့်ဆည်းပြီး မိဘတွေ စိတ်ချမ်းသာအောင်
ဖြည့်ဆည်းပေးတဲ့ သားသမီးကောင်းတွေ
ဖြစ်နိင်ကြပါစေ။

Credit :ဦးမြင့်ခိုင်