စိတ်ဓာတ်ကျတိုင်း ဖတ်ပါ

စိတ်ဓာတ်ကျတိုင်း ဖတ်ပါ

စိတ်ဓာတ်ကျတိုင်း ဖတ်ပါ
———–***——————-

ဘဝဆိုတာ တစ်ခါတလေတော့လည်း
အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပါ
ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရသလို
ကိုယ်မဖြစ်ချင်တာတွေလည်း လွဲနေရပြန်တော့
ကိုယ့်ဘဝကို စိတ်ပျက်မသွားပါနဲ့

အခက်အခဲရှိရင် အားတင်းထား
အဆင်မပြေတာကို ထိုင်ပြီးငြီးတွားနေတာထက်
အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲလို့
နည်းလမ်းရှာဖွေပါ

အကောင်းဆုံးကို မျှော်လင့်ထားပါ ဒါပေမယ့်
အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း ပြင်ဆင်ထားပါ
မိနစ်တိုင်းကို တန်ဘိုးထားတက်ရင်
နာရီပေါင်းများစွာက အကျိုးရှိလာပါလိမ့်မယ်

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်
အကြံကောင်း ဥာဏ်ကောင်းများကို ရယူပြီး
စဉ်းစားပါ ပြီးမှဆုံးဖြတ်ပါ
ဆုံးဖြတ်ချက်တစ်ခု မှားသွားတာနဲ့ ဆုံးရှုံးရမယ့်အရာတွေက အများကြီးမို့ပါ

အခက်အခဲရှိရင် နောက်မဆုတ်နဲ့
တက်သလောက် လုပ်သလောက်တက်လာရင်းနဲ့
တဖြည်းဖြည်းနဲ့ အခက်အခဲဆိုတာ လွယ်ကူသွားတာပါပဲ

အကျိုးပေး မကောင်းခဲ့တဲ့
ကိုယ့်ဘဝရဲ့ အတိတ်ကို ပြန်တွေးပြီး နာကျည်းမနေနဲ့
လက်ရှိပစ္စုပ္ပန်ကိုလည်း ဆင်းရဲတယ်ဆိုပြီး
ကိုယ့်ဘဝကို မကျေမနပ် ဖြစ်မနေပါနဲ့
ကိုယ့်ဘဝကို အားငယ်ပြီး အနာဂတ်အတွက်
ကြိုတင်ပြီး ကြောက်ရွံ့ စိုးရိမ်မနေပါနဲ့

ကိုယ့်ဘဝရဲ့ ကယ်တင်ရှင်ဟာ ကိုယ်တိုင်ပါပဲ
စိတ်ဓာတ်မကျပါနဲ့ ဘဝရှိရင် ဒုက္ခဆိုတာ ရှိပြီးသားပါ
ဘဝအကြောင်းကို သင်ယူရင်းနဲ့တည်ဆောက်
လေ့လာရင်းနဲ့ မှတ်သားထား လျှောက်လှမ်းရင်းနဲ့
လေ့လာပါ လောကဓံအတွေ့အကြုံဆိုတာ
တစ်နေ့တော့ ကိုယ့်အတွက်
အထောက်အကူ ဖြစ်လာဦးမှာပါ…?

သာယာချမ်းမြေ့ကြပါစေ
#Aung Myat Zaw
ကျောက်ဆည်