Madrid မှာ နောက်ထပ် စီးပွားရေးလုပ်ငန်းအသစ် တစ်ခု ချဲ့ထွင်လိုက်ပြန်တဲ့ စီရော်နယ်ဒို

Madrid မှာ နောက်ထပ် စီးပွားရေးလုပ်ငန်းအသစ် တစ်ခု ချဲ့ထွင်လိုက်ပြန်တဲ့ စီရော်နယ်ဒို

ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဒီနေ့မှာ Madrid မြို့က သူ့ရဲ့ စီးပွားရေးလုပ်ငန်းအသစ်တစ်ခုဖြစ်တဲ့ Insparya Hair Clinic လို့ခေါ်တဲ့ ဆံပင်အစားထိုးကုသပေးတဲ့ စင်တာအသစ် ဖွင့်ပွဲကို အတူနေချစ်သူ Georgina Rodriguez နှင့် အတူ တက်ရောက်ခဲ့ပါတယ်။

ဒီစင်တာကတော့ Insparya Group နဲ့
စီရော်နယ်လ်ဒိုတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်ကြတာ ဖြစ်ပြီး ကျွမ်းကျင်ပညာရှင် ၁၅၀ နှင့်အတူ တစ်နေ့ကို ဆံပင်အစားထိုးလုပ်ဆောင်မှု ၁၈ ခု အထိ ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ထို့အပြင်
ချစ်သူ Georgina Rodriguez ကလည်း မန်နေဂျာ တစ်ဦးအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမှာပါ။

အသစ်ဖွင့်လှစ်လိုက်တဲ့ Insparya Clinic ဟာ Madrid မြို့မှာ အကြီးဆုံးလို့ဆိုနိုင်ပြီး ဆံပင် ၊
မုတ်ဆိတ်မွှေး နှင့် မျက်ခုံးမွှေး အစားထိုး စိုက်ခြင်း
များကို ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။
အထပ်ပေါင်းခြောက်ထပ်ပါရှိတဲ့ ဒီ Clinic မှာ ဆံပင်အစားထိုးမှု လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဈေးနှုန်း ယူရိုငွေ ၄၀၀၀ ကနေ စတင်မှာပဲ ဖြစ်ပါတယ်။

ကဲ…ဘယ်သူတွေ ဆံပင်စိုက်ချင်ကြလဲ😆