အနန္တသူရိယအမတ်ကြီး ဆုံးမခဲ့သော အမျက်ပြေလင်္ကာ နှင့် ရာဇဝင်သမိုင်း

အနန္တသူရိယအမတ်ကြီး ဆုံးမခဲ့သော အမျက်ပြေလင်္ကာ နှင့် ရာဇဝင်သမိုင်း

အနန္တသူရိယအမတ်ကြီး ဆုံးမခဲ့သော
အမျက်ပြေလင်္ကာ နှင့် ရာဇဝင်သမိုင်း
————————————–
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား ငါ့အားမသတ်
ယခုလွှတ်လည်း မလွတ်ကြမ္မာ
လူတကာတို့ ခန္ဓာခိုင်ကျည်
အတည်မမြဲ ဖေါက်လွှဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်
ပူဇော်အကျွန် ပန်ခဲ့တုံ၏
ခိုက်ကြုံ ၀ိပါက် သံသာစက်၌
ကြိုက်လတ်တုံမူ တုံ့မယူလို
ကြည်ညိုစိတ်သန် သခင်မွန်ကို
ချန်ဘိစင်စစ် အပြစ်မဲ့ရေး
ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ ငါ့ခန္ဓာတည်း။

(အနန္တသူရိယအမတ်ကြီး)

နှလုံးအိမ်မှာ စွဲထင်ရစ်ဖို့
သမိုင်းထဲက မျက်ဖြေအလင်္ကာ

မျက်ဖြေအလင်္ကာကြောင့် အမျက်ပြေနောင်တရလေပြီ
=============================

အရှင်မင်းမြတ်၏အရှေ့မှာ
မတုန်လှုပ်ဘဲ ဦးခေါင်းကိုညွတ်၍
အမိန့်တော်ကို စောင့်ဆိုင်းနေလေသည်။

ရှင်ဘုရင်၏ နှုတ်တော်မှ အမိန့်ကို
အဆုံးအထိ သူတွေးထားဟန်ရှိသည်။

” တောင်စွယ်နေကွယ်ခဲ့လျှင်
သုဿာန်ထုတ် ဓါးခုတ်သတ်စေ ” တဲ့။
ကြောက်ရွံခြင်းအလျင်းမရှိ။
တည်ကြည်သော အမူအရာနှင့်
ကျွေးခဲ့ဖူးသော ထမင်းရှင် အရှင်သခင်ဖြစ်သော
နရပတိစည်သူမင်းကို နောက်ဆုံးအကြိမ်ဦးခိုက်၍
ညီလာခံတွင် အပ်ကျသံပင်မကြား
တိတ်ဆိတ်၍ သွားခဲ့လေပြီ့  ။

နရပတိစည်သူဆိုတာ နရသိင်္ခမင်း၏ ညီတော်။
ပုဂံမှာ နာမည်ဆိုးနဲ့တွင်ခဲ့သော
သာသနာဖျက်မင်း နရသူမင်း၏ သားတော်။
အလောင်းစည်သူမင်း၏
မြေးတော်အရင်းဖြစ်လေသည်။

ဖခင်နရသူမင်းက ထီးနန်းလိုချင်၍
ခမည်းတော်အလောင်းစည်သူမင်းကို
ခေါင်းအုံးနဲ့ဖိသတ်ခဲ့၍
သြဇာအာဏာကြီးမားသော
အကိုဖြစ်သူ မင်းရှင်စောကို ခေါ်ယူရန်
ပံ့သကူမထေရ်မြတ်အား လိမ်ညာစည်းရုံးခဲ့သည်။ ပံ့သကူမထေရ်က မင်းရှင်စောအား ထီးနန်းပေးဖို့ ကတိတောင်းလေသည်။

နရသူကလည်း အကိုဖြစ်သူ မင်းရှင်စောအား
ထီးနန်းပေးပါမည်ဟု ကတိခံ၍
ပုဂံသို့ခေါ်ဆောင်လေသည်။
မင်းရှင်စော ပုဂံသို့ရောက်သော်
နံနက်မိုးသောက်ချိန်တွင် မင်းမြှောက်၍
ညပိုင်းအချိန်တွင် နရသူက အကိုဖြစ်သူ
မင်းရှင်စောအား အဆိပ်ခတ်၍ သတ်လေသည်။

နရသူမင်းက အကိုဖြစ်သူ မင်းရှင်စောအား လုပ်ကြံပြီး
ထီးနန်းသိမ်းလိုက်ပြီဟု
ပံ့သကူမထေမြတ် သိလေသောအခါ
” မင်းဆိုးမင်းညစ်၊ နင်ကဲ့သို့ ပျက်ချော်သူ မရှိ။
နင့်ပြည်တွင် ငါမနေ ” ဟုဆိုကာ
သီဟို၌ကျွန်းသို့ ကြွသွားလေသည်။

မိမိ၏ဇနီးဖြစ်သူ ဝေဠုဝတီအား မင်းအာဏာနှင့်
အတင်းအဓမ္မသိမ်းယူသွားသော
အကိုဖြစ်သူ နရသိင်္ခမင်းအား ထီးနန်းလုပ်ကြံပြီး
နန်းတတ်ခဲ့သော မင်းတစ်ပါးဖြစ်လေသည်။

ဝါးပင်က ပေါက်ဖွားခဲ့ ဝေဠုဝတီဆိုတာ
တချိန်က နားရှည်ရှည် ကြည့်၍မလှသော
မိန်းမတစ်ယောက်ဖြစ်၍ မယ်တော်က
အကိုဖြစ်သူ နရသိင်္ခကို ပေးလိုက်လေသည်။
နရသိင်္ခမင်းက မယ်တော်ပေးသော ဝေဠုဝတီအား
နားတွဲနေသောကြောင့် မလိုချင်ပဲ
ညီတော်နရပတိစည်သူကို ပေးလေသည်။

နရပတိစည်သူ လက်ထဲရောက်မှ ဝေဠုဝတီ၏
နားရှည်ရှည်ကို မယ်တော်က ခွဲစိတ်ပြုပြင်ပြီးမှ
အကိုတော်နရသိင်္ခက နောင်တကြီးစွာရလေသည်။
ဝေဠုဝတီကို နားရှည်သောမိန်းမ မလိုချင်ဟု
ငြင်းဆန်ခဲ့သည်ကို ပြန်တွေးရင်
နရသိင်္ခ စိတ်မကောင်းဖြစ်နေလေပြီ။
ယခုအခါ နားကိုခွဲစိတ်ပြီးမှ
လှပသော ဝေဠုဝတီ၏ ရုပ်သွင်ပြင်သည်ကား
နရသိင်္ခ၏ နှလုံးသားကို လှုပ်ခါစေလေတော့သည်။

ဝေဠုဝတီမိဖုရားကို ပိုင်ဆိုင်ရန်
နည်းလမ်းတစ်ခုသာရှိတော့သည်။
ညီတော်နရပတိစည်သူကို အဝေးသို့ပို့၍
တိုင်းပြည်ကာကွယ်ရေးတာဝန်ပေးလေသည်။
ညီတော်နရပတိစည်သူမရှိသောအခါ
ညီတော်၏ဇနီးဖြစ်သူ ဝေဠုဝတီကို သိမ်းလေသည်။
နရပတိစည်သူထိုသတင်းကို ကြားကြားချင်းပင်လျှင်
ပုဂံကိုပြန်၍နောင်တော်နရသိင်္ခမင်းကိုလုပ်ကြံလေသည်။

နရသိင်္ခမင်း နန်းရွာစံသော် နရပတိစည်သူမင်းက
ဝေဠုဝတီနှင့် ထီးနန်းကိုသိမ်းပိုက်ကာ
နန်းတတ်လေတော့သည်။
ထိုနောက်အကိုဖြစ်သူ နရသိင်္ခ၏ သစ္စာတော်ခံ
ကျေးကျွန်မှန်သမျှကို သုတ်သင်ရှင်းလေသည်။

အနန္တသူရိယဆိုတာ ရှေးမင်းအဆက်ဆက်တို့ကို
အကြံဥာဏ်ပေးလာသော မင်းတစ်ပါးဖြစ်သည့်ကစား
နရသိင်္ခမင်း၏ မင်းတိုင်ပင်ခံအမတ်ကြီးဖြစ်လေသည်။
နရသိင်္ခကို ထိန်းကြောင်းပညာသင်ပေးလာသော
မင်းဆရာတစ်ပါးဟု ခေါ်လည်း မမှားချေ။

ယခုတိုင်းပြည်နှင့် ရှင်ဘုရင်အပေါ်
သစ္စာစောင့်သိသော အနန္တသူရိယအမတ်ကြီး၏
နေဝင်ချိန်သည်ကား မလှပတော့ချေ။
ပြုဖူးခဲ့သော မင်းအဆက်ဆက်တို့၏
ကျေးဇူးတရားကိုသာ နှလုံးသွင်း၍ သူသတ်တို့ခေါ်ဆောင်ရာ သားသတ်ကုန်းဆီသို့
တည်ငြိမ်စွာ လိုက်ပါလာခဲ့လေသည်။
မင်းခယောက်ျား ကမ်းနားသစ်ပင် ဆိုသည့်အလား
နီးရာဓါးကြောင့် အသက်ဇီဝိန်ချုပ်ငြိမ်းရတော့မည်။

နေလုံးသည်တောင်စွယ်တွင် မေးတင်နေလေသည်။
နန်းတော်သို့ စာချွန်လာပို့သော သူသတ်၏ ပေစာကို
နရပတိစည်သူ ယူ၍ ဖတ်လေသည်။
အနန္တသူရိယအမတ်ကြီး ရေးပေးခဲ့သော စာဖြစ်သည်။
နောက်ဆုံးအကြိမ် ရှင်ဘုရင်ကျေးဇူးကို
ပြန်လည်တုံ့ပြန်သော စာဆိုလည်း မမှားချေ။
အနန္တသူရိယအမတ်ကြီး ပေးလိုက်သော စာချွန်လွှာကို
နရပတိစည် ဖတ်လေသည်။

” သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊
ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊
သမုဒ္ဒရာ၊
ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊
တစ်သက်လျာတည်း။

ကြင်နာသနား၊
ငါ့အားမသတ်၊
ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊
လူတကာတို့၊
ခန္ဓာခိုင်ကျည်၊
အတည် မမြဲ၊
ဖေါက်လွှဲတတ်သည်၊
မချွတ်စသာ၊
သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊
ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊
ခိုက်ကြုံ ၀ိပါက်၊
သံသာစက်၌၊
ကြိုက်လတ်တုံမူ၊
တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊
ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊
ခွင့်လျှင်ပေး၏၊
သွေးသည် အနိစ္စာ၊
ငါ့ခန္ဓာတည်း။ ”

အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေအလင်္ကာကို
ဖတ်ပြီးပြီးချင်း နရပတိစည်သူမင်း
တုန်လှုပ်ချောက်ခြားသွားလေသည်။
နရပတိစည်သူမင်း ကြီးစွာမှားယွင်းခဲ့လေသည်။

သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

သူကောင်းစားဖို့အတွက် သူထီးနန်းရဖို့အတွက်
အကိုဖြစ်သူအပါအဝင် ကျွန်ပေါင်းများစွာ
မင်းအမှုထမ်းပေါင်းများစွာကိုသတ်ပြီးမှ
သူထီးနန်းရခဲ့လေသည်။
သူ့ထီးနန်းသည် အသက်ပေါင်းများစွာကို ရင်းနှီးပြီး
ရလိုက်သော ထီးနန်းသည်ဆိုတာ ပြန်တွေးရင်း
နရပတိစည်သူမင်း
အသိတရားပြန်ဝင်လာလေတော့သည်။

ရွှေအိမ်နန်းနှင့်၊
ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊
သမုဒ္ဒရာ၊
ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊
တစ်သက်လျာတည်း။ တဲ့

သူရခဲ့တဲ့ ထီးနန်းဆိုတာ သမုဒ္ဒရာရေပြင်အထက်မှာ
တခဏပွတ်တဲ့ ရေပွက်လေးဆိုတာ
အမတ်ကြီးအသိတရားပေး အလင်းပြခဲ့လေသည်။
အသက်ပေါင်းများစွာကို ရင်းနှီးပြီးမှ သူယူခဲ့တဲ့
ထီးနန်းဆိုတာ ဘယ်မှာမြဲမှာလဲ ဆိုတာသူသိခဲ့လေပြီ။
သူတပါးခန္ဓာတွေနဲ့ ရင်းနှီးယူခဲ့တဲ့ ဒီထီးနန်းဟာ
သူသေရင် သူ့နောက်ကိုမပါဘူးဆိုတာ
နရပတိစည်သူ သတိတရားဝင်ခဲ့လေပြီ။

ကြင်နာသနား၊
ငါ့အားမသတ်၊
ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊
လူတကာတို့၊
ခန္ဓာခိုင်ကျည်၊
အတည် မမြဲ၊
ဖေါက်လွှဲတတ်သည်၊
မချွတ်စသာ၊
သတ္တ၀ါတည်း။

အရှင်ဘုရင်က မသတ်ပဲလွှတ်ပေးခဲ့တောင်
သေခြင်းတရားက ဒီန္ဓာကိုယ်ကြီးကို
အလွတ်မပေးဘူးဆိုတာ တရားပြခဲ့သည်။
ခန္ဓာရှိနေသည့်အတွက်
ဘုရင်မင်းမြတ်က သူ့ကိုမသတ်လည်း
ခန္ဓာဖောက်လို့ အချိန်ကျလျှင်
သေရအုံးမည်ဆိုတာကို ပြောခဲ့လေသည်။

ရှိခိုးကော်ရော်၊
ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊
ခိုက်ကြုံ ၀ိပါက်၊
သံသာစက်၌၊
ကြိုက်လတ်တုံမူ၊
တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊
ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊
ခွင့်လျှင်ပေး၏၊
သွေးသည် အနိစ္စာ၊
ငါ့ခန္ဓာတည်း။

အရှင်ဘုရင်အား ဦးခိုက်၍ ပြောသွားသော
နောက်ဆုံးစာပိုဒ်သည်ကား နရပတိစည်သူ၏
နှလုံးသည်းခြေကို ကြေမွစေခဲ့လေသည်။
ဒီဘဝမှာ အရှင်သတ်လို့ သေခဲ့ရသည်ကို အပြစ်မမြင်ဘဲ
နောင်ဘဝအခွင့်သာလို့ ကံကြမ္မာက
အရှင့်ကိုပြန်သတ်ခွင့်ပေးခဲ့ရင် သူမသတ်လိုတော့။
သံသရာကို တပါတ်လည်ပြန်ခံရမှာ
တဖန်ဖန်တလဲလဲ သူသတ်လိုက် ကိုယ်သတ်လိုက်
ဘဝမျိုးလည်း သူမဖြစ်လိုပါ။
နောင်ဘဝမှာ အရှင်သခင်အား သတ်ခွင့်ကြုံခဲ့ရင်
လက်တုံ့ပြန်ခြင်း မရှိလိုတော့ပါဟု ပြောခဲ့လေသည်။

လူမိုက်ကြီးနရပတိစည်သူမင်း
ခေါင်းငိုက်စိုက်ခဲ့ရလေပြီ။
မျှော်လင့်မထားသော
အမတ်ကြီး၏ မျက်ဖြေအလင်္ကာသည်ကား
သူ၏စိတ်နှလုံးကို ပွတ်ချေခဲ့လေသည်။
သူမှားပြီ။ သူ ကြီးစွာမှားခဲ့လေပြီ။
” အမတ်ကြီးအား လွတ်စေ ” ဟု
သူ၏အမိန့်သည်လည်း နောက်ကျခဲ့လေပြီ။ ရှင်ဘုရင်အမိန့်တော်ကြောင့်
သူသတ်တို့ လက်လွန်ခဲ့လေပြီ။
ဖြေမဆည်နိုင်သော မျက်ရည်စတို့ကို
အမတ်ကြီးမြင်နိုင်ပါစေ။
စာချွန်လွှာကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသော
နရပတိစည်သူမင်း၏ လက်တွေသည်
တုန်ရီနေလေတော့သည်။
တရားစောင့်သော ပညာရှိအမတ်တစ်ပါးကို
သူ့၏အတ္တကြောင့် ကွပ်မျက်ခဲ့လေမိသည်။
မှားခဲ့လေသည်။

နရပတိစည်သူလည်း မိမိအမှားကို သိရှိ၍
စူဠာမုဏိ၊ ဂေါဓော့ပလ္လင်နှင့် ဓမ္မရာဇက ဘုရားများကို
တည်ခဲ့လေသည်။

သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား ငါ့အားမသတ်
ယခုလွှတ်လည်း မလွတ်ကြမ္မာ
လူတကာတို့ ခန္ဓာခိုင်ကျည်
အတည်မမြဲ ဖေါက်လွှဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်
ပူဇော်အကျွန် ပန်ခဲ့တုံ၏
ခိုက်ကြုံ ၀ိပါက် သံသာစက်၌
ကြိုက်လတ်တုံမူ တုံ့မယူလို
ကြည်ညိုစိတ်သန် သခင်မွန်ကို
ချန်ဘိစင်စစ် အပြစ်မဲ့ရေး
ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ ငါ့ခန္ဓာတည်း။

(အနန္တသူရိယအမတ်ကြီး)
aung