## ဘုရားမကြိုက်တဲ့လူမိုက်အလှူ ##

## ဘုရားမကြိုက်တဲ့လူမိုက်အလှူ ##

~~~~~~~~~~~~~~~~~~~~~~~~~
ရွာစားဆိုင်းသမား သိန်း၂၀ထား

မင်းသမီးအဆိုတော် (၅)သိန်းနော်

ဆောင်းဘောက်ငါးလုံး ၄သိန်းသုံး

တဒုန်းဒုန်းနဲ့ အပြတ်သာဆော်
ရင်ဘတ်ဖိထား နှလုံးသမားတို့

ဆင်၃ကောင်က သိန်း(၃၀)
သူများအလှူထက်သာရမယ်
မြင်းဆယ်ကောင်းငှား ၅သိန်း သွား

ဝက်(၄)ကောင်သတ် =၆)သိန်းမှတ်

ကြက်ဘဲအရှင် (၁၀)သိန်းဝင်

ဘာသာခြားများ ဆိတ်နဲ့နွား
အရှင်ဝယ်ထား ကြိုးချည်ထား

အရက်ဖိုးက သိန်း(၂၀)
ပါကင်အလိုက် ချပေးမယ်

လာသမျှသောက်စား
ဧည့်ခံထား မူးရူးကခုန် အကြိုက်စား

ရွာပေါင်းစုံက အရက်သမားတွေ
သောက်လိုက် ကျတာ ကြွက်တွင်းရေ

အဝတ်အစားက အကောင်းဆုံး
ချူပ်ခ တစ်သိန်းကျော်သုံး

ကွမ်းတောင်ကိုင် အပျိုတစ်အုပ်
တစ်ယောက် တစ်စုံချူပ်

ဒေါင့်ဖိနပ်က နှစ်သောင်းကျော်
ဝယ်စီးကြတယ်နော်

်ဆံပင် မိတ်ကပ် (၃)သိန်းမှတ်

ွ္ဓိဗွီဒီယိုရိုက် (၈)သောင်းလိုက်

ဘုန်းကြီးပင့်မလား ဘယ်နှစ်ပါး

(၅)ပါးပင့်ခဲ့ တော်ပြီဟဲ့

တစ်ပါး(၅၀၀၀ိ) တော်ပြီမောင်

အကုန်အကျတွေများ ချွေတာထား

စီစစ်ပါမှ တော်ကာကျ

ကူငွေရေးမှတ် ငါ့စရင်းအပ်
တချို့ငွေထည့် (၁၀၀၀)တဲ့

မရှက်ဘူးလား သုံးပုဂံစား
သောက်လိုက်တာလည်း အသေအလဲ
မူးလို့ လူနှစ်ယောက်တွဲ

ဟို မိန်းမက(၅၀၀ိ)ထည့် မလွန်ဘူးလား ဟဲ့

ဟိုကောင်မက ရွှေတွေများ အတုတွေ ဘဲလား

ဟိုမိန်းမက အဝါရောင်ဝတ်
အသားမည်းညစ် ကုလားမ ဖြစ်

ဟို မိန်းမက မတန်မရာ
အကောင်းစားတွေ ဝတ်ထားတာ
လူကိုကြည့်တော့ မွဲစုတ်ချာ

ဟိုလူကတော့ သူဌေး ဟဲ့
အကူငွေထည့်(၂၀၀၀) တဲ့

သူ့အလှူတုန်းက (၅၀၀၀ိ)ကူ
ကပ်စည်းနည်းတဲ့ လူ

တစ်နေ့ တွေ့မယ် ဒင်းမှတ်ထား
ငါ့အကြောင်း မသိဘူးလား

လူကြားထဲမှာ ပြောမယ် တစ်အား

အကုသိုလ်များ မနာလိုတွေထား မစ္ဆရိယ တွေပွား

တို့ရွာရှင်ပြု အလှူတာ် သိန်းရာကျော်ကုန်သတဲ့နော်

ပြန်ရတာက သိန်း(၆၀) ခွက်ခွက်လန်အောင် ရှုံးပါတယ်

အလှူရှင်မှာ စိတ်တွေညစ်
ရန်တွေစုဖြစ် စုပြီးဖြစ် မူးမူးပြီးရစ် မူးပြီးရစ်

သိန်းလေးဆယ်က အကြွေးတင်
သက်ပြင်းတွေချ ရင်တစ်မမ
ညည အိပ်မရ ရောဂါ ထ

စိတ်မော လူမော အကုန်လုံးမော
အားလုံး ကာမဇော

ဇွန်းပျောက် ပုဂံပျောက်
ဟင်းအိုးပျောက်
ဖုန်းပျောက်
ဖျာပျောက်
ငွေပျောက်
ရွှေပါပျောက်

အိတ်ထဲစိုက်ပြီး
အကုန်လျော်
ရှိသမျှလေးကုန်ပြီနော်

ညောင်ပင်လောက် လှူညောင်စေ့မျှ မရ
ဘုရားမကြိုက်တဲ့ အလှူပါဗျ

ကျောက်ဖျာထက်မှာ စပါးကြဲ
ဘယ်လိုအပင် ပေါက်ပါ့မလည်း

ကြားကြားသမျှ ဝေနေယျ
ဘယ်လိုသာဓု ခေါ်နှိုင်ပါ့

ကြားကြားသမျှ နတ်ဗြဟ္မာ
ဘယ်လို အမျှဝေရပါ

ကုသိုလ်ပြုရာ ငရဲရှာ လူ့ရွာ အလှူတစ်မျိုး

ကုသိုလ်ပြုရာ ဂုဏ်လာဘ်ရှာ
လူ့ရွာ အလှူတစ်မျိုး

ကုသိုလ်ပြုရာ ဝဋ်အကျိုးရှာ
လူ့ရွာ အလှူတစ်မျိုး

ကုသိုလ်နည်းနည်း
ငရဲများများ

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

ကုသိုလ်နည်းနည်း အကုသိုလ်များများ

ပကာသန မက်တော့
သုံည ဖက်တယ်

လှူမတတ်က အပါယ်ကျ
သုံးလူ့ရှင်စော ဘုရားဟော

ကုသိုလ်ရအောင် စိတ်ဆင်ခြင်
ဥာဏ်ပညာနဲ့ ယှဉ်

ရာဟုလာ သင်္ကန်းစည်း
ဗုဒ္ဓအလိုကျ ရှင်ပြုနည်း။

#ဝိသာခါ post မှကူးယူသည်

Crd – A Myotharyay Sayartaw