လူငယ်စည်ပင်ကိုယ်စားလှယ်ကျား/မ ၂ဦးနဲ့ မြန်မာပြည်ကလူတွေရဲ့ နိုင်ငံရေးရန်ငါစည်းခြားမှု တစ္ဆေခြောက်ခြင်းပြသနာ

လူငယ်စည်ပင်ကိုယ်စားလှယ်ကျား/မ ၂ဦးနဲ့ မြန်မာပြည်ကလူတွေရဲ့ နိုင်ငံရေးရန်ငါစည်းခြားမှု တစ္ဆေခြောက်ခြင်းပြသနာ

×××××××××××××××××××××××××××

ကိုအောင်ခန့် ၊ မထက်ထက်ထွန်း ။

ဒီ လူငယ် ၂ယောက် ရန်ကုန် စည်ပင်ရွေးကောက်ပွဲဝင်ပြိုင်မှာ မဲဆန္ဒနယ်အမှတ် ၃က ပြိုင်မှာခြင်းလာတူနေတယ် ။

သူတို့ လူငယ် ၂ယောက် စပြိုင်မဲ့ သတင်းတွေထွက်လာကတည်းက စည်ပင်ရွေးကောက်ပွဲကို အရင်ကထက် လူတိုင်း စိတ်ဝင်စားခဲ့ကြတယ် ။

တစ်ယောက်က အနုပညာလောကက ၊ တစ်ယောက်က ပြင်သစ်ရဲ့ဟားဗတ်လို့တင်စားတဲ့ ဆိုင်းယန့်စ်ပို တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံ ဘက်ချလာ ၊ မြို့ပြစီမံခန့်ခွဲရေးမဟာဘွဲ့စတာတွေနဲ့ဘွဲ့ရပီး ကုမ္ပဏီတစ်ခုရဲ့ အမ်ဒီအဖြစ် ဒို့အိမ်ပရောဂျက်လိုဟာကို ဦးဆောင်ခဲ့သူ ။

လူကြီးကိုယ်စားလှယ်လောင်းတွေထက် သူတို့ကို ပိုစိတ်ဝင်စားကြတာ ဘယ်လိုမှငြင်းမရ ။

မထက်ထက်ထွန်းအသက်တော့ ကျနော်မသိပေမဲ့ ကိုအောင်ခန့်ကတော့ ကျနော်ထင်တယ် ၊ ၁၉၉၄မွေးတဲ့ ကျနော့်ထက် အလွန်ဆုံးကြီး အသက် ၁နှစ် ၊ မဟုတ်ရင်တောင် ရွယ်တူလားမသိ ၊ သိပ်တော့မသေချာ ၊ မီဒီယာက သတင်းတစ်ခုမှာတွေ့လိုက်တာတော့ ၂၅နှစ်ဆိုလား ။

ဘာပဲဖြစ်ဖြစ် ကျနော်နဲ့ မတိမ်းမယိမ်း လူငယ်တစ်ဦးဖြစ်နေတော့ ကျနော်အတော်ဝမ်းသာမိတယ် ၊ မုဒိတာပွားမိတယ် ၊ ဒီစကားက တကယ်စိတ်ရင်းနဲ့ပြောတာ ။

ပြသနာက ဘက်စွဲမကင်းသောလူကြီးတွေ ။

ဒီလူငယ်ကိုယ်စားလှယ် ၂ယောက်ဝင်ပြိုင်မဲ့သတင်းတွေထွက်စက အကုန်လုံးလူကြီးလူငယ်မရွေး ၊ အလွှာပေါင်းစုံမရွေး ပို့စ်တွေရှဲကြ ၊ သူတို့ မိသားစုနိုင်ငံရေးနောက်ခံ ဘက်ဂရောင်းတွေ မသိကြခင်က ဘာမှမဖြစ်သေး ။

နောက် တော်ကြာနေတော့ ၂ယောက်လုံးရဲ့ နိုင်ငံရေးနောက်ခံ ဘက်ဂရောင်းသတင်းတွေက စစ်ဘက် အရပ်ဘက် အုပ်စု ၂စုရဲ့ လော်ဘီပေါင်း ၁၆၀၀၀ရဲ့ လျှာရှည်ခြင်းကောင်းမှု အကြောင်းပြု၍ ထွက်လာတယ် ။

×××××××××××××××××××××××××××

ကိုအောင်ခန့်ဟာ အဲန်အယ်လ်ဒီဥက္ကဌ ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့တူဝမ်းကွဲ (တိုင်းပြည်မိခင်ကြီး ဒေါ်ခင်ကြည်ဘက်ကတော်တာ) ။

မထက်ထက်ထွန်းဟာ စစ်တပ်ရဲ့လက်ဝေခံ ပြည်ခိုင်ဖြိုးခေတ်က စည်ပင်ကော်မတီဝင်ဟောင်း ဦးတင်ထွန်းသမီး ။

အဲ့သတင်းတွေထွက်လာပီး ကျနော် သတိထားမိလာခဲ့တဲ့ ဆိုရှယ်မီဒီယာပေါ်က သိသာသော ပြောင်းလဲမှုတစ်ခုကို တွေ့လာရတယ် ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ ၊ ၈၈ အုပ်စုကို မကြိုက်သောလူတွေ ၊ ဝေဖန်နေကြလူတွေ ၊ အဲ့ထဲမှာ စစ်ဘက်ကလူတွေအပြင် အရပ်ဘက်က အဖွဲ့အစည်းတွေထဲက တစ်ချို့လူတွေလည်းပါတယ် (လူတိုင်းတော့မဆိုလို ၊ တစ်ချို့) ။

ဒီလူတွေဟာ ကိုအောင်ခန့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးတော်တယ်ဆိုတဲ့သတင်းလည်းထွက်ရော ကိုအောင်ခန့်နဲ့ပတ်သက်တဲ့သတင်းတွေ ရှဲပေးတာဘာညာ လုံးဝမလုပ်ကြတော့တာတွေ့ရတယ် ၊

အဲ့အစားမထက်ထက်ထွန်းကို ပိုပီးလော်ပေးတာတွေ့လာရတယ် ။

××××××××××××××××××××××××××××

တစ်ခါ ဒီဘက်အရပ်ဘက်အုပ်စုဘက်ကလူတွေ ။

သူတို့ကျ မထက်ထက်ထွန်းဟာ စစ်ဘက်အုပ်စုဘက်နဲ့မကင်းဘူးလို့ သံသယရှိကြတဲ့ ဦးတင်ထွန်းရဲ့သမီးဖြစ်နေလို့ ဆိုတဲ့အချက်နဲ့ ကိုအောင်ခန့်ကို ပိုလော်ပေးကြပြန်ရော ။

××××××××××××××××××××××××××××

အဲ့တော့ဒီစာရေးသူ ကျနော်ကရော ။

ကျနော်ဟာ နိုင်ငံရေးပညာရပ်သင်ယူနေသူပီပီ ၊ အစက ဒါကို ကျနော်နိုင်ငံရေးဆန်ဆန်စဉ်းစားသေးတယ် ။

ဒါပေမဲ့ ကျနော်သေချာပြန်သုံးသပ်မိတယ် ။

“ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားအရ အရာအားလုံးနေမှုထိုင်မှုစားမှုသောက်မှုကအစ နိုင်ငံရေးပဲဆိုတဲ့စကား”။

အဲ့စကားကိုအခြေခံပီးစဉ်းစားတယ်ပဲဆိုစေဦးတော့ ။

နိုင်ငံရေးကို အမြင့်စားနိုင်ငံရေး(High Politics)နဲ့ အနိမ့်စားနိုင်ငံရေး(Low Politics)လို့ပညာရပ်အရ ၂မျိုးခွဲမယ်ဆို

ဟိုက်ပေါလတစ်စ်ထဲ နိုင်ငံခြားရေး ၊ စစ်ရေး ၊ လုံခြုံရေး ၊ ဖက်ဒရယ် ဒမော်ကရေစီစနစ်တည်ဆောက်ရေး ၊ ဥပဒေပြုရေး ၊ တရားစီရင်ရေး ၊ ဒါတွေပါတယ်ဆိုပါစို့ ၊ သို့သော်ဒါတွေဟာ လူတွေရဲ့နေ့စဉ်လူမှုဘဝအပေါ်သွယ်ဝိုက်ဆက်စပ်မှုသာရှိတယ် ၊ ပိုပီး နိုင်ငံရေးဆန်ဆန်စဉ်းစားရမဲ့ကိစ္စတွေထဲပါတယ်ဆိုပေမဲ့နေ့စဉ်လူမှုဘဝနဲ့တိုက်ရိုက်မဆက်စပ် ။

လိုးပေါလတစ်စ်ထဲ လူတွေရဲ့နေ့စဉ်လူမှုစီးပွားဘဝနဲ့ဆက်စပ်တဲ့ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဒေသဖွံ့ဖြိုးရေး ၊ မြို့ရွာစည်ပင်ဖွံ့ဖြိုးရေး ဒါတွေပါတယ် ၊

ပြောရရင် ဒီ လိုးပေါလတစ်စ်ကိစ္စတွေဟါ အပေါ်ကပြောတဲ့ ဟိုက်ထဲပါတာတွေထက် လူတွေရဲ့နေ့စဉ်ဘဝကိုတိုက်ရိုက်ဆက်စပ်တယ် ၊ လူတွေကစိတ်လည်းပိုဝင်စားတယ် ၊ ဒီကောင်တွေဟာ နိုင်ငံရေးနှင့်တိုက်ရိုက်မပတ်သက်သော ကိစ္စတွေလို့ဆိုနိုင်တယ် ။

ဒီကိစ္စတွေကို စဉ်းစားရင် အရမ်းကြီး ပေါ်လတစ်ဆိုက်စ် လုပ်ဖို့ မသင့်တော်ဘူး ၊ သိပ်ပီးပေါ်လတစ်ဆိုက်စ် နိုင်ငံရေးဆန်လွန်းသွားရင် ဒီကိစ္စတွေကို စီမံရာမှာ လူတော်တွေရဖို့ အတော်ခဲယဉ်းပါလိမ့်မယ် ။

အဲ့တော့ ကျနော် နဂိုမူလက နိုင်ငံရေးဆန်ဆန်စဉ်းစားတဲ့ကျနော့်အတွေးကို စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပီး စွန့်လွှတ်လိုက်ပါတယ် ။

ဒါကြောင့် ကျနော်ကတေါ့ ကျနော့်မြို့နယ်က သူတို့မဲဆန္ဒနယ်ထဲမပါလို့ သူတို့၂ယောက်ထဲက ၁ယောက်ကို ရွေးချယ်ခွင့်မရှိပေမဲ့ ဒီလူငယ် ၂ယောက်လုံးကို စည်ပင်ရွေးကောက်ပွဲအတွက် အားပေးပါတယ် ၊ ကျနော့်လိုလူငယ်ဖြစ်နေလို့်ပါ ။

သို့သော် ကိုအောင်ခန့်နဲ့ပတ်သက်ပီးပြောစရာမရှ်ပေမဲ့ မထက်ထက်ထွန်းကတော့ သူအင်တာဗျုးတွေမှာပြောနေကြစကား “ဖေဖေကခိုင်းလို့ ၊ ဖေဖေကဒါလုပ်စေချင်လို့”ဆိုတာကြီးတော့ ကျနော်အတော်သဘောမကျပါဘူး ။

ဘာလို့ဆို ကျနော်တောင်မှ တိုင်းပြည်တည်ဆောက်ရေးကိစ္စဆွေးနွေးရင် ကျနော့်ဦးနှောက်ကိုယ်ပဲအဓိကလေ့လာဆုံးဖြတ်သုံးပီး အိမ်ကမိဘကလည်း ကျနော့်ကို အတွေးအခေါ်ပိုင်းအရ မချုပ်ခြယ်မကန့်သတ်လို့ဖြစ်ပါတယ် ။

အဲ့ဒီ့အပြောအဆိုအမူအကျင့်ကို သူပြင်လိုက်ရင် ဘာမှပြောစရာမရှိအောင် သူလည်းကိုအောင်ခန့်နီးပါးထပ်ပီး ပြည့်စုံသွားနိုင်ပါတယ် ။

ဒါကြောင့်ကျနော့်အမြင်အရ မြူနီစီပယ်လ် စည်ပင်ရွေးကောက်ပွဲဟာ “လိုးပေါလတစ်စ်”ကိစ္စရပ်သာဖြစ်လို့ အရမ်းကြီးနိုင်ငံရေးဆန်ဆန်စဉ်းစားစရာမလိုပဲ ဒီလူငယ် ၂ယောက်နဲ့ သွေးသစ်လောင်းရပါမယ် ။

ဒီလူငယ်၂ယောက်ထဲက ၁ယောက်ကိုရွေးရင် လူထုအနေနဲ့ သူတို့ရဲ့မိသားစုနိုင်ငံရေးဘက်ဂရောင်းတွေကိုစဉ်းစားရွေးတာထက် သူတို့နှစ်ယောက် ဘယ်သူပိုတော်လို့ရွေးတယ်ဆိုတဲ့စိတ်ဓာတ်နဲ့စဉ်းစားရွေးတာသာ ဖြစ်သင့်ပါတယ် ။

ကျနော်သာ မဲဆန္ဒနယ်၃မှာမဲပေးရလို့ ဘယ်သူ့ရွေးမလဲဆိုရင်တော့ ကိုအောင်ခန့်အရည်အချင်းက ပညာအရည်အချင်း ၊ အလုပ်အတွေ့အကြုံပိုသာတယ်လို့ယူဆလို့ ကျနော်သူ့ကိုပေးဖြစ်မှာဖြစ်ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူအမျိုးတော်တော်မတော်တော် ကျနော်ဂရုမစိုက်ပါဘူး ။

သို့သော် ကျနော်က ကိုအောင်ခန့်ကအရည်အချင်းပိုသာတယ်ထင်လို့ လူတိုင်းကကျနော့်လိုထင်ရမယ်လို့တော့ ကျနော်လော်ဘီမလုပ်ဘူးဆိုတာပြောလိုပါတယ် ၊ မထက်ထက်ထွန်းကိုပိုသာတယ်ထင်တဲ့လူတွေလည်း ထင်နိုင်ပါတယ် ၊ ဒါလူတိုင်းရဲ့လွတ်လပ်ခွင့်ပါ ။

အဓိကက ဂိုဏ်းဂဏဘက်စွဲတွေနဲ့ မြူနီစီပယ်လ်အဆင့်ကိုမဆုံးဖြတ်ဖို့ပါ ။
××××××××××××××××××××××××××××××××××××××

အကယ်၍ ဒီလူငယ် ၂ယောက်ဟာ တစ်နေ့ ပြည်နယ်/တိုင်းအဆင့် ၊ ပြည်ထောင်စုအဆင့်ကို တက်လှမ်းမဲ့ နိုင်ငံရေးသမားတွေဖြစ်လာကြမယ်ဆိုကြပါစို့ ။

အဲ့ကြရင်တော့ သူတို့ကိုရွေးဖို့ နိုင်ငံရေးဆန်ဆန် အောက်ဖော်ပြပါအချက်များနဲ့ စဉ်းစားရပါမယ် ။

၁။ သူတို့ ဒမော်ကရေစီအရ ဘယ်လောက်အဝေဖန်ခံနိုင်လဲ ၊ လူထုအမြင်ရယ် ၊ မတူကွဲပြားတဲ့နိုင်ငံရေးအင်အားစုတွေ အတိုက်အခံတွေရဲ့အသံရယ်ကို ဘယ်လောက်စာနာနားထောင်ပေးနိုင်လဲ ။

၂။ လူနည်းစုတိုင်းရင်းသားတွေ ၊ ဘာသာခြားတွေအပေါ် ဘယ်လောက်နားလည်ပီး အကောင်းဆုံးထမ်းဆောင်ပေးနိုင်သလဲ ။

၃။ မပြီးဆုံးသေးတဲ့ပြည်တွင်းစစ်အတွက် လက်နက်ကိုင်တွေအပေါ် ဘယ်လောက်ထိ စေ့စပ်ညှိနှိုင်းတဲ့ ငြိမ်းချမ်းရေးစိတ်ဆန္ဒ ဘယ်လောက်ရှိလဲ ။

၎။ အခြေခံဥပဒေပြင်ဆင်ရေးလိုကိစ္စမှာ ပြည်နယ်ပြည်မ ဗမာအပါအဝင် လူနည်းစုတိုင်းရင်းသားအားလုံးအတွက်အကျိုးရှိအောင်ပြင်ဖို့ သူတို့ဘယ်လိုသဘောထားလဲ ။

၅။ ယိုယွင်းနေတဲ့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးကို သူတို့ဘယ်လိုတည်ဆောက်လိုလဲ ။

၆။ တိုင်းပြည် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေးကိုဘယ်လိုတိုးတက်အောင်လုပ်ချင်လဲ ။

စတဲ့ဒါမျိုးအချက်တွေကိုအခြေခံပီး သူတို့သာ ပြည်နယ်/တိုင်းအဆင့် ၊ ပြည်ထောင်စုအဆင့်အရွေးခံရင် စဉ်းစားရပါမယ် ။

အခုစည်ပင်ရွေးကောက်ပွဲကတော့ ဒီလူငယ်၂ယောက်ကို အဲ့လို နိုင်ငံရေးဆန်ဆန် စဉ်းစားနှိုင်းယှဉ်စရာမလိုပဲ သူတို့၂ယောက်ရဲ့ နုနယ်ပျိုမြစ်တဲ့အားတွေကို သုံးဖို့ သင့်ပါတယ်လို့ အသက် ၂၅အရွယ်လူငယ်ဖြစ်တဲ့ ကျနော်က မြင်ပါတယ် ။

××××××××××××××××××××××××××××××××××××××

ဒီစာအရ ကျနော်နောက်ဆုံးပြောချင်တာကတော့

စစ်ဘက်ထောက်ခံသူတွေရော ၊ အရပ်ဘက်ထဲက တစ်ချို့အဖွဲ့အစည်းတွေကလူကြီးမင်းများရော ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်မှုအပေါ်စိတ်ပျက်နေတဲ့လူတွေလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်မရရင်တောင် ကိုအောင်ခန့်ကို မျက်စိစပါးမွှေးမစူးပါနဲ့ ။

အရပ်ဘက်ကလူတွေကလည်းဦးတင်ထွန်းကိုကြည့်မရရင်တောင် သူ့သမီးကို ကြည့်မရသိပ်မဖြစ်ပါနဲ့ ။

စည်ပင်ရွေးကောက်ပွဲဟာ “လိုးပေါလတစ်စ်”ပါ ၊ လူငယ်တွေကို တစ်ခါလောက်စပီးလုပ်ဆောင်ခွင့်လေးပေးလိုက်ပါ ။

နှစ်ဖက်လုံးစိတ်ကောင်းလေးတွေမွေးပီးသဘောထားလေးတွေကြီးကြပါ ။

လူကြီးမင်းတို့ရဲ့အတ္တ ၊ မာန်မာန ၊ အမုန်းတရား ၊ ရန်ငါစည်းခြားမှုတွေနဲ့ ဒီလူငယ်၂ယောက်ရဲ့နိုင်ငံရေးလမ်းစကို အဆိပ်မသင့်ပါစေနဲ့လို့ပဲ ပြောဆိုလိုပါတယ် ။

ဒါဟာ စည်ပင်ရွေးကောက်ပွဲက လူငယ်ကိုယ်စားလှယ်လောင်း အစ်ကိုအစ်မ ၂ဦးအပေါ် အသက် ၂၅နှစ်အရွယ်လူငယ်တစ်ဦးဖြစ်တဲ့ ကျနော့်ရဲ့ မျှော်လင့်ချက်အမြင်အနှစ်ချုပ်ဖြစ်ပါတယ် ။

Kyi Shein MK