” ရှိ ခဲ့ ဖူး တယ် ဘ ဝ ဇာတ် ခုံ “

” ရှိ ခဲ့ ဖူး တယ် ဘ ဝ ဇာတ် ခုံ “

ငိုချင်ပေမယ့်လည်း
ပြုံးပြခဲ့ရတာတွေ ရှိခဲ့ဖူးတယ်…..

ပြောချင်ပေမယ့်လည်း
နှုတ်ပိတ်ခဲ့ရတာတွေ ရှိခဲ့ဖူးတယ်…..

နာကျင်ပေမယ့်လည်း
ကြိတ်မှိတ်ပြီးနေရတာတွေလည်း ရှိခဲ့ဖူးတယ်…..

စိတ်လျှော့ချင်ပေမယ့်လည်း
အားတင်းပြီးနေရတာတွေလည်း ရှိခဲ့ဖူးတယ်…..

အရှုံးပေးချင်ပေမယ့်လည်း
ရည်ရွယ်ချက်တွေအတွက်
ကြိုးစားနေရတာတွေ ရှိခဲ့ဖူးတယ်…..

ပေါက်ကွဲချင်ပေမယ့်လည်း
ရင်ထဲမျိုချလိုက်ရတာတွေလည်း ရှိခဲ့ဖူးတယ်…..

ပြောဖို့စကားလုံးတွေရှိနေပေမယ့်လည်း
စာနာထောက်ထားပြီး သီးခံရတာတွေ
ရှိခဲ့ဖူးတယ်….

အနိုင်ယူလို့ရပေမယ့်လည်း
အခြေအနေအရ အရှုံးပေးလိုက်ရတာတွေ
ရှိခဲ့ဖူးတယ်…..

ရင်နာပေမယ့်လည်း
ဟန်ဆောင်နေရတာတွေလည်း ရှိခဲ့ဖူးတယ်…..

ရင့်ကျက်လာတဲ့လူတစ်ယောက်ဖြစ်ဖို့က
ဘဝဇာတ်ခုံမှာ ပုံစံအမျိုးမျိုး
သရုပ်ဆောင်လာခဲ့ရတာပါ….

ဒါတွေဟာ ကျော်ပြီးဖတ်လို့မရသလို
မဖတ်ချင်လို့လည်းမရတဲ့ လောကဓံကပေးလာတဲ့
သင်ခန်းစာတွေပါ…..

ဘဝဆိုတာကလည်း
ကိုယ့်ဘဝကို တစ်နေ့နဲ့တစ်နေ့ ကောင်းလာအောင်
တော်လာအောင် လှပလာအောင် မရိုးနိုင်တဲ့
Character အမျိုးမျိုးနဲ့
ဖြတ်သန်းကျော်ဖြတ်ရတာပါ….

ဒါကြောင့်

လဲနေရင် ကိုယ့်ကိုယ်ကို ပြန်ထနိုင်ရမယ်….

ငိုင်နေရင် ကိုယ့်ကိုယ်ကို ပြန်တည့်နိုင်ရမယ်….

စောင်းနေရင် ကိုယ့်ကိုယ်ကို ပြန်မတ်နိုင်မယ်….

ကျနေရင် ကိုယ့်ကိုယ်ကို ပြန်ကောက်နိုင်ရမယ်….

ဘဝဆိုတာ
ကိုယ်အရှုံးပေးမှ ရှုံးတာမဟုတ်လား?
ကိုယ်ကအရှုံးမပေးသရွေ့
ဘယ်တော့မှ မရှုံးပါဘူးကွာ….

ခဏတာ ယာယီဆုံးရှုံးမှုတွေကို
ထာဝရဆုံးရှုံးမှုလို့
ဘယ်တော့မှ မသတ်မှတ်လိုက်ပါနဲ့ …..

ကိုယ့်ဘဝရဲ့ဖန်တီးရှင်
ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဟာ ကိုယ်ကိုယ်တိုင်ပါပဲ..

ဒီတော့…
ကိုယ်လိုချင်တဲ့ အောင်မြင်မှု အေးချမ်းမှု
စိတ်ချမ်းသာမှု ပျော်ရွှင်မှုတွေဟာ အဝေးကြီးမှာ

သွားရှာစရာမလိုပါဘူး ကိုယ့်ရဲ့လက်ထဲမှာဆိုတာ
မမေ့လိုက်ပါနဲ့….

ကိုယ်ငိုရင် ကိုယ်ဆင်းရဲမှာပဲ…..

ကိုယ်အားငယ်ရင် ကိုယ်ကျရှုံးမှာပဲ…..

ကိုယ်အရှုံးပေးရင် ကိုယ်အောင်မြင်မှုနဲ့ဝေးမှာပဲ….

ကိုယ်မုန်းရင် ကိုယ်ပူလောင်မှာပဲ…..

ဒါကြောင့် လောကရဲ့ ဘဝဇာတ်ခုံပေါ်မှာ
ဘယ်လိုCharacterမျိုး ပုံစံနဲ့ပဲကျကျ
ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင်
အတော်ဆုံးဖြစ်အောင်…. လှပအောင်….
ဒီထက်ပိုပြီးဆိုးရွားမသွားအောင်
ကြိုးစားပြီး သရုပ်ဆောင်နိုင်ဖို့ပါပဲ…. 🙏🏻🙏🏻

Credit :::
Khaing Zaw