မင်းသမီးက ကိုရီးယားရဲတပ်ဖွဲ့က ပြန်ပေးဆွဲအကြမ်းဖက်မှု ညှိနှိုင်းရေးမှူး

မင်းသမီးက ကိုရီးယားရဲတပ်ဖွဲ့က ပြန်ပေးဆွဲအကြမ်းဖက်မှု ညှိနှိုင်းရေးမှူး

The Negotiation
👍Xenovia Recommended👍
============
မင်းသမီးက ကိုရီးယားရဲတပ်ဖွဲ့က ပြန်ပေးဆွဲအကြမ်းဖက်မှု ညှိနှိုင်းရေးမှူး Negotiator

ပြန်ပေးဆွဲမှုတစ်ခုမှာ သူဝင်ရောက်ညှိနှိုင်းနေချိန်မှာပဲ သူ့အထက်အရာရှိက မစောင့်ဘဲ ပစ်ခတ်မှုတွေလုပ်လို့ ဓါးစားခံတွေပါ သူ့မျက်စိရှေ့အသတ်ခံလိုက်ရတာကြောင့် စိတ်ဓါတ်တွေကျပြီး အလုပ်ထွက်စာတင်ဖို့လုပ်နေချိန်မှာပဲ အရေးကြီးတဲ့ အမှုတစ်ခုနဲ့ အထက်က ဆင့်ခေါ်တယ်။

အမှုကတော့ ကိုရီးယားသတင်းထောက်တစ်ယောက်ကို ကိုရီးယားလက်နက်မှောင်ခိုလုပ်နေတဲ့ နိုင်ငံတကာလူဆိုးဂိုဏ်းက ဖမ်းခေါ်သွားပြီး ကိုရီးယားရဲတပ်ဖွဲ့ကို လှမ်းဆက်သွယ်တာ၊ ဘာလိုချင်မှန်းမသိ ဘာကြောင့်မှန်းမသိ Briefing မပေးဘဲ အူကြောင်ကြောင်နဲ့ ရဲဌာနချုပ်ကိုရောက်သွားတဲ့ မင်းသမီးကို ချက်ချင်း ၀င်ညှိနှိုင်းခိုင်းရာကစလို့ တဖက်က ဘာမှတောင်းဆိုမယ်ဆိုတာ မသိရဘဲနဲ့ ပြောရင်း ပြောရင်းနဲ့ တဖြည်းဖြည်းနဲ့ အခြေအနေတွေကဆိုးလာပြီး နောက်ဆုံးမှာ သတင်းထောက်ကဘယ်သူ၊ ဘာလို့ပြန်ပေးဆွဲရတယ်ကစလို့ ဇာတ်ရှုပ်ကြီးတွေကြား ညပ်လာတဲ့အခါ ….

မင်းသားမင်းသမီးကလဲ တကယ့် ဒိတ်ဒိတ်ကြဲတွေဖြစ်လို့ သရုပ်ဆောင်ပိုင်း ဘာမှလိုအပ်ချက်မရှိဘူးလို့ပြောလို့ရပေမယ့် လိုနေတာ ဇာတ်ညွှန်းပိုင်းပါ။ ဇာတ်လမ်းမှာ ဟာကွက်တွေရှိပေမယ့် ခြုံကြည့်လိုက်ရင်တော့ အတော်ကောင်းတဲ့ ကိုရီးယား ဒုစရိုက်သည်းထိတ်ရင်ဖို Crime Thriller ရုပ်ရှင်ပါ။

သတ်ဖြတ်တာတွေ သွေးသံရဲရဲတွေပါလို့ ၁၇ နှစ်အောက် အုပ်ထိန်းသူမပါဘဲ ကြည့်ခွင့်မရှိတဲ့ R Rating ပါ။

IMDB – 6.5