၁၉၉၀ ခုနှစ်

၁၉၉၀ ခုနှစ်

၁၉၉၀ ခုနှစ်
———–
“အဖေ သားကျောင်းသွားတော့မယ် ”

“အေး … သား . .”

“သားကို မုန့်ဖိုးပေးလေ .! ”

“ဟေ..မင်းမေကြီးက မပေးဘူးလား ”

“ဖေ့ဆီက တောင်းတဲ့”

“အင်းး ကဲရော့ရော့”
(ကျပ်တန်လေး ၂ရွက်ထဲမှ ၁ကျပ်တန်လေးတစ်ရွက်)

“တစ်ကျပ်ထဲလား အဖေရာ
အဖေ့ထဲမှာ ၂ကျပ်တောင်ရှိတာကို”

“ဒီတစ်ကျပ်က ဖေကြီး လဘက်ရည်
သောက်မလို့လေ”

“နောက်မှသောက်ဖေရာ သားကိုပေး”

“ဟေ… ကဲရော့ရော့ . . . .”
.
.
.
.
၂၀၁၀ ခုနှစ်
———–
“သား . .”

“ဘာလည်း အဖေရာ”

“အဖေ မြို့ထဲကို ပင်စင်သွားထုတ်မလို့”

“အင်း သွားလေ ”

”အဲဒါ အဖေ့မှာ လမ်းစရိတ်မရှိဘူး ”

”ဟာဗျာ အဖေကလည်း အဖေ့သားဆီက
တောင်းလေဗျာ
ဟိုတစ်ခေါက်ကလည်း သားပေးရတာကို ”

“မင်းညီက မပြေလည်လို့ပါတဲ့ ”

“ကျွတ် သူပဲ မပြေလည်နေ ကဲဗျာ..ရော့ရော့ ”
( ၅၀၀၀ တန်များကြားမှ ၂၀၀ တန်လေးတစ်ရွက်)

“သား . .”

“ပြောဗျာ . .”

“ဒါ အသွားစရိတ်ပဲလေ . .”

“အဖေပြန်ရင် ပင်စင်ရမှာလေ . .
အဲဒါနဲ့ အပြန်လမ်းစရိတ်လုပ်ပေါ့ . .”

“မရရင် . .! ”

“ရအောင်စောင့်ထုတ်ခဲ့လေဗျာ အဖေကလည်း…”

“သြော် အေး အေး . .”

ဖခင်ကြီး၏ အတွေးမှာတော့ လွန်ခဲ့သော
အနှစ် ၂၀ ခန့်က အဖြစ်ကို သတိရရင်း
ဝဲလာသောမျက်ရည် ထိန်းကာ……
.
#မင်းခိုက်စိုးစန်

စနေမှ

Crd*- Zayar Moe