မြန်မာ့ မြန်မာ့ရုပ်ရှင်

မြန်မာ့ မြန်မာ့ရုပ်ရှင်

ကျော်ရဲအောင် သည် အသက်ငယ် ချင်လျှင်
ဆံပင်တု စွတ်၍
ရန်အောင်သည် အခြောက်စတိုင် ဖမ်းချင်လျှင်
သွားတု စွတ်ပါသည်

ဒေါ်နွဲ့နွဲ့စန်းသည်
သူ့သမီးကို ဆင်းရဲသား နှင့် သဘောတူခြင်း မရှိ၍
တက္ကသိုလ်ဂွမ်းပုံသည်
ဘယ်အချိန် ရောက်မှ ကျောင်းပြီးမည် မသိပါ

နေတိုးနှင့် မင်းသွေး သီချင်းဆိုလျှင်
ရိန်မိုး အသံ ထည့်ပေး၍
ခင်မို့မို့အေး နှင့် ခင်စိုးပိုင် တို့သည် အမြဲ စိတ်ပုပ်ကြပါသည်

နေထူးနိုင်သည်
Avengers , Justice League တို့ကို မမှုသူ ဖြစ်၍
လူမင်း သည်
ကိုယ့်မြေး အရွယ်လေး များအား
မြေတောင် အမြဲ မြှောက်ပေးတတ် ပါသည်

” အားလုံး မလှုပ်ကြနဲ့ .. မင်းတို့ အားလုံးကို ပြည်သူ့ရဲ တွေ ဝိုင်းထားပြီ ”
ဆိုသော ဒိုင်ယာလော့ခ် ကို အမြဲ သုံး၍
မင်းသားနှင့် မင်းသမီး ဖတ်၍
ကိုယ်လုံးလေး စောင်းလိုက်လျှင်
ကလေး တယောက် ထွက်တတ် ပါသည်

လူကြမ်းများသည် မျက်မှန် အနက် တပ်၍
သူဌေးများသည်
မနက် မိုးလင်းလျှင် ကော်ဖီနှင့် ကိတ်မုန့် အမြဲ စားပါသည်

အောင်ခိုင်သည် အမြဲတမ်း မကောင်း ကြံနေ တတ်၍
ဦးကြည်စိုး ( IC ) သည် ဆရာဝန် အမြဲ ဖြစ်နေတတ်
ပါသည်

မင်းသား မင်းသမီးများ သည်
အတိတ်ကို black & white ဖြင့်သာ .. ပြန်မြင်ယောင် ၍
ဇာတ်သိမ်းခန်း တွင်
တကားလုံးမှ သရုပ်ဆောင်များ ထွက်ပြေးလျှင်
ပြီးပါပြီ ဟု စာတန်းထိုး ပါသည်

ပလုံပလန်

Credit Kaung Myat ThawSet