နိုင်ငံတော်ကို အနှစ် ၂ဝ ခန့် အခွန်မပေးသွင်းခဲ့

နိုင်ငံတော်ကို အနှစ် ၂ဝ ခန့် အခွန်မပေးသွင်းခဲ့

နိုင်ငံတော်ကို အနှစ် ၂ဝ ခန့် အခွန်မပေးသွင်းခဲ့သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့အပေါ် MEITI သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ
အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်း၏ အမြင်

“ နိုင်ငံတော်ရဲ့ အကျိုးအမြတ်ဖြစ်ထွန်းမှုအပိုင်းက ဦးပိုင်စတင် တည်ထောင်ကတည်းက ကျွန်မတို့ ရှင်းရှင်းလင်းလင်း မသိခဲ့ ဘူး။ အရင်တုန်းက ဦးပိုင်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစု အနေနဲ့ဖြစ်တည်လာခဲ့တယ်။ အခုနောက်ပိုင်း ဒီခေတ်ကာလ ရောက်မှ အများပိုင် စီးပွားရေးလုပ်ငန်းစုအဖြစ် ပြန်ပြောင်း ကြေညာဖို့လုပ်တယ်။ အဲဒီတော့ ဦးပိုင်ရဲ့ ဖြစ်တည်မှုက အစ ကတည်းက မရှင်းခဲ့ဘူး။ တကယ်တော့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဆိုရင်လည်း အခွန်ဆောင်ရမယ်။

အပွင့်လင်းဆုံးပြောရရင် သူတို့မှာနိုင်ငံတော် အခွန်ဘဏ္ဍာ အတွက် ပေးဆောင်ဖို့ အစီအစဉ်လည်း ရှိပုံမရဘူး။ တိုင်းပြည် ကတော့ အရမ်းနစ်နာခဲ့ရတယ်။ သူတို့ဟာ ဒီနိုင်ငံမှာ အကြီးဆုံး ဆိုတဲ့ စီးပွားရေးတွေကို လုပ်နေသူတွေ။ ဥပမာ – လက်ပံတောင်း ဆိုရင် အကြီးဆုံးစီမံကိန်းတစ်ခုပဲ။ ဒီလိုစီမံကိန်းတွေမှာ ဦးပိုင် ကဘယ်လို လုပ်ပိုင်ခွင့်ရခဲ့တာလဲ ဆိုတာလည်း မရှင်းလင်းဘူး။

နိုင်ငံတော်အခွန်မဆောင်ဘူးဆိုကတည်းကအဖြေက ရှင်းနေ ပါပြီ။ သူသည် နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေကို ရောင်းပြီး စီးပွားလုပ်နေတာလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဦးပိုင်က Black Hole လို ဖြစ်နေတာ။ တွင်းကြီးတစ်တွင်းပေါ့။ သယံဇာ တက ရရှိတဲ့ဝင်ငွေတွေ ပျောက်ဆုံးနေတဲ့ နေရာတစ်ခုဖြစ် နေတယ်။ ဆုံးရှုံးနေတဲ့တွင်းကြီးပေါ့။ အရပ်ဘက်က စာရင်း စစ်မခံဘူး။

ကျွန်မတို့ EITI မှာ အကြံပြုတာကတော့ ဦးပိုင်နဲ့ မြန်မာစီးပွား ရေးလုပ်ငန်းတို့သည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်း သင့်တယ်လို့ အကြံပြုထားတယ် “

PHOTO : MATA
Hlwan Wai Lwin
Credit