လေမဖြတ်ဘူးဆိုလို့ `မ´ လာတာ

လေမဖြတ်ဘူးဆိုလို့ `မ´ လာတာ

၁။ ဆင်တုံးမနွယ်အစို လက်တစ်ညိုတစ်ဆစ်ဖြတ် (ငါးကျပ်သားခန့်) ကို ၄ ခြမ်းခွဲပြီးထည့်ပါ။
၂။ ရေကျက်အေး သို့ သောက်ရေသန့် (ငှက်ပျောဖူး ပုလင်း ၂ ပုလင်း) (1.5 L)
၃။ ဆားတစ်ဇွန်း (လက်ဖက်ရည်ဇွန်းအသေး) (ဆားများပါက သွေးတိုးသမားများအတွက် မကောင်းပါ။)
၎။ ထန်းလျက် (ငါးကျပ်သား) (ထန်းလျက်မပါ ပါက ကြာကြာထားမခံပါ။ ပုတ်လွယ်သည်။)
၅။ ရှောက်နူသီး ခေါ် ရှောက်ဘီလူးသီး ၂ လုံး (ရှောက်တွတ်သီးဟုလည်းခေါ်)

ထို ၅ မျိုးကိုရော၍ အဖုံးလုံသော ဖန်ပုလင်း သို့ ကိုကာကိုလာဗူးအမာများတွင် (ရေဗူးအပျော့တွင် ပေါက်ထွက်နိုင်) တစ်ပတ်တိတိပိတ်ထားပြီး (ခပ်ကြာကြာ ထားနိုင်ရင် ပိုကောင်း) ရက်ပြည့်က တစ်နေ့ကို ညအိပ်ယာ မဝင်မှီ စတီးဇွန်း ၃ ဇွန်းစာ ညစဉ်သောက်ပါ။ ဗူးအဖုံးဖွင့်စဉ် gas ရှိသောကြောင့် လှုပ်၍ မဖွင့်ရ။
မျက်စိမှုန်ခြင်း၊ အကြောတက်ခြင်း၊ ခြေလက်ညောင်းညာခြင်း၊ မလန်းဆန်း၍ စိတ်မအီမသာ မကြည်လင်ဖြစ်ခြင်း၊ အိပ်မပျော်၍ ထိုင်းမှိုင်းခြင်းတို့ကို လက်တွေ့ပျောက်။ သွေးလည်ပတ်မှု မျှတကောင်းမွန်စေတာကြောင့် ဝေဒနာရှင်များ ၆ လလောက်စွဲသောက်ပါ။ အညောင်းမိသူများ၊ အထိုင်ကြာသူများအတွက် ပိုအသုံးဝင်သည်။
မှတ်ချက် – လေဖြတ်နေသော ဝေဒနာရှင်များ
နံနက် – နေ့ – ည (၃ ဇွန်းစီသောက်ပါ)
Credit – အရှင်စန္ဒာသိရီ (ဖြူး)