အောင်မြင်တဲ့ဘဝနဲ့ ဝေးကွာစေမယ့် အထူးဆင်ခြေ (၆) ချက်

အောင်မြင်တဲ့ဘဝနဲ့ ဝေးကွာစေမယ့် အထူးဆင်ခြေ (၆) ချက်

၁. ပိုက်ဆံမရှိဘူး။

ပိုက်ဆံ မရှိလားရှိလားဆိုတာ မေးခွန်းမဟုတ်ပါဘူး။ ဒါကြောင့် သင် အဖြေ ကို ရှာနေလို့တွေ့နိုင်မှာမဟုတ်ဘူး။ သင့်ကိုယ် သင် မေးသင့်တာက “ ဘယ်ကနေ ငွေ ရှာလို့ ရနိုင်မလည်း ”ဆိုတာပါပဲ။
…………………….

၂.အချိန်မရှိဘူး။

ဘယ်သူကမှ သင်ဘာအတွက် အချိန်ဘယ်လောက် သုံးတယ် ဆိုတာ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူတို့တွေ ကြည့်မှာက သင့်
အောင်မြင်မှုကိုပဲ ဖြစ်ပါတယ်။ အချိန်ကိုကောင်းကောင်း အသုံးမ
ချတတ်ခဲ့ရင် သင့်ဘဝရဲ့ အခြေအနေတွေကပဲ သင့်အကြောင်းကို အဖြေပေး သွားမှာပဲ ဖြစ်ပါတယ်။
………………..

၃.မလုပ်တတ်ဘူး။

လူတိုင်းမှာ ပထမဆုံး အကြိမ်ဆိုတာ ရှိကြတာချည်းပါပဲ။
မွေးကတည်းက တယောက်မှ စက်ဘီးမစီးတတ်ခဲ့ဘူးဆိုတာ
ပြန်တွေးကြည့်ပါ။ မလုပ်တတ်သေးတာဟာ မလုပ်နိုင်ဘူးလို့မှ
သတ်မှတ်လို့မရနိုင်သေးတာ။ ကိုယ့်ရဲ့ မမြင်ဖူးသေးတဲ့
တိမ်မြုပ်နေတဲ့ အစွမ်းအစတွေ မြင်တွေ့ချင်တယ်ဆိုရင်
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်လိုက်ပါ ။
“ ငါဘယ်လိုလုပ်ရမလဲ ” ဆိုတာ။
…………………………………

၎.ဒီအပိုင်းကို မသင်ကြားခဲ့ရဖူးဘူး။

အသိပညာ အတတ်ပညာဆိုတာ တက္ကသိုလ်ဆိုတဲ့ အကန့်အသတ်
ထဲမှာ တည်နေတာ မဟုတ်ပါဘူး။ ဘွဲ့လက်မှတ်တွေ ဆိုတာက
လည်း ကိုယ့်ရဲ့ အနာဂါတ်ကို အမြဲအာမခံပေးနိုင်တဲ့အရာ မဟုတ်
ပါဘူး။ တကယ်လို့ ဘာကိုမဆို ဆက်လက်သင်ကြားဖို့ လေ့လာဖို့
စိတ်မဝင်စားဘူးဆိုရင် အောင်မြင်တိုးတက်မှုမရှိတဲ့ သင့်ဘဝကို
သင် အလိုမကျဖြစ်မနေနဲ့ပေါ့။ ဘာကြောင့်လည်းဆိုရင်
အဲ့ဒီအရာတွေ ဘယ်တော့မှ ရလာမှာ မဟုတ်တော့လို့ပါပဲ။
…………………………

၅. အဆင်သင့် မဖြစ်သေးဘူး။

ဒီစကားမျိုးကိုတော့ ရှု့ထောင် ၂မျိုး နဲ့ ကြည့်လို့ရပါတယ်။ ဒီလို
ပြောတဲ့လူဟာ “လုပ်ရမှာပျင်းလို့လား” ဒါမှမဟုတ် “အခြေအနေကို
စောင့်ကြည့် နေတာလား” ဆိုတာပါ။ ခွဲခြားနည်းကတော့လွယ်ကူပါတယ်။ အဲ့လူရဲ့ ပြင်ဆင်မှု အနေအထားကိုစောင့် ကြည့်ရုံပါပဲ။
……………………………………

၆. ထပ်လုပ်စရာအကြောင်း ဘာအသစ်အဆန်းမှမရှိတော့ဘူး။

ဘယ်အရာမှ ဒီစကားရဲ့ အဓိပ္ပါယ်ကို ကန့်သတ်လို့ မရတော့ပါဘူး။ ပျင်းတယ် ဆိုတဲ့စကားကလွဲလို့ပေါ့။ အသစ်ဆိုတဲ့ စကားဟာ
အသစ်အဆန်းတွေ ထပ်လုပ်ဖို့ မဆိုလိုပါဘူး ။
အဟောင်းတွေနဲ့လည်း innovation ဖြစ်နိုင်တာပါပဲ။

……………………………………………………………………..

ဘယ်သူဌေးကမှ အသုံးအစွဲ ချွေတာ လို့ ချမ်းသာလာတာ
မဟုတ်ပါဘူး ။ ဒါပေမဲ့ သူတို့တွေ ဝင်ငွေကို
တည်ဆောက်ယူရာကနေ ချမ်းသာလာကြတာပါ ။
………………………….
ဘယ်သူဌေးကမှလည်း လွယ်လွယ် ကူကူ အလုပ်တွေ
လုပ်ပြီးချမ်းသာလာတာ မဟုတ်ပါဘူး ။
သူတို့ ချမ်းသာလာတာ ခက်ခဲတဲ့ အလုပ်တွေ လုပ်နိုင်လို့ပါ။
………………………………………………
ဘယ်သူဌေးမှ နဖူးကချွေး ခြေမကျအောင် အလုပ်လုပ်ပြီး
ချမ်းသာလာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ဥာဏ်ရှိစွာ
အလုပ်လုပ်လို့ ချမ်းသာလာတာပါ။
………………………………………
ဘယ်သူဌေးမှ အများကြီးတွေးတောနေပြီးမှ ချမ်းတာလာတာ
မဟုတ်ပါဘူး ။ ဒါပေမယ့် တွေးနည်းမှန်လို့ ချမ်းသာလာတာပါ။
……………………………………..
ဘယ်သူဌေးမှ လုပ်အားကို ရောင်းပြီးချမ်းသာလာတာ
မဟုတ်ပါဘူး။
ဒါပေမဲ့ သူတို့ အိုင်ဒီယာ ကိုရောင်းပြီးမှချမ်းသာလာတာပါ ။
………………………………………..
ဘယ်သူဌေးကမှ အခွင့်အလမ်းကို ငြင်းဆိုခဲ့ကြလို့
ချမ်းသာလာတာ မဟုတ်ပါဘူး ။ ဒါပေမယ့် အခွင့်အလမ်းကို
အချိန်တိုင်းရှာဖွေ အသုံးချလို့ ချမ်းသာလာကြတာပါ ။
………………..
ခေါင်းဆောင် ဖြစ်မယ့်သူက ဖြစ်မလာသေးတဲ့အရာကို
ကြိုမြင်တတ်တယ်။ နောက်လိုက် ဖြစ်မယ့်သူက ကိုယ့်မျက်စိနဲ့
တပ်အပ် မြင်တာတောင် မယုံကြည်တတ်ကြသေးဘူး။
………………
လွပ်လပ်မှုဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလားဆိုတာပေါ်ပဲမူတည်သွားတာပါ။

#credit